Friday, March 31, 2017

အမျိုးသားကျန်းမာရေးစီမံကိန်း (၂၀၁၇-၂၀၂၁) စတင်ဆောင်ရွက်မှု အသိပေးခြင်းအခမ်းအနားကျင်းပ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် တက်ရောက်အမှာစကားပြောကြား

နေပြည်တော် မတ် ၃၁
အမျိုးသားကျန်းမာရေးစီမံကိန်း (၂၀၁၇-၂၀၂၁) စတင်ဆောင်ရွက်မှု အသိပေးခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂) (MICC-2) ၌ ကျင်းပရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်အမှာစကားပြောကြားသည်။

မောင်တောဒေသစုံစမ်းစစ်ဆေးရေး ကော်မရှင်အစည်းအဝေး (၇/၂၀၁၇) ကျင်းပ

နေပြည်တော် မတ် ၃၁
မောင်တောဒေသ စုံစမ်းစစ်ဆေးရေးကော်မရှင် အစည်းအဝေး (၇/၂၀၁၇) ကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ရုံးအမှတ်(၁၈)၊ နိုင်ငံတော်သမ္မတရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဓာတုပိုးသတ်ဆေးများ အလွန်အကျွံသုံးစွဲလာမှုကြောင့် လူသားတို့၏ ကျန်းမာရေး၊ ပတ်ဝန်းကျင်ဂေဟစနစ်ပျက်စီးလာ

နေပြည်တော် မတ် ၃၁
စိုက်ပျိုးရေးသီးနှံထွက်ကုန်များ အရည်အသွေး ပြည့်ဝရေး၊ ဈေးကွက်ရရှိရေး၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေး နှင့် စားသုံးသူ ဘေးအန္တရာယ်ကင်းရှင်းရေး လုပ်ငန်းများ ဆောင်ရွက်နေသကဲ့သို့ ဈေးကွက်ထဲတွင် တရားမဝင် ပိုးသတ် ဆေးများ တင်သွင်းဖြန့်ဖြူးခြင်းများအပေါ် ကြပ်မတ်ဆောင်ရွက်လျက်ရှိရာ သက်ဆိုင်သူအားလုံး ပူးပေါင်းပါဝင်ကြိုးပမ်း ကြစေလိုကြောင်းဖြင့် မတ် ၃၁ ရက် နံနက် (၈) က စိုက်ပျိုးရေး တက္ကသိုလ် စုဝေးခန်းမဆောင်၌ ကျင်းပသည့် ပိုးသတ်ဆေးများ၏ အကျိုးသက်ရောက်မှုနှင့် ဇီဝမျိုးစုံမျိုးကွဲနှင့် ဂေဟစနစ်များဆိုင်ရာ နိုင်ငံတကာသိပ္ပံစာတမ်းဖတ်ပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြောကြားသည်။

အမှတ်(၃၆) အကြီးစားစက်ရုံ (ကျောက်ဆည်) နှစ်ရှည်ငှားရမ်းရေး စာချုပ်လက်မှတ်ရေးထိုး

နေပြည်တော်၊ မတ် ၃၁
စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုသည် POSCO DAEWOO Myanmar Corporation Ltd. မှ Managing Director ဖြစ်သူ Mr. WonYooJoon ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၈ နာရီတွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမဆောင်၌ တွေ့ဆုံခဲ့သည်။ယင်းနောက် နံနက် ၁၁ နာရီတွင် အမှတ် (၃၆) အကြီးစား စက်ရုံ (ကျောက်ဆည်)အား နှစ်ရှည်ငှားရမ်းရေးစာချုပ် လက်မှတ် ရေးထိုးပွဲ အခမ်းအနားကျင်းပသည်။

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြား

နေပြည်တော် မတ် ၃၁
မြေသိမ်းဆည်းခံရမှုကြောင့် နစ်နာသူပြည်သူများ၏ ရေရှည်ဘ၀ ရပ်တည်နိုင်ရေး အတွက် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီအဆင့်ဆင့်အနေဖြင့် အလေးထားဆောင်ရွက်သွားရန် လိုအပ် ကြောင်း လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောကြားလိုက်သည်။

ဒေသထွက် ရာသီပေါ် ခရမ်းချဉ်သီးများ ထွက်နှုန်းကောင်းသောလည်း ဈေးကောင်းမရ


ပွင့်ဖြူ       မတ်      ၃၁
ပွင့်ဖြူမြို့နယ်၊ မုန်းချောင်းကမ်းပါးဝန်ကျင်အနီးရှိကျေးရွာအများစုသည် ဒေသထွက် ရာသီပေါ်သီးနှံများကို ကိုင်းမြေနုများတွင် စိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ စင်တင် ခရမ်းချဉ်ပင်များကို အများစုစိုက်ပျိုးလုပ်ကိုင်လျက်ရှိကြသည်။ စင်တင် ခရမ်းချဉ်ခင်း တစ်ဧကကို (၃)ရက် တစ်ကြိမ် ဆွတ်ခူးကြပြီး၊ တစ်ကြိမ်ဆွတ်ခူးလျင် (၃၀)ပိဿာမှ (၅၀)ပိဿာကျော်ထိ ထွက်ရှိသည်။ခရမ်းချဉ်ပင် ပျိုးထောင်စရိတ်၊

One year journey to a democratic nation



March 30, 2017
I t has been one year since the National League for Democracy was able to form a civilian government with the slogan “Time for change” and a steadfast support from the people. In accord with democratic customs it is customary to promulgate 100-days and one year reviews of the workings of the elected government.

One-year journey of Rakhine State Government



March 30, 2017

A draft for Rakhine State Development Plans has been jointly made by UN agencies, international organizations, local and foreign experts including Rakhine State government.

TOGETHER WITH THE PEOPLE-State Counsellor: thanks to people



March 30, 2017
State Counsellor Daw Aung San Suu Kyi expressed thanks to the people for their understanding of the incumbent government, pledging that the one-year-old administration would continue to march on the road to establishing a federal union with eternal peace and introducing a new motto: “Together with the people”.

Ministry of the Office of the State Counsellor- Press Release



 March 30, 2017

Republic of the Union of Myanmar

Ministry of the Office of the State Counsellor

Press Release

(3rd Waxing of Tagu 1378 ME)

(30th March 2017)

Maungtaw women alleging rape interviewed by journalists



March 30, 2017
Foreign and local journalists who are being allowed to independently report the news from Maungtaw have interviewed three women who claim they were raped three months ago by security forces.

Tarred road commissioned into service in Thongwa Township



March 30, 2017
A ceremony to open a new tarred road was held in Thongwa Township, Yangon Region yesterday morning.

Man missing in Maungtaw Township



March 30, 2017
A resident of Ywatnyo Taung Village, Maungtaw Township has been reported missing after he did not return from a trip to a nearby village.

Over 100 died in Malaysian detention camps, half from Myanmar



March 30, 2017
KUALA LUMPUR — More than one hundred foreigners died in the past two years in Malaysia's immigration detention centres from various diseases and unknown causes, most of them from Myanmar, according to documents from the government–funded National Human Rights Commission reviewed by Reuters.

Vice President addresses Medium-term Programme (MTP) ceremony on the development of trade sector



March 30, 2017
Vice President U Myint Swe addressed the gathering at a ceremony releasing the report on medium-term programme (MTP) on development of the trade sector held at the Hilton Hotel in Nay Pyi Taw yesterday.

Maj-Gen James Hartsell congratulates Myanmar on government transition



March 30, 2017

A workshop on Media Relations during Crisis and Conflicts took place at the Thingaha Hotel in Nay Pyi Taw yesterday with an address by National Security Advisor U Thaung Tun.

The Second Thai-Myanmar Friendship Bridge opens traffic to Vietnam, Laos and Thailand



March 30, 2017

The Final Casting Ceremony for the Second Thai-Myanmar Friendship Bridge was held at temporary briefing hall in Myawady, Kayin State on 30 March morning.

About 400 vehicles insured daily in Mandalay Region



March 30, 2017
An average of about 400 vehicles are insured daily at Myanma Insurance in Mandalay Region, according to the insurance company.

Performances in One- Year Period




March 30, 2017

MOFA- defending the interests of the nation and its people on the front lines of the international arena

Article – Khin Yadana Photo – May Oo Moe – MOI

This period marks the auspicious 70th Anniversary of the founding of the Ministry of Foreign Affairs (MOFA) on 17th March 1947, as well as the one year in office of the new Government.

One tank of water sells between Ks20,000 and Ks40,000 in Haka



March 30, 2017

Due to the water shortage in Haka, one tank of water is selling for between Ks20,000 and Ks40,000, depending on the location.

Volume of waste water declined during 18-month period



March 30, 2017

The volume of waste water declined from 54 per cent to 14 per cent during the past 18 months of projects implemented in South Okkalapa and Insein townships, Yangon region by Manila Water Mitsubishi Consortium, according to the consortium.

Yaba pills seized in Taunggyi


March 30, 2017
An anti-narcotics squad from Taunggyi seized 230,000 yaba pills at Doe Nyi Naung passenger gate on Myakantha street in Taunggyi on Wednesday.

Wednesday, March 29, 2017

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော်အစိုးရ တာဝန်ယူမှု တစ်နှစ်ပြည့် အထိမ်းအမှတ် မိန့်ခွန်းပြောကြားမည်


ချင်းပြည်နယ် အစိုးရအဖွဲ့၏ တစ်နှစ်တာ



မောင်ချင်းဆွေ
ချင်းပြည်နယ်သည် မြန်မာနိုင်ငံ၏ အနောက်ဘက်ဒေသ ဖြစ်သည်။ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေး တိုင်းဒေသကြီး၏ အနောက်ဘက်၊ ရခိုင်ပြည်နယ်၏ မြောက်ပိုင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အရှေ့ဘက်၊ အိန္ဒိယ နိုင်ငံ၏ အနောက်မြောက်ဘက်၊ မီဇိုရမ်ပြည်နယ်၏ အရှေ့ဘက်တွင် တည်ရှိသည်။ တောင်စွယ်တောင်တန်းများဖြင့် ဖွဲ့စည်းထားသည့် အဆိုပါဒေသသည် ချင်းလူမျိုးများ၏ ဌာနေ ချင်းတောင်ပင်ဖြစ်သည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ တစ်နှစ်တာ အတွင်း ပြု ပြင်ပြောင်းလဲရေး ဆောင်ရွက်ခဲ့မှုများ



တွေ့ဆုံမေးမြန်း - သွန်းဝဿန်
ဓာတ်ပုံ - မေဦးမိုး၊ လျှပ်စစ်နှင့် စွမ်းအင်
ပြည်သူများ၏ လူနေမှုအဆင့်အတန်းနှင့် အခြားသော ကဏ္ဍပေါင်းများစွာကို ပြောင်းလဲပေးနိုင်သည့် လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍဆိုင်ရာ တစ်နှစ်တာ ကာလအတွင်း ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်နိုင်ခဲ့မှုများကို သိရှိနိုင်ရန် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်းအား သွားရောက် တွေ့ဆုံမေးမြန်းခဲ့ပါသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကချင်လူထု အဖွဲ့အစည်း ခေါင်းဆောင်များနှင့် တွေ့ဆုံ တိုက်ပွဲရှောင် စခန်းများ သွားရောက် ကြည့်ရှု အားပေး



နေပြည်တော် မတ် ၂၈
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အဖွဲ့ဝင်များနှင့်အတူ ယနေ့တွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ သွားရောက်ပြီး မြစ်ကြီးနားမြို့ရှိ ကချင် လူထုအဖွဲ့အစည်းခေါင်းဆောင်များ၊ ငြိမ်းချမ်းရေး ဆွေးနွေးရေး အကျိုးဆောင် အဖွဲ့တို့နှင့် သီးခြားစီတွေ့ဆုံပြီး ခတ်ချိုတိုက်ပွဲရှောင်စခန်း၊ KBC မိုင်းနား တိုက်ပွဲ ရှောင်စခန်း၊ လန်ဆယ်ရေဘေးကယ်ဆယ်ရေးစခန်းနှင့် ပြည်လုံးချမ်းသာပရဟိတ ဂေဟာ တို့ကို သွားရောက်ကြည့်ရှုအား ပေးသည်။

Tuesday, March 28, 2017

အမျိုးသား လွှတ်တော် ဒုဥက္ကဋ္ဌ ဦးအေးသာအောင် မြေပုံမြို့နယ် ဆေးရုံ ၂၅ ကုတင်မှ ကုတင် (၅၀) ဆံ့ဆေးရုံ အဆင့် မြှင့်တင်ရေးနှင့် မင်းပြား- မြေပုံ ဆက်သွယ်နိုင်မည့် ကြပ်စင်တံတား တည်ဆောက်ရေး သွားရောက် စစ်ဆေး



နေပြည်တော် မတ် ၂၈
အမျိုးသား လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်သည် မတ် ၂၇ ရက် နံနက် ပိုင်းတွင် အမျိုးသား လွှတ်တော်ရုံးမှ တာဝန်ရှိသူများ၊ မြို့နယ် အုပ်ချုပ်ရေးမှူး တို့နှင့်အတူ ရခိုင်ပြည်နယ် ‌မြေပုံမြို့နယ်ရှိ မြို့ပေါ် ဘုန်းကြီးကျောင်းများ၊ ပရိယတ္တိစာ သင်တိုက်များသို့ သွားရောက်၍ ဆရာတော် အရှင်သူမြတ်များအား ဖူးမြော် ကန်တော့ပြီး သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုငွေများ ဆက်ကပ် လှူဒါန်းသည်။

