Tuesday, March 28, 2017

တတိယအကြိမ် Myanmar- Japan Joint Initiative (Phase II) အစည်းအဝေး ကျင်ပ



နေပြည်တော် မတ် ၂၈
မြန်မာနိုင်ငံ၏ လူမှုရေးနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်စေရေး အတွက် ဂျပန်နိုင်ငံမှ ပုဂ္ဂလိက ကုမ္ပဏီများ မြန်မာနိုင်ငံတွင် လာရောက်၍ ပိုမို ရင်းနှီး မြှုပ်နှံလာစေရန် ရည်ရွယ်၍ တတိယအကြိမ် Myanmar- Japan Joint Initiative (Phase II) အစည်းအဝေးကို စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဝင်း နှင့် ဂျပန်သံအမတ်ကြီး Mr. Tateshi HIGUCHI တို့  ဦးဆောင် ၍ ယနေ့နံနက် ၉ နာရီခွဲတွင် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်မှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ လုပ်ငန်းအဖွဲ့ (၅)ဖွဲ့မှ အဖွဲ့ဝင်များ၊ ဂျပန်သံရုံး၊ JICA၊ JETRO နှင့် Japan Chamber of Commerce and Industry, Myanmar (JCCM) တို့မှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ဂျပန်စီးပွားရေး လုပ်ငန်းရှင်များ တက်ရောက်သည်။
အစည်းအဝေးတွင် မြန်မာ - ဂျပန် နှစ်နိုင်ငံ အစိုးရ - ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်ရာတွင် ပိုမို ထိရောက်စေရန် အတွက် ဖွဲ့စည်းထားသည့် စက်မှု မူဝါဒဆိုင်ရာ လုပ်ငန်းအဖွဲ့၊ ကုန်သွယ်ရေး မူဝါဒဆိုင်ရာ လုပ်ငန်းအဖွဲ့၊ ဘဏ္ဍာရေး ဆိုင်ရာ လုပ်ငန်းအဖွဲ့၊ အခွန်ကိစ္စ ဆိုင်ရာ လုပ်ငန်းအဖွဲ့နှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး ဆိုင်ရာ လုပ်ငန်းအဖွဲ့တို့မှ သက်ဆိုင်ရာ လုပ်ငန်းအဖွဲ့များ အလိုက် အစည်းအဝေးများ ဆောင်ရွက်ခဲ့ပြီး၊ အဆိုပါ အစည်းအဝေးများတွင် လုပ်ငန်းအဖွဲ့ (၅) ခုမှ ဆွေးနွေးခဲ့သည့် တိုးတက်မှုများ၊ အနာဂတ် ဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဂျပန်ဘက်မှ တင်ပြ ဆွေးနွေးချက်များ အပေါ်  လုပ်ငန်းအဖွဲ့များ အသီးသီးမှ ပြန်လည် ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သတင်း ရရှိသည်။ (သတင်းစဉ်)

No comments:

Post a Comment