Saturday, March 25, 2017

အဓိကရည်မှန်းချက်သုံးရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်


မင်းမင်းဇော်(သတင်းစဉ်)၊ ဓာတ်ပုံ - စိန်လွင်အောင်
ပြည်သူက တစ်ခဲနက်ရွေးချယ်တင်မြှောက်ခဲ့သော ပြည်သူ့အစိုးရသစ်၏ သက်တမ်းတစ်နှစ်ပြည့်မြောက် ခဲ့ပြီဖြစ် သည်။ တစ်နှစ်တာကာလ အတွင်း နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနယ်ပယ်အသီးသီးတွင် ဖွံ့ ဖြိုးတိုး တက်မှုရရှိစေရန်
ပြုပြင်ပြောင်းလဲမှုများပြုလုပ်ကာ နိုင်ငံတည်ဆောက်ရေးလုပ်ငန်းများကို အားကြိုးမာန်တက် ဆောင်ရွက်ခဲ့သည့် ပြည်သူ့အစိုးရ၏ ပြည်သူ့အတွက် ကြိုးပမ်းဆောင်ရွက်မှုများမှာ အားလုံးကောင်းမွန်အောင် မြင်ပါသည်ဟူ၍ မဆိုနိုင်သေးသည့်တိုင် သိသာထင်ရှားစွာမြင်တွေ့နိုင်သည့် အောင်မြင်မှုများ၊ မမြင် တွေ့နိုင်သည့် အောင်မြင်မှုများ၊ စိန်ခေါ်မှုများနှင့် ရုန်းကန်နေရဆဲလုပ်ငန်းစဉ်များဟူ၍ တွေ့ရမည်ဖြစ်သည်။ နိုင်ငံတော်အစိုးရ၏ ပထမ တစ်နှစ်တာကာလအတွင်း ပြည်သူများအတွက် ကြိုးပမ်းဆောင်ရွက်မှုများကို ဝန်ကြီးဌာနများ၊ ပြည်ထောင် စုအဆင့်အဖွဲ့အစည်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် မှတ်တမ်းပြုတင်ပြအပ်ပါကြောင်း။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေသစ်ကို ၂၀၁၃ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် သီးခြားလွတ်လပ်သော အဖွဲ့အစည်းတစ်ရပ်အဖြစ် ရပ်တည် ခဲ့သည်။
ငွေကြေးတည်ငြိမ်ရေး (Monetary Stability)၊ ငွေရေး ကြေးရေးစနစ်တည်ငြိမ်ရေး(Financial System Stability)၊ ငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုစနစ်များ ဖွံ့ ဖြိုးတိုးတက်ရေး ((Payments and Settlement System Development) ဟူသည့် ဗဟိုဘဏ်၏ အဓိကရည်မှန်းချက် သုံးရပ်ကို အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
ငွေကြေးမူဝါဒ
ဗဟိုဘဏ်သည် ငွေကြေးမူဝါဒကို အကောင်အထည်ဖော် ရာ၌ ငွေကြေးမူဝါဒနည်းလမ်းများဖြစ်သည့် အတိုးနှုန်းမူဝါဒ ချမှတ်ဆောင်ရွက်ခြင်း၊ အနည်းဆုံး သီးသန့်ငွေလိုအပ်ချက် သတ်မှတ်ခြင်း၊ ငွေလဲလှယ်နှုန်းမူဝါဒကို ချမှတ် ဆောင်ရွက်ခြင်းနှင့် လွတ်လပ်သောဈေးကွက် ဆိုင်ရာ လုပ်ဆောင်ချက်များကို အကောင် အထည်ဖော် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