ဆေးလူမှု ဆက်ဆံရေး လုပ်ငန်း နှစ် (၆၀)ပြည့် အထိမ်းအမှတ် အခမ်းအနား ကျင်းပ



နေပြည်တော် မတ် ၂၈
ဆေးလူမှု ဆက်ဆံရေး၏ အရေးပါမှုကို ပြည်သူများ သိရှိကြရန်လည်း အရေးကြီးပါကြောင်း၊ ဆေးလူမှု ဆက်ဆံရေး အနေဖြင့် လူနာများကို မိမိတို့ မိသားစုသဖွယ် သဘောထား ဆက်ဆံ လမ်းညွှန်ပေးရန် လိုအပ်ကြောင်း၊ သို့မှသာ လူနာများ အနေဖြင့် ဆေးရုံ တက်ရောက်ရာတွင် လည်းကောင်း၊ ဆေးကုသမှု ခံယူစဉ်နှင့် ဆေးရုံဆင်းချိန် တို့တွင်လည်း စိတ်ကျေနပ် နှစ်သက်မှု ရရှိမည် ဖြစ်ပါကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ကပြောကြားသည်။

ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း ပြည်ပဧည့်များ သီးခြားစီတွေ့ဆုံ



နေပြည်တော် မတ် ၂၈
သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းအား အာရှနှင့် ပစိဖိတ် ဒေသဆိုင်ရာ သစ်တောများ ထာဝစဉ် တည်တံ့ရေး အုပ်ချုပ် လုပ်ကိုင်မှုနှင့် ပြန်လည် ထူထောင်ရေး ကွန်ရက်အဖွဲ့ (Asia-Pacific Forestry Network for Sustainable Forest Management and Rehabilitation - APFNet) မှ ဥက္ကဋ္ဌ ဖြစ်သူ Mr. Zhao Shucong နှင့်အဖွဲ့သည် ယနေ့ နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စု ဝန်ကြီးရုံး ဧည့်ခန်းမ၌ လာရောက် တွေ့ဆုံသည်။

စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့် သြစတြီးယားနိုင်ငံ သံအမတ်ကြီးနှင့် အဖွဲ့အား တွေ့ဆုံ



နေပြည်တော်၊ မတ် ၂၈
စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်သည် သြစတြီးယား သံအမတ်ကြီး H.E. Dr.Enno Drofenik နှင့် အဖွဲ့အား မတ် ၂၈ ရက် မွန်းလွဲ ၂ နာရီတွင် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ဝန်ကြီးရုံး ဧည့်ခန်းမ (၁) ၌ တွေ့ဆုံသည်။

စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုအား Austria နိုင်ငံ၊ သံအမတ်ကြီး H.E. Dr. Enno Drofenik နှင့်အဖွဲ့မှ လာရောက် တွေ့ဆုံ



နေပြည်တော်၊ မတ် (၂၈)
စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုအား Austria နိုင်ငံ၊ သံအမတ်ကြီး H.E. Dr. Enno Drofenik နှင့် အဖွဲ့သည် ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမဆောင်၌ လာရောက် တွေ့ဆုံသည်။

အာရှလူငယ် အမျိုးသား ဘော်လီဘော ပြိုင်ပွဲနှင့် စပ်လျဉ်းသည့် သတင်းစာ ရှင်းလင်းပွဲ ကျင်းပ



နေပြည်တော် မတ် ၂၈
မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံ ကျင်းပနေသည့် (၁၁) ကြိမ်မြောက် အသက် (၁၉) နှစ်အောက် အာရှလူငယ် အမျိုးသား ဘော်လီဘော ပြိုင်ပွဲနှင့် စပ်လျဉ်းသည့် သတင်းစာ ရှင်းလင်းပွဲကို ယနေ့မွန်းလွဲ (၁)နာရီခွဲတွင် နေပြည်တော် ၀ဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ ဘောလီဘော အားကစားရုံ၌ ကျင်းပသည်။

