Tuesday, March 28, 2017

စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုအား Austria နိုင်ငံ၊ သံအမတ်ကြီး H.E. Dr. Enno Drofenik နှင့်အဖွဲ့မှ လာရောက် တွေ့ဆုံ



နေပြည်တော်၊ မတ် (၂၈)
စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုအား Austria နိုင်ငံ၊ သံအမတ်ကြီး H.E. Dr. Enno Drofenik နှင့် အဖွဲ့သည် ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမဆောင်၌ လာရောက် တွေ့ဆုံသည်။

တွေ့ဆုံစဉ် Austria နိုင်ငံနှင့် မြန်မာနိုင်ငံတို့ အကြား ချစ်ကြည် ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုတို့ကို မြှင့်တင်နိုင်ရေးအတွက် နှစ်နိုင်ငံ ကုမ္ပဏီများ အကြား ပူးပေါင်း ဆောင်ရွက်နိုင်ရေး၊ စက်မှုဝန်ကြီးဌာန ကြီးကြပ်မှု အောက်ရှိ Industrial Training Center များအား အဆင့်မြှင့်တင်ရေး၊ စက်မှု လုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက်ရေး၊ လယ်ယာ ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး အတွက် စက်မှုကဏ္ဍမှ အထောက်အပံ့ ပေးရမည့် ကိစ္စရပ်များတွင် ပူးပေါင်း ဆောင်ရွက်ရေး၊  Industrial Waste Management,Steel Industry, Renewable Energyစသည့် ကဏ္ဍများနှင့် စက်မှု လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရန် လိုအပ်သည့် ချေးငွေ ရရှိရေးဆိုင်ရာ ကိစ္စရပ် များအား ဆွေးနွေးခဲ့ကြသည်။ (သတင်းစဉ်)

No comments:

Post a Comment