“ဗဟိုဘဏ်ဟာ ငွေကြေး တည်ငြိမ်ရေးမှာအဓိက ဖြစ် တဲ့ငွေကြေး ဖောင်းပွမှုနှုန်း ထိန်းသိမ်းရေး တစ် နည်းအားဖြင့် ဈေး နှုန်းများ တည် ငြိမ်စွာစီးပွား ရေး တိုးတက်မှုရရှိစေ ရေးအတွက် ငွေကြေး ပမာဏ ကို ရည်မှန်းချက်ထားရှိတဲ့ Reserve Money Targeting နည်းလမ်းနဲ့ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ်။ အဲဒီလို ဆောင်ရွက် ရာမှာ ကာလလတ်မှာ ငွေဖောင်းပွမှု နှုန်းကိုပျမ်းမျှ ၇ ရာခိုင်နှုန်းလျာထားပြီး လုပ်ငန်းရည်မှန်းချက် ဖြစ်တဲ့ သီးသန့်ငွေတိုးတက်မှုကို ၁၃ ရာခိုင်နှုန်းနဲ့ ကြားခံရည်မှန်း ချက်ဖြစ်တဲ့ ငွေကြေးပမာဏတိုးတက်မှုနှုန်းကို ၂၄ ရာခိုင်နှုန်း သာရှိစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။
“စီးပွားရေးစနစ်ရှိ ငွေကြေးပမာဏ တိုးတက်မှုနှုန်းဟာ ရည်မှန်းချက်ထက် ကျော်လွန်နေမယ်ဆိုရင် အပ်ငွေလေလံ (Deposit Auction) ခေါ်ယူပြီး ပိုလျှံတဲ့ ငွေကြေးပမာဏတွေ ကို နုတ်သိမ်းရပါတယ်။ အပ်ငွေလေလံခေါ်ယူခြင်းကို ၂၀၁၂ခုနှစ်မှာ စတင်ဆောင်ရွက်ခဲ့ပြီး ယခုအစိုးရသစ်ရဲ့ ပထမတစ်နှစ်တာ ကာလဖြစ်တဲ့ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း အပ်ငွေလေလံ အကြိမ် ၂၀ ခေါ်ယူခဲ့ ပါတယ်။ တစ်ကြိမ် ပျမ်းမျှ ကျပ် ၃၃၃ ဘီလီယံကျပ်နဲ့ ဈေးကွက်အတွင်းမှ ပိုလျှံငွေကြေးကို နုတ်သိမ်းနိုင်ခဲ့ပါတယ်။
လေလံအပ်ငွေအပေါ်ပေးတဲ့ အတိုးနှုန်းကို ကန့်သတ်ချက်ထားရှိ မှုမပြုဘဲ ဈေးကွက်ပေါ်အခြေခံတဲ့အတိုးနှုန်း အကြမ်းအားဖြင့် ၅ ဒသမ ၅ ရာခိုင်နှုန်း ကနေ ၇ ဒသမ ၄ ရာခိုင်နှုန်း အတွင်းရှိပါတယ်။ အပ်ငွေသက်တမ်းကို (၂)ပတ်၊ (၄)ပတ်နဲ့ (၁၂)ပတ် ခေါ်ယူလျက်ရှိပါတယ်။ အခု အပ်ငွေလေလံစနစ်ကို CBM-Net အကို အသုံးပြုပြီး On-line နဲ့ ဆောင်ရွက်နေပြီဖြစ်ပါတယ်။
အတိုးနှုန်းဆိုင်ရာ ဖြေလျှော့
“အများပြည်သူစုဆောင်းမှုနှုန်းတိုးမြှင့်လာစေဖို့၊ ငွေကြေး ဖောင်းပွမှုနှုန်းကို ကာမိစေမယ့်အတိုးနှုန်းရှိစေဖို့နဲ့ ရင်းနှီးမြှုပ်နှံ သူတွေအတွက်လည်း သက်သာတဲ့ အတိုးနှုန်းဖြစ်စေဖို့ စီမံ ဆောင်ရွက်လျက်ရှိပါတယ်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေနဲ့ အတိုးနှုန်းကို မူဝါဒဆိုင်ရာအဖြစ် သတ်မှတ်ပေးခြင်း အစား ဈေးကွက်ကို ထင်ဟပ်စေမယ့် အတိုးနှုန်းဖြစ်စေဖို့အတွက် အတိုး နှုန်းဆိုင်ရာ ဖြေလျှော့မှုတွေကို စီစဉ်ဆောင်ရွက် ပေးလျက်ရှိပါတယ်။
“ဘဏ်တွေရဲ့ အနည်းဆုံးသီးသန့်ငွေ လိုအပ်ချက်ထားရှိ မှုတွေကို ငွေကြေးမူဝါဒနည်းလမ်းတစ်ရပ်အဖြစ် ထိရောက်စွာ အသုံးပြုနိုင်ဖို့နဲ့ ရိုးရှင်းလွယ်ကူစေဖို့ အများပြည်သူအပ်နှံငွေ စုစုပေါင်းရဲ့ ၅ ရာခိုင်နှုန်းကို ပြင်ဆင်သတ်မှတ်ခဲ့ ပါတယ်” ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်က ပြောသည်။