တတိယအကြိမ် Myanmar- Japan Joint Initiative (Phase II) အစည်းအဝေး ကျင်ပ



နေပြည်တော် မတ် ၂၈
မြန်မာနိုင်ငံ၏ လူမှုရေးနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်စေရေး အတွက် ဂျပန်နိုင်ငံမှ ပုဂ္ဂလိက ကုမ္ပဏီများ မြန်မာနိုင်ငံတွင် လာရောက်၍ ပိုမို ရင်းနှီး မြှုပ်နှံလာစေရန် ရည်ရွယ်၍ တတိယအကြိမ် Myanmar- Japan Joint Initiative (Phase II) အစည်းအဝေးကို စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဝင်း နှင့် ဂျပန်သံအမတ်ကြီး Mr. Tateshi HIGUCHI တို့  ဦးဆောင် ၍ ယနေ့နံနက် ၉ နာရီခွဲတွင် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

Sunday, March 26, 2017

ဒုတိယသမ္မတ ဦးမြင့်ဆွေ စန်းယမြို့ရှိ နန်ရှန်ဘုရားကျောင်းအားကြည့်ရှုလေ့လာ


နေပြည်တော် မတ် ၂၆
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဘိုအောမြို့၌ ရောက်ရှိနေသည့် ဒုတိယသမ္မတ ဦးမြင့်ဆွေ သည် ယနေ့နံနက်ပိုင်းတွင် ဘိုအောမြို့မှ စန်းယမြို့သို့ မော်တော်ယာဉ်များဖြင့် ပြန်လည်ထွက် ခွာကြပြီး ဒေသစံတော်ချိန် နံနက် ၁၀ နာရီတွင် စန်းယမြို့ နန်ရှန်ဘုရားကျောင်းသို့ ရောက်ရှိ ကြသည်။

One-year journey of Ministry of Transport and Communications


March 25, 2017
The transport sector needs to be upgraded to be on a par with the characteristics of urban life as all the people for various reasons are relying on land, water or air routes in their daily life.

Ministry of Information to Perform the Tasks of Developing Literary World and Sharing News & Information

March 25, 2017
So as to be well convinced of the performances for reforms of the Ministry of Information during one-year period when the new government took office, an interview was made with Dr Pe Myint, Union Minister for Information.

New Bridge to promote socio-economy of Rakhine people


March 25, 2017
A 960-foot long bridge over the Panzin Creek linking Buthidaung and Yathedaung townships in Rakhine State was inaugurated yesterday, becoming one of the infrastructure development tasks implemented in Rakhine State by the new government during its first year in office.

Saturday, March 25, 2017

နိုင်ငံတကာ အချက်အလက်ရှာဖွေဖော်ထုတ်ရေးအဖွဲ့ တစ်ဖွဲ့စေလွှတ်ရန် တောင်းဆိုသည့် လူ့အခွင့်အရေး ကောင်စီ၏ ဆုံးဖြတ်ချက်အား မြန်မာနိုင်ငံက သဘောတူလက်ခံခြင်းမရှိ

