Friday, March 24, 2017

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန အစည်းအဝေး (၁/၂၀၁၇) ကျင်းပ


နေပြည်တော် မတ် ၂၄
အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန အစည်းအဝေး (၁/၂၀၁၇) ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ် ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ၌ ကျင်းပရာ အမျိုးသား ပြန်လည်သင့်မြတ်ရေး နှင့်ငြိမ်းချမ်းရေးဗဟိုဌာနဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်အမှာ စကား ပြောကြားသည်။

အစည်းအဝေးသို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာ တင်မျိုးဝင်း၊ အဖွဲ့ဝင်များဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ နိုင်သက်လွင်၊ ဦးထွန်းထွန်းဦး၊ ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်၊ ဒုတိယ ဗိုလ်ချုပ်ကြီး မင်းနောင်၊ ဦးခွန်မောင်သောင်းနှင့် အတွင်းရေးမှူး ဦးခင်မောင်တင် တို့ တက်ရောက်ကြသည်။
အစည်းအဝေးတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ တင်ပြချက် များ၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံ ဒုတိယ အစည်းအဝေးဆိုင်ရာ ကိစ္စရပ်များ၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ဆိုင်ရာကိစ္စရပ်များ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ ကိစ္စရပ်များအပေါ် ၀ိုင်းဝန်းဆွေးနွေး၍ ဆုံးဖြတ်ကြသည်။
ယင်းနောက် တင်ပြချက်များအပေါ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ညှိနှိုင်း ပေါင်းစပ်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားသည်။
အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန၏ အစည်းအဝေးများ ကို ရက်သတ္တနှစ်ပတ်လျှင် တစ်ကြိမ် ပုံမှန်ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။
(သတင်းစဉ်)

No comments:

Post a Comment