ငွေကြေးဖောင်းပွမှုကို ဖြစ်ပေါ်စေနိုင်သည့် ဘတ်ဂျက်လိုငွေ များအတွက် အစိုးရငွေချေးသက်သေခံ လက်မှတ်များနှင့် အစိုးရ ငွေတိုက်စာချုပ်များကို အစိုးရကိုယ်စားရောင်းချပေးခဲ့ကြောင်း ဗဟိုဘဏ် ဥက္ကဋ္ဌက ဆိုသည်။
ဈေးပြိုင်စနစ်နှင့် ရောင်းချ
“ငွေကြေးဖောင်းပွမှုကို ဖြစ်ပေါ်စေနိုင်တဲ့ နိုင်ငံတော်ရဲ့ ဘတ်ဂျက်လိုငွေအတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဖြည့် ဆည်းပေးရခြင်းကို လျှော့ချနိုင်ဖို့နဲ့ ထိရောက်တဲ့ အစိုးရကြွေးမြီ စီမံခန့်ခွဲမှုဖြစ်ပေါ်စေဖို့အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဟာ စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးဌာနကိုယ်စားဘဏ်တွေနဲ့ ငွေရေး ကြေးရေးအဖွဲ့ အစည်းတွေကို ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၂၈ ရက်က စတင်ပြီး အစိုးရငွေတိုက်လက်မှတ်တွေကို ဈေးပြိုင်စနစ်နဲ့ ရောင်းချခြင်းကို စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၁၆ခုနှစ် စက်တင်ဘာ ၂၀ ရက်က စလို့ အစိုးရငွေတိုက်စာချုပ်ကို ဈေးပြိုင်စနစ်နဲ့ ရောင်းချခြင်းကို စတင်ခဲ့ပါတယ်။
“၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း အစိုးရငွေတိုက်စာချုပ် ပမာဏကျပ် ကျပ် ၁၁၈၁ ဘီလီယံကို ရောင်းချခဲ့ပြီး အစိုးရငွေတိုက် လက်မှတ်ကိုလည်း ပမာဏကျပ် ကျပ် ၃၀၃၂ ဘီလီယံ ရောင်းချနိုင်ခဲ့ပါ တယ်၊ အစိုးရငွေတိုက်လက်မှတ်တွေရဲ့ သက်တမ်းက (၃)လ၊ (၆)လ နဲ့ (၁)နှစ်ဖြစ်ပြီး ဈေးကွက်အတိုးနှုန်းက အကြမ်းအားဖြင့် ၇ ရာခိုင်နှုန်းကနေ ကိုးရာခိုင်နှုန်းအတွင်းရှိပါတယ်။ အစိုးရငွေ တိုက်စာချုပ်ရဲ့ သက်တမ်းက နှစ်နှစ်နဲ့ သုံးနှစ် ဖြစ်ပြီး ဈေးကွက် အတိုးနှုန်းက အကြမ်းအားဖြင့် ၈ ဒသမ ၆ ရာခိုင်နှုန်းကနေ ၉ ဒသမ ၆ ရာခိုင်နှုန်း အတွင်း ရှိပါတယ်”ဟု ဦးကျော်ကျော်မောင် က ပြောသည်။
ရွေးချယ်ဖွင့်လှစ်ခွင့်ပြု
ဗဟိုဘဏ်အနေဖြင့် ပွင့်လင်းမြင်သာသည့် တင်ဒါပုံစံဖြင့် မြန်မာနိုင်ငံတွင် နိုင်ငံခြားဘဏ်ခွဲများကို ရွေးချယ်ဖွင့်လှစ် ခွင့်ပြုခဲ့ပြီး Mobile Banking, Mobile Financial Services နှင့် Mobile Network Operators များ အပါအဝင် Financial Inclusion တိုးတက်ဖွံ့ ဖြိုးရေးအတွက် ဆောင်ရွက်နိုင်ခဲ့သည်။