 သတင်းထုတ်ပြန်ချက်
ဂျီနီဗာမြို့တွင် ၂၄-၃-၂ဝ၁၇ ရက်နေ့က ပြုလုပ်သည့် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ၏ (၃၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၌ ဥရောပသမဂ္ဂမှ တင်သွင်းသည့် မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ဆုံးဖြတ်ချက်ကို မဲမခွဲဘဲ ဆုံးဖြတ်အတည်ပြု လိုက်ပါသည်။
အဆိုပါဆုံးဖြတ်ချက်တွင် လူ့အခွင့်အရေးကောင်စီမှ မြန်မာနိုင်ငံ၏ နိုင်ငံရေး စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ကောင်းမွန်သောအုပ်ချုပ်မှုစနစ်နှင့် တရားဥပဒေစိုးမိုးရေး အပြင် လူ့အခွင့်အရေးကာကွယ်မြှင့်တင်ရေးနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြိုဆိုထား ပါသည်။ တစ်ဖက်တွင်လည်း လူ့အခွင့်အရေးကောင်စီအနေဖြင့် လွတ်လပ်သော နိုင်ငံတကာအချက်အလက် ရှာဖွေဖော်ထုတ်ရေး အဖွဲ့တစ်ဖွဲ့ကို စေလွှတ်ရန်လည်း ဆုံးဖြတ်ခဲ့ပါသည်။
မြန်မာနိုင်ငံသည် ရခိုင်ပြည်နယ်၏ နက်နဲရှုပ်ထွေးပြီးစိန်ခေါ်မှုကြီးမားသည့် အခြေအနေကို လက်တွေ့ကျပြီး ရေရှည်တည်တံ့ သည့် ဖြေရှင်းမှုများထွက်ပေါ်လာရေးအတွက် အစွမ်းကုန်ကြိုးပမ်းအားထုတ် လျက်ရှိပါသည်။ နိုင်ငံတော်တာဝန်ကိုယူပြီး ရက် သတ္တပတ်အနည်းငယ်အတွင်း ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုတိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟို ကော်မတီကို ဖွဲ့စည်းတည်ထောင်၍ ရခိုင်ဒေသ တည်ငြိမ်အေးချမ်းမှုတိုးမြှင့်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်လျက် ရှိပါသည်။ ပြဿနာရပ်များကို ရေရှည်တည်တံ့သော အဖြေရရှိရေးအတွက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကိုလည်း ဖွဲ့စည်းတည်ထောင် ခဲ့ပါသည်။
၂ဝ၁၆ ခုနှစ်၊ အောက်တိုဘာလနှင့် နိုဝင်ဘာလအတွင်း ဖြစ်ပွားခဲ့သည့် နယ်ခြား စောင့်ရဲဌာနချုပ်နှင့် ရဲစခန်းများအား လက်နက်ကိုင်တိုက်ခိုက်မှုများနှင့် နောက် ဆက်တွဲပေါ်ထွက်လာသော လူ့အခွင့်အရေးချိုးဖောက်မှုရှိသည်ဆိုသည့် စွပ်စွဲချက် များကို စုံစမ်းစစ်ဆေးရန် ဒုတိယသမ္မတဦးဆောင်သည့် စုံစမ်းစစ်ဆေးရေးကော်မရှင် ကိုလည်း ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။
မြန်မာနိုင်ငံအစိုးရအနေဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုစွပ်စွဲချက်များအား များစွာအလေးအနက်ထား အရေးယူ ဆောင်ရွက်လျက်ရှိပါသည်။ စုံစမ်းစစ်ဆေးရေး ကော်မရှင်အနေဖြင့် လူ့အခွင့်အရေး ချိုးဖောက်မှုခံရသည် ဆိုသည့် ရခိုင်ပြည်နယ်ရှိ ကျေးရွာများသို့ ရက်သတ္တပတ်များစွာ သွားရောက်စိစစ်မှုများပြုလုပ်ခဲ့သည့် အပြင်၊ မကြာသေးမီက ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ခ်ဘဇားသို့သွားရောက်၍ စုံစမ်းမှု များ ပြုလုပ်ခဲ့ပါသည်။ စွပ်စွဲမှုများသည် ခိုင်လုံမှုရှိပါက သက်သေများအား နိုင်ငံတကာ ၏ကာကွယ်စောင့်ရှောက်မှုအစီအစဉ်ဖြင့် မြန်မာနိုင်ငံသို့လာရောက် စေပြီး၊ တရားရုံး များ၌ ဥပဒေနှင့်အညီ အမှုဖွင့် တရားစွဲဆိုနိုင်ရေးကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပါ သည်။
ရခိုင်ပြည်နယ်၏ ပကတိအခြေအနေသည် ထိလွယ်ရှလွယ်ပြီး၊ ဖြေရှင်းရန် စိန်ခေါ်မှုကြီးမားနေဆဲ အခြေအနေ ဖြစ်ပါသည်။ ဤအခြေအနေမျိုးတွင် လွတ်လပ် သော နိုင်ငံတကာအချက်အလက် ရှာဖွေဖော်ထုတ်ရေးအဖွဲ့ ဖွဲ့စည်းခြင်းသည် ပြဿနာဖြေရှင်းရေးအတွက် အထောက်အကူဖြစ်မည်မဟုတ်သည့်အပြင် ပြဿနာ ရပ်ကို ပိုမိုကြီးထွားစေမည်သာ ဖြစ်ပါသည်။ လက်ရှိ မြေပြင်အခြေအနေမှန်များ နှင့် လည်းကောင်း၊ လက်ရှိမြန်မာနိုင်ငံ၏ ပကတိအခြေအနေများနှင့်လည်းကောင်း ကိုက်ညီမှုလည်း မရှိပါ။ ဤသို့သောအခြေအနေများကြောင့် လည်းကောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် အေးချမ်းတည်ငြိမ်ရေးနှင့် ရေရှည်တည်တံ့သောဖြေရှင်း ချက်များရရှိရေးအတွက် အလေးအနက်ထား ကြိုးပမ်းဖြေရှင်းနေခြင်းကြောင့် လည်းကောင်း၊ လူ့အခွင့်အရေးကောင်စီ၌ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ဆုံးဖြတ်ချက်ချမှတ်ရာတွင် ဆုံးဖြတ်ချက်တစ်ခုလုံးကို သဘောတူလက်ခံ ပါဝင် ခြင်းမရှိကြောင်း (Dissociate) ပြုလုပ်ခဲ့ပါသည်။ မြန်မာနိုင်ငံနှင့်အတူ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံအပါအဝင် လူ့အခွင့်အရေးကောင်စီ အဖွဲ့ဝင်နိုင်ငံများမှလည်း ဆုံးဖြတ်ချက်အား သဘောတူလက်ခံပါဝင်ခြင်းမရှိကြောင်း ထုတ်ဖော်ကြေညာခြင်း၊ အဆိုပါ နိုင်ငံတကာအချက်အလက် ရှာဖွေဖော်ထုတ်ရေးအဖွဲ့ စေလွှတ်ခြင်းကို လက်မခံကြောင်း ထုတ်ဖော်ပြောကြားခြင်းများ ပြုလုပ်ခဲ့ပါသည်။
မြန်မာနိုင်ငံအစိုးရသည် လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေးကို ကြိုးပမ်း ဆောင်ရွက်သွားရန် ခိုင်မာစွာ သန္နိဋ္ဌာန်ချထားပြီး၊ မြန်မာနိုင်ငံရှိ ပြည်သူများအားလုံး ၏အကျိုးအတွက် လူ့အခွင့်အရေးတိုးမြှင့်ရေးကို တစိုက်မတ်မတ် ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ထို့ကြောင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်မှ သုံးသပ်အကြံပြုချက်အများစုကို အချိန်မဆိုင်းဘဲ ထိရောက်သည့် လုပ်ငန်းအစီအစဉ်များချမှတ်ကာ အကောင်အထည်ဖော်ဆောင်သွားမည်ဖြစ် ပါသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
၂ဝ၁၇ ခုနှစ်၊ မတ်လ ၂၄ ရက်

