Friday, March 24, 2017

ဒုတိယသမ္မတ ဦးမြင့်ဆွေ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဘိုအောမြို့သို့ထွက်ခွာ


နေပြည်တော် မတ် ၂၄
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဘိုအောမြို့တွင် ကျင်းပမည့် ၂၀၁၇ခုနှစ် အာရှ ဒေသဆိုင်ရာဘိုအောဖိုရမ်နှစ်ပတ်လည် အစည်းအဝေးသို့ တက်ရောက်ရန်အတွက် ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်း တွင် နေပြည်တော်မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားသည်။
 ဒုတိယသမ္မတဦးမြင့်ဆွေ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ပြည်ထောင်စု ၀န်ကြီးဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒေါက်တာသန်းမြင့်၊ ဒုတိယ၀န်ကြီး ဗိုလ်ချုပ် သန်းထွဋ်၊ ဦးလှကျော်နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး သံရုံးယာယီတာဝန်ခံ မစ္စလီရှောင်ရန်တို့က နေပြည်တော်လေဆိပ်၌ ပို့ဆောင် နှုတ်ဆက်ကြသည်။
ဒုတိယသမ္မတနှင့်အတူ အဖွဲ့ဝင်များအဖြစ် ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါသွားကြသည်။
(သတင်းစဉ်)

No comments:

Post a Comment