Tuesday, March 28, 2017

စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့် သြစတြီးယားနိုင်ငံ သံအမတ်ကြီးနှင့် အဖွဲ့အား တွေ့ဆုံ



နေပြည်တော်၊ မတ် ၂၈
စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်သည် သြစတြီးယား သံအမတ်ကြီး H.E. Dr.Enno Drofenik နှင့် အဖွဲ့အား မတ် ၂၈ ရက် မွန်းလွဲ ၂ နာရီတွင် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ဝန်ကြီးရုံး ဧည့်ခန်းမ (၁) ၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှု အတွက် အဓိက အခန်းကဏ္ဍမှ ပါဝင်သော လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေး အတွက် သက်မွေးပညာရပ် သင်တန်းများ ကူညီ ပံ့ပိုးပေးရေး၊  သွင်းကုန်/ ပို့ကုန် လိုင်စင် ဖြေလျှော့မှုများ ပြုလုပ်၍ ပြည်ပ တိုက်ရိုက် ရင်းနှီး မြှုပ်နှံမှုများ ပိုမို တိုးတက် ဝင်ရောက်လာရေး ဆောင်ရွက်နေမှုများ၊ လယ်ယာ စိုက်ပျိုးရေး ကဏ္ဍနှင့် အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။  (သတင်းစဉ်)

No comments:

Post a Comment