ဖွံ့ဖြိုးတိုးတက်မှုများစွာဖြင့် မွန်ပြည်နယ်၏ တစ်နှစ်တာ


သတင်းဆောင်းပါး - ခင်ရတနာ
သာယာလှပသည့် အမြဲစိမ်းသစ်တောများရှိရာ၊ အေးချမ်းလှသည့် သဘာဝ စိမ့်စမ်းလျှိုမြောင်နှင့် ထုံးကျောက် လိုဏ်ဂူများရှိရာ၊ သာယာလှပသည့် မြစ်ကမ်းပါးယံ တို့နှင့် အံ့မခန်းကြည်ညိုဖွယ်အတိ ကျိုက်ထီးရိုး ဆံတော် ရှင်မြတ်ရှိရာ မွန်တို့ဌာနေ၏ သာယာလှပမှု၊ ကျက်သရေခမ်းနားမှုတို့ကို အစဉ်အဆက် သမိုင်းဆရာတို့က ညွှန်းဆိုကြသည်။

အဓိကရည်မှန်းချက်သုံးရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်


မင်းမင်းဇော်(သတင်းစဉ်)၊ ဓာတ်ပုံ - စိန်လွင်အောင်
ပြည်သူက တစ်ခဲနက်ရွေးချယ်တင်မြှောက်ခဲ့သော ပြည်သူ့အစိုးရသစ်၏ သက်တမ်းတစ်နှစ်ပြည့်မြောက် ခဲ့ပြီဖြစ် သည်။ တစ်နှစ်တာကာလ အတွင်း နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနယ်ပယ်အသီးသီးတွင် ဖွံ့ ဖြိုးတိုး တက်မှုရရှိစေရန်

Friday, March 24, 2017

ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး စီစဉ်ဆောင်ရွက်မှု စီမံကိန်းဆိုင်ရာများ ဆွေးနွေး


နေပြည်တော် မတ် ၂၄ 
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ သည်  Korea Rural Community Corporation(KRC) မှ ဥက္ကဌ Dr. Chung Seung နှင့်အဖွဲ့အား မတ်(၂၄)ရက်  နံနက်(၁၀)နာရီခွဲ ပြည်ထောင်စုဝန်ကြီး ဧည့်ခန်းမ၌ တွေ့ဆုံသည်။

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန အစည်းအဝေး (၁/၂၀၁၇) ကျင်းပ


နေပြည်တော် မတ် ၂၄
အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန အစည်းအဝေး (၁/၂၀၁၇) ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ် ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ၌ ကျင်းပရာ အမျိုးသား ပြန်လည်သင့်မြတ်ရေး နှင့်ငြိမ်းချမ်းရေးဗဟိုဌာနဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်အမှာ စကား ပြောကြားသည်။

ကျောက်စိမ်း၊ ကျောက်မျက် စုစုပေါင်းအတွဲ ၄၂၆၇ တွဲ ရောင်းချရပြီး မူလကြမ်းခင်းဈေးထက် ၅ ဆကျော်ပိုမိုရရှိ


နေပြည်တော် မတ်  ၂၄
၂၀၁၇ ခုနှစ် ကျောက်မျက်ရိုင်းများနှင့် ကျောက်စိမ်းအသားကျောက်များ မြန်မာ ကျပ်ငွေဖြင့်ရောင်းချပွဲတွင် ကျောက်စိမ်း၊ ကျောက်မျက် စုစုပေါင်းအတွဲ ၄၂၆၇ တွဲ ရောင်းချရပြီး မူလကြမ်းခင်းဈေးထက် ၅ ဆကျော် ပိုမိုရရှိခဲ့ကြောင်း သိရသည်။

ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးအစီရင်ခံစာ (မူကြမ်း) အလုပ်ရုံဆွေးနွေးပွဲကျင်းပ


နေပြည်တော် မတ် ၂၄
Suu Foundation High Level Pannalအဖွဲ့မှ ပြုစုတင်ပြထားသည့် မြန်မာနိုင်ငံတွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး (Road Safety in Myanmar) အစီရင်ခံစာ(မူကြမ်း) အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Hilton Hotel ၌ ကျင်းပသည်။

ဒုတိယသမ္မတ ဦးမြင့်ဆွေ တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် နှင့်တွေ့ဆုံ


စန်းယ မတ် ၂၄
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟိုင်နန်ပြည်နယ် ဘိုအောမြို့၌ ကျင်းပနေသည့် အာရှဒေသ ဆိုင်ရာ ဘိုအောဖိုရမ်သို့ တက်ရောက်ရန် ရောက်ရှိနေသည့် ဒုတိယသမ္မတ ဦးမြင့်ဆွေသည် ယနေ့ညနေပိုင်းတွင် ဘိုအောမြို့ရှိ နိုင်ငံတော်ဧည့်ဂေဟာ အစည်းအဝေးခန်းမ၌ကျင်းပသည့် မြန်မာ - တရုတ် နှစ်နိုင်ငံဆွေးနွေးပွဲသို့ တက်ရောက်သည်။

ဒုတိယသမ္မတ ဦးမြင့်ဆွေ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဘိုအောမြို့သို့ထွက်ခွာ


နေပြည်တော် မတ် ၂၄
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဘိုအောမြို့တွင် ကျင်းပမည့် ၂၀၁၇ခုနှစ် အာရှ ဒေသဆိုင်ရာဘိုအောဖိုရမ်နှစ်ပတ်လည် အစည်းအဝေးသို့ တက်ရောက်ရန်အတွက် ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်း တွင် နေပြည်တော်မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားသည်။

ပုဂ္ဂလိကကဏ္ဍ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍ ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ နှီးနှောဖလှယ်ပွဲ


ရန်ကုန် မတ် ၂၄
ပုဂလိကကဏ္ဍ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရနှင့်ပုဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက် မှုဆိုင်ရာ နှီးနှောဖလှယ်ပွဲကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်တွင် မတ် ၂၃ရက် မှ ၂၄ရက်အထိ ကျင်းပခဲ့ပြီး ပညာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက် အမှာစကား ပြောကြားသည်။

ဒုတိယသမ္မတ ဦးမြင့်ဆွေ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဘိုအောမြို့သို့ ရောက်ရှိ


ဘိုအော မတ် ၂၄
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဘိုအောမြို့တွင် ကျင်းပမည့် ၂၀၁၇ ခုနှစ် အာရှဒေသဆိုင်ရာ ဘိုအောဖိုရမ်နှစ်ပတ်လည် အစည်းအဝေးသို့ တက်ရောက်ရန်အတွက် ဒုတိယသမ္မတ ဦးမြင့်ဆွေ သည် အဖွဲ့ဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်မှ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာရာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဒေါက်တာသန်းမြင့်၊ ဒုတိယ၀န်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးယာယီတာဝန်ခံ Ms.Li Xiaoyan နှင့် တာဝန်ရှိသူများက နေပြည်တော်လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။