“နိုင်ငံခြားဘဏ်ခွဲတွေကို မြန်မာနိုင်ငံမှာ ဖွင့်ခွင့်ပေးဖို့ အတွက် ပွင့်လင်းမြင်သာတဲ့ တင်ဒါပုံစံနဲ့ ရွေးချယ်မှုကို ၂၀၁၄ ခုနှစ် အောက်တိုဘာ ၁ ရက်မှာ တစ်ကြိမ်၊ ၂၀၁၆ ခုနှစ် မတ် ၄ ရက်မှာ တစ်ကြိမ်ပြုလုပ်ခဲ့ပါတယ်၊ အဲဒီရွေးချယ်မှုအရ နိုင်ငံ ခြားဘဏ်ခွဲ ၁၃ ခုကို ရွေးချယ်ခဲ့ပြီး ဘဏ်လုပ်ငန်းတွေ ဆောင်ရွက်လျက်ရှိကြောင်း ပြောလိုပါတယ်။
စီမံကိန်းချေးငွေ
“အဲဒီ နိုင်ငံခြားဘဏ်တွေရဲ့ဘဏ်ခွဲတွေအနေနဲ့ မြန်မာနိုင်ငံ အတွင်းမှာရှိတဲ့ နိုင်ငံခြားကုမ္ပဏီတွေကို တိုက်ရိုက်ဝန်ဆောင်မှု တွေပေးလျက်ရှိပြီး ပြည်တွင်းဘဏ်တွေနဲ့ပေါင်းစပ်ကာပြည်တွင်း ကုမ္ပဏီတွေကိုလည်း ဝန်ဆောင်မှုတွေ ပေးလျက်ရှိပါတယ်။
နိုင်ငံခြားဘဏ်ခွဲတွေအနေနဲ့ ပြည်တွင်းဘဏ်တွေက တစ်ဆင့် သော်လည်းကောင်း၊ ပြည်တွင်းဘဏ်တွေနဲ့ ပူးပေါင်း၍သော် လည်းကောင်း၊ ပြည်တွင်းကုမ္ပဏီတွေကို စီမံကိန်းချေးငွေ (Project Loan) များချေး ပေးခြင်း၊ Trade Finance များ ပြုလုပ်ပေးခြင်းတွေကို ဆောင်ရွက်လျက်ရှိပါတယ်။
“ဘဏ်လုပ်ငန်းအခြေခံအဆောက်အအုံမြှင့်တင်ဆောင် ရွက်ခြင်းအနေနဲ့ ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၃၁ ရက်ထိ နိုင်ငံခြား ဘဏ်ခွဲ ၁၃ ဘဏ်၊ ပုဂ္ဂလိကဘဏ် ၂၄ ဘဏ်က ဘဏ်ခွဲပေါင်း ၁၄၇၅ ခု၊ ပုဂ္ဂလိကငွေရေးကြေးရေးကုမ္ပဏီ ၁၆ ခု၊ နိုင်ငံခြားဘဏ် တွေရဲ့ ကိုယ်စားလှယ်ရုံး ၄၅ ခုနဲ့ နိုင်ငံခြား ငွေရေးကြေးရေးကုမ္ပဏီ နှစ်ခုဖွင့်လှစ် လုပ်ကိုင် ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံ တစ်ဝှမ်းလုံးမှာ ATM(၂၃၁၉) ခုနဲ့ POS(၄၅၈၄)ခု တပ်ဆင် အသုံးပြုလျက် ရှိပါတယ်။
“၂၀၂၅ ခုနှစ် အာဆီယံငွေရေးကြေးရေးပေါင်းစည်းရေး အတွက် ငွေရေးကြေးရေးကဏ္ဍမှာ အားလုံးပါဝင်ရေး (Financial Inclusion)ကို အကောင်အထည်ဖော်ရာမှာ မြန်မာနိုင်ငံ ရဲ့ ငွေရေးကြေးရေး အလုံးစုံပါဝင်မှု အစီအစဉ်အရ ဘဏ်လုပ်ငန်း ဝန်ဆောင်မှုတွေနဲ့ ငွေရေးကြေးရေးဝန်ဆောင်မှုရရှိခြင်း မရှိ သေးတဲ့ ပြည်သူများ (Unbanked People)ထံကို ငွေရေး ကြေးရေးဝန်ဆောင်မှုရောက်ရှိစေဖို့အတွက် ဘဏ်ခွဲများတိုးချဲ့ ဖွင့်လှစ်ခြင်းနဲ့ မိုဘိုင်းဘဏ်လုပ်ငန်းကို ဘဏ်ဦးဆောင်မှုပုံစံနဲ့ ငွေပေးချေမှုဝန်ဆောင်လုပ်ငန်းတွေကို မြန်မာ နိုင်ငံတော် ဗဟိုဘဏ်က ဆောင်ရွက်ခွင့်ပြုခဲ့ပါတယ်။
မိုဘိုင်း ငွေရေးကြေးရေးဝန်ဆောင်မှု
“ဆက်သွယ်ရေးလိုင်စင်ရရှိထားတဲ့ နိုင်ငံတကာမိုဘိုင်း ကွန်ရက်ဆောင်ရွက်တဲ့ International Mobile Network Operators-IMNOs အဖွဲ့နှစ်ဖွဲ့ ဖြစ်တဲ့ Telenor၊ Ooredoo နိုင်ငံပိုင် MPT တို့ကို မိုဘိုင်း ငွေရေးကြေးရေး ဝန်ဆောင်မှု လုပ်ငန်းများဆောင်ရွက်နိုင်ဖို့အတွက် မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများဆိုင်ရာ စည်းမျဉ်းကို မြန်မာနိုင်ငံ တော် ဗဟိုဘဏ်က ၂၀၁၆ခုနှစ် မတ် ၃၀ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
“မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ ခွင့်ပြုချက်အရ IMNOs များအပါအဝင် ဘဏ်နဲ့ ဘဏ်မဟုတ်တဲ့ ငွေရေးကြေးရေး အဖွဲ့ အစည်း (NBFI)တွေဟာ မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင် မှုလုပ်ငန်းတွေကို ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ ဘဏ်တွေဟာ မိုဘိုင်းဘဏ်လုပ်ငန်းနဲ့ အီလက်ထရွန်နစ်ဘဏ်လုပ်ငန်း (e-banking)၊ အင်တာနက်ဘဏ်လုပ်ငန်း (Internet banking) တွေကို ဘဏ်ရှစ်ခုက ဆောင်ရွက်နေပြီဖြစ်ပါတယ်။ မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှု လုပ်ငန်းဆောင်ရွက် ဖို့အတွက် Digital Money Myanmar Ltd., (Wave Money) ကိုလည်း ခွင့်ပြုခဲ့ပြီး ဖြစ်ပါတယ်။
အားကောင်းခိုင်မာမှုညွှန်းကိန်း
“ဘဏ်လုပ်ငန်းကဏ္ဍတည်ငြိမ်ဖို့အတွက် ဥပဒေ၊ နည်း ဥပဒေ၊ စည်းမျဉ်း စည်းကမ်းညွှန်ကြားချက်များ လိုက်နာမှု ရှိဇ/မရှိ ကြီးကြပ်စစ်ဆေးခြင်း၊ (Rule based Supervision)မှ ဆုံးရှုံးနိုင်ခြေအခြေပြုစနစ် (Risk-Based Supervision) သို့ ပြောင်းလဲဆောင်ရွက်လျက်ရှိပါတယ်။ ဘဏ်တွေအားကောင်း ခိုင်မာစေဖို့အတွက် ဘဏ်တွေရဲ့ မတည်ငွေရင်း၊ ရရန်ပိုင်ခွင့် အရည်အသွေး၊ ဝင်ငွေ၊ ငွေကြေးလွယ်ကူမှုတွေကို အရေအတွက်နဲ့ အကဲဖြတ်ဆောင်ရွက်ခဲ့တာကနေ အရည်အချင်းနဲ့ အကဲဖြတ် အမှတ်ပေးပုံစံပြောင်းလဲဆောင်ရွက်ခဲ့ပါတယ်၊ အပြည်ပြည် ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ရဲ့အကူအညီနဲ့ ဘဏ်တွေ အားကောင်းခိုင်မာမှုညွှန်းကိန်း (Financial Soundness Indicator)ကို ပထမအကြိမ် ထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်”ဟု မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ က ဆိုသည်။
ငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုစနစ် တိုးတက်ရေး ဆောင်ရွက်ခြင်းနှင့် ငွေသားကိုင်တွယ်သုံးစွဲမှုလျှော့ချရေး အတွက် ကတ်စနစ်အသုံးပြုခြင်းများကို ဗဟိုဘဏ်က ဆောင် ရွက်ခဲ့ကြောင်း သိရသည်။
“ငွေပေးချေမှုစနစ်ကို လျင်မြန်လုံခြုံထိရောက်မှုရှိပြီး ခေတ်မီတဲ့ငွေပေးချေမှုစနစ်ဖြစ်ပေါ်စေဖို့အတွက် မြန်မာနိုင်ငံ မှာရှိတဲ့ ဘဏ်တွေအားလုံးအတွက် အီလက်ထရွန်နစ်နည်းပညာ နဲ့ ချိတ်ဆက်ထားတဲ့ CBM-Ne ကို ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလတွင် စတင်ခဲ့ပါတယ်။ အချိန်နဲ့တစ်ပြေးညီ စာရင်း ရှင်းလင်းခြင်း (Real Time Gross Settlemen)၊ ချက်လက်မှတ်စာရင်းရှင်းလင်းခြင်း (Mechanized Cheque Clearing) နဲ့ ငွေချေးသက်သေခံလက်မှတ်များ စာရင်းရှင်းလင်း ပေးချေခြင်းနဲ့ CBM-Ne အဖွဲ့ဝင်ဘဏ်တွေအကြား ပြည်ပ ဘဏ်တွေမှာ ဖွင့်လှစ်ထားရှိတဲ့ နိုင်ငံခြားငွေစာရင်း (Nostro A/C)အချင်းချင်း ပေးချေမှုတွေအတွက် ပေးချေရမယ့် မြန်မာ ကျပ်ကျပ်ငွေကို CBM-Net System နဲ့ ပေးချေခြင်းတွေကိုလည်း ဆောင်ရွက်နိုင်ပြီဖြစ်ပါတယ်။
“အများပြည်သူတွေအနေနဲ့ ငွေသားကိုင်တွယ်သုံးစွဲမှု လျှော့ချပြီး အီလက်ထရွန်နစ်နည်းလမ်းနဲ့ ကတ်စနစ်အသုံးပြု ငွေပေးချေမှုတွေ ပြုလုပ်နိုင်ဖို့ နိုင်ငံတကာကတ်တွေဖြစ်တဲ့ Visa Card၊ Master Card၊ JCB Card၊ UPI Card တွေကို ပြည်တွင်းမှာရော ပြည်ပနိုင်ငံတွေမှာပါ အသုံးပြုနိုင်ဖို့အတွက် ခွင့်ပြုပြီး ဖြစ်ပါတယ်။
“ဒါ့အပြင် ပြည်တွင်းဘဏ်တွေကိုလည်း Prepaid Card ထုတ်ဝေခွင့်ပြုခဲ့ပါတယ်။၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလမှာ မြန်မာ နိုင်ငံမှာရှိတဲ့ ဘဏ်တွေကို International Card (Master /Visa/ JIC/UPI) များ၊ ပြည်တွင်းနဲ့ ပြည်ပအသုံးပြုနိုင်တဲ့ International Credit Card (Clean Card)တွေ ထုတ်ဝေ ခွင့်ပြုခဲ့ပါတယ်။ ပြည်တွင်းဘဏ်တွေကထုတ်ဝေတဲ့ MPU ကတ်တွေကို နိုင်ငံတကာကွန်ရက်မှာ အသုံးပြုနိုင်ဖို့အတွက် “MPU-JCB”၊ “MPU-UPICo-Branded Card တွေ ထုတ်ဝေခွင့်ပြုခဲ့ပါတယ်” ဟု ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်က ဆိုသည်။
အပြန်အလှန်ငွေအပ်နှံသည့်စနစ်
ယခင်က ဘဏ်အချင်းချင်း အပြန်အလှန်ငွေအပ်နှံသည့် စနစ်ကိုသာ ဆောင်ရွက်ခဲ့ပြီး နိုင်ငံတကာတွင် ဆောင်ရွက်လျက်ရှိ သည့် ဘဏ်အချင်းချင်းအပြန်အလှန် ငွေချေးသည့်စနစ်ကို စနစ် တကျ ဆောင်ရွက်နိုင်ခြင်း မရှိသည့်အတွက် ဗဟိုဘဏ်သည် ဘဏ်အချင်းချင်း စနစ်တကျငွေချေးသည့် စနစ် (Interbank Lending)ကို ပိုမိုစနစ်ကျစေရန် òန်ကြားချက်အသစ်ကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ထုတ်ပြန်ခဲ့သည်။
အဆိုပါ ညွှန်ကြားချက်အရ ဘဏ်များအချင်းချင်းငွေချေး သက်သေခံလက်မှတ်များကို အပေါင်ပြု၍ မြန်မာနိုင်ငံတော်ဗဟို ဘဏ်၏ CBM-Net စနစ်ရှိ ဗဟိုအပေါင်အပ်နှံသည့်စနစ် (Central Securities Depository System)ကို အသုံးပြု၍ ဆောင်ရွက်နိုင်ပြီဖြစ်သည်။ ယခုအခါ ဘဏ်အချင်းချင်း အပြန်အလှန် ငွေအပ်နှံသည့်စနစ် ရှိနေသေးသော်လည်း ဘဏ် အချင်းချင်း စနစ်တကျငွေချေးသည့် ဆောင်ရွက်ချက်များ ပိုမိုတိုးတက်လာသည်ကို တွေ့ရသည်။
မြန်မာနိုင်ငံရှိ ဘဏ်အချင်းချင်းသော်လည်းကောင်း၊ ဘဏ် များနှင့် ၎င်းတို့၏ ဖောက်သည်များဖြင့် သော်လည်းကောင်း၊ နိုင်ငံခြားငွေကြေးလဲလှယ်ရာမှ ဖြစ်ပေါ်လာနိုင်သည့် ဆုံးရှုံးမှုများ ကို ကာကွယ်နိုင်ရန် Currency SWAP စနစ်နှင့် Currency Forward စနစ်ကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ စတင်၍ ဗဟို ဘဏ်က ခွင့်ပြုခဲ့သည်။ ထို့ကြောင့် အနာဂတ်တွင် နိုင်ငံခြားငွေ ဝယ်ယူခြင်း၊ ရောင်းချခြင်းမှ ဆုံးရှုံးမှုမဖြစ်ပေါ် လာစေရန်အတွက် အနာဂတ်ငွေလဲလှယ်နှုန်းကို သတ်မှတ်နိုင်သည့် SWAP နှင့် Forward စနစ်များကို အသုံးပြုနိုင်မည်ဖြစ်သည်။
သီးသန့်ရန်ပုံငွေ
မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ပြည်ပ၌ ထားရှိသည့် နိုင်ငံခြားသုံး သီးသန့်ရန်ပုံငွေများကို ယခင်က စာရင်းသေအပ်ငွေ (Fixed Deposit) အဖြစ်သာ ထားရှိရာ အတိုးအနည်းငယ် သာရရှိသဖြင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ စတင်၍ ကမ္ဘာ့ဘဏ်၏ (Reserves Advisory and Management ProgramRAMP) အစီအစဉ်တွင် ပါဝင်ပြီး ၎င်းနိုင်ငံခြားသုံး သီးသန့်ရန်ပုံ ငွေများကို အခြားနိုင်ငံများ၏ ဗဟိုဘဏ်များနည်းတူ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု (Portfolio Investment) များ ဆောင်ရွက် လျက်ရှိသည်။
Portfolio Investment အစီအစဉ်အရ ယခုအခါတွင် ပြည်ပနိုင်ငံများမှ ထုတ်ဝေသည့် Credit Rating အနည်းဆုံး ဗ-ရှိသည့် အစိုးရငွေချေးသက် သေခံလက်မှတ် (Bonds) များကို နှိုင်းယှဉ်ညွှန်းကိန်း၏ အမြတ်ပြန်လည်ရချက် (Benchmark Returns) ထက်သာသော နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများ ကို အခြားသောဗဟိုဘဏ်များနည်းတူ ဆောင်ရွက်လျက် ရှိသည်။
ဗဟိုဘဏ်သည် အသေးစားနှင့်အလတ်စား စီးပွားရေး လုပ်ငန်း (SMEs) ချေးငွေထုတ်ချေးရေးအစီအစဉ်အပြင် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများဖြင့်လည်း ချေးငွေအစီအစဉ် များဆောင်ရွက်ခဲ့ကြောင်းသိရသည်။
“ဈေးကွက်စီးပွားရေးစနစ်မှာ ပုဂ္ဂလိကကဏ္ဍဟာ အရေး ကြီးတဲ့ အခန်းကဏ္ဍက ပါဝင်နေတဲ့အတွက် ပုဂ္ဂလိကကဏ္ဍဖွံ့ ဖြိုး တိုးတက်ဖို့ ဘဏ်လုပ်ငန်းကဏ္ဍမှ အရင်းအနှီးများ ပံ့ပိုးပေးနိုင်ရေး ဆောင်ရွက်လျက်ရှိပါတယ်၊ ပုဂ္ဂလိက ကဏ္ဍမှာ အဓိကအား ဖြင့် အသေးစားနဲ့ အလတ်စား စီးပွားရေး လုပ်ငန်းများ လုပ်ကိုင် လျက်ရှိရာမှာ လက်ရှိလုပ်ထုံးလုပ်နည်းစနစ်အရ ဘဏ်များက ချေးငွေထုတ်ချေးရာမှာ အာမခံအဖြစ်လုပ်ငန်းတွေကို ထားရှိ စေခြင်းနဲ့အတူ အခြားကန့်သတ်ချက်တွေရှိနေတဲ့အတွက် အသေးစားနဲ့အလတ်စား စီးပွားရေးလုပ်ငန်း အများစုအတွက် ဘဏ်ချေးငွေရရှိဖို့ အခက်အခဲတွေရှိနေဆဲဖြစ်ပါတယ်။
ချေးငွေအစီအစဉ် သုံးမျိုး
“SMEs လုပ်ငန်းတွေကို ဘဏ်လုပ်ငန်းကဏ္ဍကနေ SMEs လုပ်ငန်းတွေကို ပြည်တွင်းဘဏ်များမှတစ်ဆင့် ချေးငွေ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပြည်ပမှချေးငွေအစီအစဉ်နဲ့ ချေးငွေလွယ်ကူစွာရယူနိုင်ရေးအစီအမံဆိုတဲ့ ချေးငွေအစီ အစဉ်သုံးမျိုးနဲ့ ထုတ်ချေးလျက်ရှိပါတယ်။ ဒီအစီအမံတွေ အစီအစဉ်တွေဟာလည်း အခုအစိုးရသစ်ရဲ့ ပထမတစ်နှစ်တာ သက်တမ်းကာလအတွင်းမှာ ဗဟိုဘဏ်ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်း စဉ်တွေပဲဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ကပြောသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ငွေကြေးမူဝါဒကို ချမှတ် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ နိုင်ငံခြားငွေလဲ လှယ်နှုန်း မူဝါဒကို ဆုံးဖြတ်ခြင်းနှင့် အကောင်အထည်ဖော်ခြင်း၊ အစိုးရအား နိုင်ငံခြားငွေလဲလှယ်နှုန်း စနစ်နှင့်စပ်လျဉ်း၍ အကြံပြုခြင်း၊ နိုင်ငံတော်၏ နိုင်ငံခြားသုံးသီးသန့်ငွေကို ထိန်းသိမ်းခြင်းနှင့် စီမံခန့်ခွဲခြင်း၊ ပြည်တွင်းသုံးစွဲငွေကို တစ်ဦးတည်းထုတ်ဝေသူအဖြစ် ဆောင်ရွက်ခြင်းနှင့် စီမံခန့်ခွဲခြင်း၊ ငွေရေးကြေးရေးအဖွဲ့ အစည်းများကို ကြီးကြပ်စစ်ဆေးခြင်းနှင့် ကြပ်မတ်ကွပ်ကဲခြင်း၊ ဘဏ်များ၏ နောက်ဆုံးအားထားရာ ငွေချေးသူအဖြစ် ဆောင်ရွက်ခြင်းနှင့် ဘဏ်လုပ်ငန်းချေးငွေနှင့် ငွေကြေးနယ်ပယ်ရှိ အစိုးရအချင်းချင်းကြား ထူထောင်ထားသော အဖွဲ့အစည်းများတွင် နိုင်ငံတော်၏ ပါဝင်ဆောင်ရွက်မှု ကြောင့်ဖြစ်ပေါ်လာသည့် အပေး အယူပြုလုပ်မှုများကို ဆောင်ရွက်ခြင်းနှင့် တာဝန်ဝတ္တရားအားလုံးကို အစိုးရအမည်ဖြင့် တာဝန်ခံဆောင်ရွက်ခြင်း၊ အစိုးရကိုယ်စား အဆိုပါအဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်ခြင်းဟူသည့် ဗဟိုဘဏ်၏ အဓိကလုပ်ငန်းတာဝန်များကို ဆက်လက်ဆောင် ရွက်လျက်ရှိပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

No comments:

Post a Comment