Tuesday, March 28, 2017

အမျိုးသား လွှတ်တော် ဒုဥက္ကဋ္ဌ ဦးအေးသာအောင် မြေပုံမြို့နယ် ဆေးရုံ ၂၅ ကုတင်မှ ကုတင် (၅၀) ဆံ့ဆေးရုံ အဆင့် မြှင့်တင်ရေးနှင့် မင်းပြား- မြေပုံ ဆက်သွယ်နိုင်မည့် ကြပ်စင်တံတား တည်ဆောက်ရေး သွားရောက် စစ်ဆေး



နေပြည်တော် မတ် ၂၈
အမျိုးသား လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်သည် မတ် ၂၇ ရက် နံနက် ပိုင်းတွင် အမျိုးသား လွှတ်တော်ရုံးမှ တာဝန်ရှိသူများ၊ မြို့နယ် အုပ်ချုပ်ရေးမှူး တို့နှင့်အတူ ရခိုင်ပြည်နယ် ‌မြေပုံမြို့နယ်ရှိ မြို့ပေါ် ဘုန်းကြီးကျောင်းများ၊ ပရိယတ္တိစာ သင်တိုက်များသို့ သွားရောက်၍ ဆရာတော် အရှင်သူမြတ်များအား ဖူးမြော် ကန်တော့ပြီး သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုငွေများ ဆက်ကပ် လှူဒါန်းသည်။




ဆက်လက်၍ အမျိုးသား လွှတ်တော် ဒုတိယဥက္ကဋ္ဌသည် နံနက် (၉)နာရီတွင် မြေပုံမြို့နယ်ရှိ ပြည်သူ့ ဆေးရုံ (ကုတင်၂၅ဆံ့) သို့  သွားရောက်၍ ဆေးရုံ တက်ရောက် နေသည့် လူနာခန်းများ၊ သားဖွားခန်းနှင့် ခွဲစိတ်ခန်းများသို့ လိုက်လံ ကြည့်ရှု စစ်ဆေးသည်။ ထို့နောက် မြို့နယ် ပြည်သူ့ဆေးရုံ ဝန်ထမ်းများနှင့် တွေ့ဆုံစဉ် ဆေးရုံတက် ရောက်ရန် လာသည့် လူနာနှင့် မိသားစုဝင်များအား တွေ့ဆုံပြီး၊ (၂၅)ကုတင်ဆံ့ ဆေးရုံမှ ကုတင်(၅၀)ဆံ့ ဆေးရုံ အဆင့်သို့ တိုးမြှင့်ရန် ဝန်ကြီးဌာနမှ ခွင့်ပြုပြီးဖြစ်သဖြင့် အရည်အသွေး ပြည့်မီသော အဆောက်အဦများ ဆောက်ရန် မှာကြားသည်။
ထို့နောက် အမျိုးသား လွှတ်တော် ဒုတိယ ဥက္ကဋ္ဌသည် မွန်းလွဲ(၁)နာရီတွင် မြေပုံမြို့နယ်ခန်းမ၌ မြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲ များနှင့် ဝန်ထမ်းများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ဒေသခံ ပြည်သူများနှင့် တွေ့ဆုံကာ လွှတ်တော် အတွေ့အကြုံများ ရှင်းလင်း‌ ပြောကြားခြင်း၊ ဒေသခံ ပြည်သူများ၏ တင်ပြချက်များကို လက်ခံကြားနာ ဖြေကြားခြင်းများ ဆောင်ရွက်သည်။
ထို့အတူ မတ် ၂၆ ရက်နံနက် ၈ နာရီတွင် အမျိုးသားလွှတ်တော် ဒုတိယ ဥက္ကဋ္ဌသည် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစစ်နိုင်၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ် အုပ်ချုပ်ရေးမှူးများ၊ အမျိုးသား လွှတ်တော်ရုံးမှ တာဝန် ရှိသူများနှင့် အတူ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်တွင် တည်ရှိပြီး၊ မင်းပြားမြို့နယ်နှင့် မြေပုံမြို့နယ်တို့သို့ ဆက်သွယ် သွားလာနိုင်မည့် ကြပ်စင် တံတား (၁၉၂၀ ပေ) တည်ဆောက်ရေး စီမံကိန်းသို့ သွားရောက် ကြည့်ရှု စစ်ဆေးသည်။ တံတား တည်ဆောက်ရေး ရှင်းလင်းဆောင်တွင် တာဝန်ခံ ဒုတိယ ညွှန်ကြားရေးမှူး (မြို့ပြ) ဦးသိန်းနိုင်မှ ရှင်းလင်း တင်ပြခဲ့မှုများနှင့် ပတ်သက်၍ သတ်မှတ် ကာလ အတွင်း အချိန်မီပြီးစီးရေး၊ သတ်မှတ် အရည်အသွေး ပြည့်မီရေးနှင့် တံတား တည်ဆောက်ရေး စီမံကိန်းတွင် ပါဝင်သွားသော တောင်သူများ၏ မြေယာ နစ်နာကြေးများ အမြန် ထုတ်ပေးနိုင်ရေး အတွက် ဆွေးနွေး မှာကြားခဲ့ကြောင်း သတင်း ရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment