Tuesday, February 28, 2017

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယ၀န်ကြီးချုပ် မစ္စတာ ဟော်နမ်ဟောင်အား လက်ခံတွေ့ဆုံ


နေပြည်တော် ဖေဖော်ဝါရီ ၂၈

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ကမ္ဘောဒီးယား နိုင်ငံ ဒုတိယ၀န်ကြီးချုပ် မစ္စတာ ဟော်နမ်ဟောင် ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား ယနေ့နံနက်(၁၀)နာရီတွင် နိုင်ငံတော် သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ လိုင်လင်းပီး၊ ရေဇွာ နှင့် မတူပီ မြို့နယ်များအတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်


မတူပီ ဖေဖော်ဝါရီ ၂၈
ချင်းပြည်နယ်၌ ရောက်ရှိနေသော ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူသည် ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ ဦးဝင်းခိုင်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန် လွယ်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ ဒေါက်တာထွန်းနိုင်တို့ နှင့်အတူ ယမန်နေ့ နံနက်ပိုင်းတွင် မင်းတပ်မြို့မှ လိုင်လင်းပီးမြို့သို့ ရောက်ရှိကြသည်။

နိုင်ငံတော်သမ္မတ ဦးထင်ကျော် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယ ဝန်ကြီးချုပ် မစ္စတာ ဟော်နမ်ဟောင်အား လက်ခံတွေ့ဆုံ


နေပြည်တော် ဖေဖော်ဝါရီ ၂၈

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် ကမ္ဘောဒီးယား နိုင်ငံ ဒုတိယဝန်ကြီးချုပ် မစ္စတာ ဟော်နမ်ဟောင် ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား ယနေ့နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် နိုင်ငံတော်သမ္မတ အိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ လက်ခံတွေ့ဆုံသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းသို့ ဖြတ်သန်းစီးဆင်းလျက်ရှိသော မြစ်ကြီးများ၏ ကမ်းပြိုကာကွယ်ရေး လုပ်ငန်းများ (၅ဝ) ရာခိုင်နှုန်းပြီးစီး

မုံရွာ ဖေဖော်ဝါရီ ၂၈
ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ မူးမြစ်နှင့် မြစ်သာမြစ်တို့ ဖြတ်သန်းစီးဆင်းရာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် မိုးရာသီ မြစ်ရေကြီးမြင့်ချိန်များ၌ မြစ်ကြောင်းတစ်လျောက်ရှိ ကျေးရွာပိုင် မြေများ၊ စိုက်ပျိုးမြေများကို မြစ်ရေတိုက်စားပြီး ပျက်စီး ဆုံးရှုံးမှုများ နှစ်စဉ်ဖြစ်ပေါ်လျက်ရှိသဖြင့် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် နေရာ (၂၉) ခုတွင် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ လုပ်ဆောင် ပေးလျက်ရှိကြောင်း တိုင်းဒေသကြီးရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှသိရသည်။

စလင်းမြို့နယ်မှ အသက် (၁၁၆) နှစ်ရှိ အဘိုးဦးမိုးအေးအား ထောက်ပံ့လှူဒါန်းငွေနှင့် အထူးကျန်းမာရေးစောင့်ရှောက်ပေး

မင်းဘူး ဖေဖော်ဝါရီ  ၂၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ကျွန်းရင်းကျေးရွာအုပ်စု၊ လေးအိမ်စုကျေးရွာမှ အသက် (၁၁၆) နှစ်ရှိ အဘိုးဦးမိုးအေးအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးနေမျိုးကျော်၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးဆန်းလင်းနှင့် စလင်းမြို့နယ် ဌာနဆိုင်ရာများလိုက်ပါ၍ ဖေဖော်ဝါရီ ၂၇ ရက်နေ့က  ထောက်ပံ့လှူဒါန်းငွေနှင့် အထူးကျန်းမာရေး စောင့်ရှောက်မှုများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ထုတ်ပိုးမှုအညွှန်းများ ပြည့်စုံမှန်ကန်စွာ ထည့်သွင်းဖော်ပြစေရေး ကွင်းဆင်းဆောင်ရွက်

လွိုင်ကော် ဖေဖေါ်ဝါရီ ၂၈
ကယားပြည်နယ်၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာ လုပ်ငန်းကော်မတီမှ အဖွဲ့ဝင်တို့သည် ဖေဖေါ်ဝါရီလ (၂၈) ရက်နေ့၊ နံနက် (၁ဝ) နာရီအချိန်က လွိုင်ကော်မြို့နယ်ရှိ အေးအေး မုန့်တိုက်၊ ရွှေကြက်မုန့်ဖို၊ ကောင်းကျော်ဟိန်း မုန့်လုပ်ငန်း၊ အောင်အောင် အာလူးကြော်လုပ်ငန်းတို့အား သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန် ထုတ်ပိုးမှုအညွှန်းများ၊ ပြည့်စုံမှန်ကန်စွာ ထည့်သွင်းဖော်ပြစေရေးအတွက် အသိပညာပေးကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

လွိုင်ကော်မြို့နယ်ပြန်/ဆက်

မြောက်ဦးမြို့၌ မီးဘေးအန္တရယ်ကာကွယ်ရေးအတွက် မြို့တွင်းလှည့်လည် အသိပေးကြော်ငြာ

မြောက်ဦး ဖေဖော်ဝါရီ ၂၈
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့တွင် နွေရာသီမီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်မီးသတ် ဦးစီးဌာနမှ ၀န်ထမ်းများနှင့်ပူးပေါင်း အဖွဲ့သည် ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်နေ့က မြိျု့တွင်းသို့လှည့်လည် အသိပေး ကြော်ငြာခဲ့ကြောင်း သိရသည်။

စစ်ကိုင်းပညာရေးတက္ကသိုလ်ကျောင်းသို့ စားသုံးသူအကာအကွယ်ပေးရေး အသိပညာပေး ဟောပြောဆွေးနွေး

စစ်ကိုင်း ဖေဖော်ဝါရီ ၂၈
စားသုံးသူများ လုံခြုံဖို့ အားလုံးပါဝင် ကာကွယ်စို့ဆိုသည့် ဆောင်ပုဒ်နှင့်အညီ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စစ်ကိုင်းခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူများ အကာအကွယ်ပေးရေး အသိပညာပေး ဟောပြောဆွေးနွေးပွဲကို ဖေဖော်ဝါရီ (၂၈)ရက် ၊ နံနက် (၉) နာရီ အချိန်က စစ်ကိုင်းပညာရေးတက္ကသိုလ်ကျောင်း ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ဒုတိယပါမောက္ခချုပ် ဒေါက်တာမျိုးသန့်က အဖွင့်အမှာစကား ပြောကြားသည်။

မြစ်သားမြို့နယ်အတွင်း လေပြင်းဒဏ်ခံနိုင်ရည်မရှိသော ဆင်းရဲချို့တဲ့ပြီး ကိုယ်တိုင်ပြုပြင်ရန် အခက်အခဲရှိသည့် လူနေအိမ်များကို လိုအပ်သောထောက်ပံ့မှုများ ပေးသွားမည်

မြစ်သား ဖေဖေါ်ဝါရီ ၂၈
မနလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်တွင် လေပြင်းဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ ဖေဖေါ်ဝါရီ ၂၈ ရက်နံနက် ၁၀နာရီက ကျင်းပကြောင်း သိရသည်။

ဌာနဆိုင်ရာများနှင့်ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများတွေ့ဆုံဆွေးနွေး

ညောင်တုန်း ဖေဖော်ဝါရီ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ တွေ့ဆုံဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ၂၈ ရက် နေ့ နံနက် ၁၀ နာရီတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ဝမ်းတွင်းမြို့နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံများအား ထင်း၊ တိုင်းနှင့် မျော များ ဖြန့်ဝေပေးအပ်

ဝမ်းတွင်း၊ ဖေဖော်ဝါရီ ၂၈
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူ များ၏ အခြေခံလိုအပ်ချက်ဖြစ်သော ထင်း၊ တိုင်းနှင့် မျောများ ကို ဖြည့်ဆည်းပေးရန်အတွက် အပူပိုင်းဒေသစိမ်းလန်းစိုပြေရေး ဦးစီးဌာနက ဖေဖော်ဝါရီ ၂၇ ရက်နေ့နံနက်က မဲညိုတောင် သစ်တောကြိုးဝိုင်းအတွင်း၌ ဒေသခံများအား ဖြန့်ဝေခဲ့သည်။

စလင်းမြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကဒ်ပြားပေးအပ်ပွဲကျင်းပ

စလင်း ဖေဖော်ဝါရီ  ၂၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက် (၁၁)နာရီက ရွှေပြောင်းလုပ်သားများ အိမ်ထောင်စုနှင့် မှတ်ပုံတင် တစ်မျိုးမျိုးထုတ်ပေးနိုင်ရေးအတွက် ကြိုတင် ဆောင်ရွက်မှု လုပ်ငန်းကြီးကြပ်ရေးအဖွဲ့များနှင့် တွေ့ဆုံပွဲ အခမ်းအနားကျင်းပဆောင်ရွက်ခဲ့ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးနေမျိုးကျော် တက်ရောက်အမှာစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။

လူထုဗဟိုပြုစီမံကိန်းလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် လူထုစည်းရုံးရေး သင်တန်းဖွင့်လှစ်

လယ်ဝေး    ဖေဖော်ဝါရီ    ၂၈
စိုက်ပျိုရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း၍ လူထုဗဟိုပြုစီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရန် အရေးကြီးသော ကျားမရေးရာ ကဏ္ဍ တိုးတက်လာစေရေးအတွက် လူထုစည်းရုံးရေး သင်တန်း(၂/၂၀၁၇) ကို ဖေဖော်ဝါရီ ၂၇ရက် နံနက်၉နာရီက ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ဖွင့်လှစ်ခဲ့သည်။     

စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းရေးအစည်းအဝေး ကနီ၌ကျင်းပ


ကနီ ဖေဖော်ဝါရီ   ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်တွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အထိ ကျေးလက်ဒေသနှင့် မြို့နယ်အတွင်း လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ဖေဖော်ဝါရီ ၂၇ ရက်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပကြောင်း သိရသည်။

ရှေးဟောင်းသမိုင်းဝင် မွေတော်ကက္ကူဘုရား ရွှေထီးတော်တင်ပွဲအတွက် ဒေသခံတိုင်းရင်းသား ပြည်သူများ ပါဝင်ကုသိုလ်ယူ


တောင်ကြီး          ဖေဖော်ဝါရီ          ၂၈
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့နယ်ခွဲရှိ ရှေးဟောင်းသမိုင်းဝင် မွေတော် ကက္ကူဘုရား ဆုတောင်းပြည့် အသောကစေတီတော်မြတ်ကြီးနှင့် ဖောင်တော်ဆိုက်စေတီ အရံစေတီများသည် ၂၀၁၆ ခုနှစ် ဧပြီလ (၂၂)ရက် သောကြာနေ့ည၌ သဘာဝဘေးဒဏ်ကြောင့် ဆုတောင်းပြည့်အသောက စေတီတော်ကြီးသည် စိန်ဖူးတော်၊ ထီးတော်၊ ငှက်မြတ်နားတော်၊ ငှက်ပျောဖူးတော် တို့သည် မြေခခဲ့ကြောင်းသိရသည်။

Man in charge of 100 Households attacked with knife in Maungtaw

February 27, 2017
On 24 February at 8pm in the village of Nwayontaung, Adu Zawli, 38, the in-charge of 100 households, was attacked by an unidentified person with a knife as he was returning home after making arrangements for village sentry duty. Adu Zawli suffered a knife wound to his wrist. Security forces are making efforts to seize the culprit, it is learnt.

Civilian gets injuries in mine blast

February 27, 2017
A civilian was injured in the mine blast planted by Ta’ang National Liberation Army-TNLA armed group on 25 February in Momeik.

Fire destroys home in Maungtaw

February 27, 2017
A fire broke out in Ducheerdan (South) Village in Maungtaw Township, Rakhine State, on Sunday, destroying a house. The fire caused by negligence started in the kitchen of the home owned by Phartay Markhartu and destroyed the house worth about Ks200,000.

Missing Khami ethnic found dead

February 27, 2017
One of the two Khami ethnic villagers attacked by three unidentified people armed with axes and knives near Thaye Konebaung village of Maungtaw Township on Friday was found dead on Sunday. On Friday evening, Aung Kyaw Sein, 46, a Khamee national, was wounded with a cut to his back and was hospitalized at Buthidaung hospital.

Anti-violence ceremony at Yangon airport

February 27, 2017
A protest against violence was held yesterday evening at Yangon International Airport, the site of two senseless deaths last month.

Pyidaungsu Hluttaw approves 5 million euro loan from Germany for locomotive factory

February 27, 2017
Pyidaungsu Hluttaw passed the motion on borrowing 5 million euros from German KfW Development Bank for a Diesel Locomotive Shed in Ywa Htaung for Myanma Railways.

Pyidaungsu Hluttaw approves to extend terms of parliamentary committees

February 27, 2017
Pyidaungsu Hluttaw Speaker Mahn Win Khaing Than brought up the matter of the committee dealing with Joint Committee on ASEAN Inter-Parliamentary Assembly and the joint committee on international parliamentary committee; which were established on 1 March 2016 at the Pyidaungsu Hluttaw 1st regular meeting 6th day; both committees are about to reach the end of their one-year term today.

Faculty, students from Mandalay University observe workings of Election Commission

February 27, 2017
Union Election Commission Chairman U Hla Thein and members of the commission received a delegation of teachers, lecturers and students led by Professor Dr. Daw Thida Htun, head of Mandalay University’s National Affairs and Education Department, at the Union Election Commission in Nay Pyi Taw yesterday.

Vice President receives Cambodian Deputy Prime Minister

February 27, 2017
Vice President U Myint Swe received Cambodian Deputy Prime Minister Mr. Hor Namhong and his delegation at the Credential Hall of the Presidential Palace yesterday in Nay Pyi Taw.

State Counsellor receives President of USIP

February 27, 2017
State Counsellor and Union Minister for Foreign Affairs Daw Aung San Suu Kyi received the President of the United States Institute of Peace (USIP) Ms. Nancy Lindborg and party at 10:00 am at the Ministry of Foreign Affair in Nay Pyi Taw yesterday.

Vice President U Myint Swe hosts dinner in honour of Cambodian Deputy Prime Minister

February 27, 2017
Vice President U Myint Swe hosted a dinner in honour of the delegation led by the Deputy Prime Minister of Cambodia Mr. Hor Namhong at Park Royal Hotel in Nay Pyi Taw, yesterday evening.

Myanma Railways to decrease freight rates as of 1 March

February 27, 2017
AS PART OF its plans to offer extensive passenger and freight transportation services to commuters, the state-run Myanma Railways will decrease the freight rate on some goods starting 1 March, according to the railway.

Vice President U Henry Van Thio inspects regional development works in Kanpetlet & Mindat

February 27, 2017
Vice President U Henry Van Thio inspected the regional development works in Kanpetlet and Mindat on February 26.

Monday, February 27, 2017

မွေးမြူရေးစနစ်ဖြင့်မိသားစုအတွင်း တစ်ဖက်တစ်လမ်းဝင်ငွေရရှိရေး ပူတာအို၌ အသိပညာပေး ဟောပြော

ပူတာအို     ဖေဖော်ဝါရီ     ၂၇

ကချင်ပြည်နယ် ပူတာအိုမြို့နယ် ပမ္မတီးအုပ်စု နမ်ရှယ်ကျေးရွာတွင် ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီး ဌာနက ကျေးလက်နေ ပြည်သူများ ကျွဲ ၊ နွား ၊၀က် ၊ ကြက် မွေးမြူရေးစနစ်ဖြင့် မိသားစုအတွင်း တစ်ဖက်တစ် လမ်းမှဝင်ငွေရရှိရေး အသိပညာပေး ဟောပြောပွဲကို ဖေဖော်ဝါရီ(၂၆)ရက် မွှန်းလွှဲ(၁)နာရီက ပူတာအိုမြို့နယ် နမ်ရှယ်ကျေးရွာ မောရိယ အေဂျီ ဘုရားကျောင်းကျင်းပသည်။

ထိုင်း-မြန်မာနှစ်နိုင်ငံ အကောက်ခွန်ဆိုင်ရာ လုပ်ငန်း ဆွေးနွေးပွဲ မယ်စဲ့မြို့၌ ကျင်းပ


မယ်စဲ့ ဖေဖော်ဝါရီ ၂၇
ကယားပြည်နယ် ဘောလခဲခရိုင်မယ်စဲ့မြို့၌ထိုင်း-မြန်မာနှစ်နိုင်ငံ အကောက်ခွန်ဆိုင်ရာ လုပ်ငန်းဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၂၇ ရက် ၁၀နာရီ ၄၅ မိနစ်က မယ်စဲ့မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ထုတ်လုပ်မှုစရိတ်မြင့်ပြီး ဈေးနှုန်း ပုံမှန်သာ ရှိသောကြောင့် အုတ်ဖိုလုပ်ငန်းများ အကျိုးဖြစ်မှုနည်းဟုဆို


သထုံ    ဖေဖော်ဝါရီ    ၂၇
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းလုပ်ကိုင်နေသော မြေမီးဖုတ်အုတ်လုပ်ငန်းများ ယခုနှစ်တွင် ထုတ်လုပ်မှုစရိတ်မြင့်မားပြီး ဈေးနှုန်းနှင့် ရောင်းအားပုံမှန်သာရှိသောကြောင့် အကျိုးဖြစ်ထွန်းမှု နည်းပါးနေကြောင်း အုတ်လုပ်လုပ်ငန်း လုပ်ကိုင်နေသူများထံမှ သိရသည်။

ပုလဲမြို့နယ်တွင် တရားမဝင်သစ် ပိတောက်တုံးနှင့်ပျဉ်းကတိုးခွဲသား ၃ တန်ကျော် ပိုင်ရှင်မဲ့သိမ်းဆည်းရမိ

ပုလဲ ဖေဖော်ဝါရီ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ပုလဲမြို့နယ်သစ်တောဦးစီးဌာနသည် တရားမဝင်သစ်များ ခိုးယူခြင်း ထုတ်လုပ်ခြင်း သယ်ဆောင်ခြင်း ခုတ်လှဲခြင်း လုပ်ငန်းများကို တားဆီးကာကွယ် ဖမ်းဆီးလျက်ရှိရာ ဖေဖော်ဝါရီ ၂၆ ရက် ညနေပိုင်းက တရားမဝင်သစ်ပိတောက်ခွဲသားနှင့် ပျဉ်းကတိုးခွဲသား ၃ တန်ကျော်ကို ပိုင်ရှင်မဲ့ သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

ကျောက်ဆည်ခရိုင်နှင့် မိတ္ထီလာခရိုင်နယ်စပ်တွင် Sim Card အသုံးပြု၍ အလိုအလျောက် ဓာတ်အားဖြတ်တောက် ပေးနိုင်သော 33KV Line Sectionalizer အားတပ်ဆင်

မြစ်သား ဖေဖေါ်ဝါရီ ၂၇
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေး လုပ်ငန်းက ကျောက်ဆည်ခရိုင်နှင့် မိတ္ထီလာ ခရိုင်နယ်စပ်တွင် Sim Card အသုံးပြုအလိုအလျောက် ဓာတ်အားဖြတ်တောက်ပေးနိုင်သော 33KV Line Sectionalizer အား ဖေဖေါ်ဝါရီ ၂၆ ရက် နေ့က တပ်ဆင်ပြီးစီးခဲ့ကြောင်း သိရသည်။

စေတုတ္တရာမြို့တွင် စက်မှုနှင့်အသက်မွေးပညာ ရွေ့လျားသင်တန်း ဖွင့်လှစ်

စေတုတ္တရာ         ဖေဖော်ဝါရီ          ၂၇
လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေးနှင့် ဒေသ ဖွံ့ဖြိုးရေး၊ ဆင်းရဲနွမ်းပါးမှု လျော့ချရေးတို့အတွက် ရည်ရွယ်၍ မင်းဘူးခရိုင် စေတုတ္တရာမြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ မကွေးတိုင်း ဒေသကြီး အစိုးရအဖွဲ့နှင့် စက်မှုဝန်ကြီးဌာနတို့ ပူးပေါင်း၍ စက်မှုနှင့် အသက်မွေးပညာ ရွေ့လျားသင်တန်းဖွင့်ပွဲကို ဖေဖော်ဝါရီလ ၂၇ရက် နံနက်(၈)နာရီက ကျင်းပခဲ့သည်။

Memorial for U Ko Ni, revered High Court Lawyer, and U Nay Win, heroic taxi driver


February 26, 2017
At a memorial yesterday for U Ko Ni, the slain high court lawyer, and U Nay Win, the taxi driver who gave his life trying to apprehend the assassin, State Counsellor Daw Aung San Suu Kyi said the respected attorney’s intellect and high ideals would be missed, and the taxi driver’s bravery would not be forgotten.

Export of agricultural products up by $266 million

February 26, 2017
THE value of agriculture export during this financial year increased by US$266 million compared with the same period last FY, according to the Commerce Ministry.

Over 200 jade mine licences in Kachin’s jewelry land to expire in March

February 26, 2017
THE licences of over 200 jade mining blocks in Lonekhin, Hpakant and other sites in jewelry land in Kachin State will expire next month, according to the Ministry of Natural Resources and Environmental Conservation.

Yangon Book Plaza hopes to inspire Myanmar literature

February 26, 2017
Union Minister Dr Pe Myint of the Ministry of Information, Yangon Mayor U Maung Maung Soe and Chairman of Yangon Book Plaza and Daw Thet Thet Naing cut the ribbon yesterday that officially opened the Yangon Book Plaza yesterday. The ceremony was held on the fifth floor of Than Zay Market in Lamadaw Township, Yangon.

Cambodian deputy PM arrives in Nay Pyi Taw

February 26, 2017
Cambodia’s Deputy Prime Minister H.E. Hor Namhong arrived yesterday evening at Nay Pyi Taw international airport.

Khami ethnics in Maungtaw attacked with knife, axe

February 26, 2017
Two members of the Khami ethnic group in Rakhine State were attacked with a knife and an axe by three unknown people in a village in Maungtaw Township, Rakhine State.

Outstanding undergraduates awarded UOB scholarships

February 26, 2017
FIFTEEN students from the University of Yangon and the Yangon University of Economics on Friday have been awarded scholarships offered by the United Overseas Bank Ltd under its University Scholarship Programme.

Swedish parliamentary delegation concludes visit

February 26, 2017
A Swedish delegation led by Speaker of Parliament of Sweden Mr. Urban Ahlin visited Shwedagon pagoda in Yangon yesterday before returned home.

Government will provide loans in 2017 to develop the SMEs

February 26, 2017
Japan International Cooperation Agency (JICA) will provide Ks 15 billion loan through the government to develop small and medium enterprises (SMEs) in 2017, according to Directorate of Industrial Supervision and Inspection Department under the Ministry of Industry. JICA will provide the loan with the low interest. The loan will be in the form of two- step loan. Then, the loan will be granted through Myanma Economic Bank (MEB).

Sunday, February 26, 2017

တရားလွှတ်တော် ရှေ့နေ ဦးကိုနီနှင့် အငှားယာဉ်မောင်း ဦးနေဝင်း တို့အတွက် အောက်မေ့ဖွယ် အခမ်းအနား ကျင်းပ



ရန်ကုန် ဖေဖော်ဝါရီ ၂၆
တရားလွှတ်တော် ရှေ့နေ  ဦးကိုနီနှင့် အငှားယာဉ်မောင်း ဦးနေဝင်း  တို့အတွက် အောက်မေ့ဖွယ် အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီ ခန်းမ၌ ကျင်းပရာ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်၍ ကျန်ရစ်သူ နှစ်ဘက် မိသားစုဝင်များကို အားပေး စကား ပြောကြားသည်။

၂၀၁၇ ခုနှစ် တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲ ဆုချီးမြှင့်ခြင်းနှင့် ပိတ်ပွဲ အခမ်းအနား ကျင်းပ



နေပြည်တော် ဖေဖော်ဝါရီ ၂၆
၂၀၁၇ ခုနှစ် တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစား ပြိုင်ပွဲများ ဆုချီးမြှင့်ခြင်းနှင့် ပိတ်ပွဲ အခမ်းအနားကို ယနေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိ တပ်မတော် အားကစားကွင်း၌ ကျင်းပသည်။

မြန်မာစာအုပ် လောကကို တိုးတက် မြင့်မားစေမည့် Yangon Book Plaza ဖွင့်ပွဲကျင်းပ



ရန်ကုန် ဖေဖော်ဝါရီ (၂၆)
Yangon Book Plaza ဖွင့်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့ လမ်းမတော် မြို့နယ်ရှိ သံဈေး အဆောက်အအုံ ငါးလွှာ၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်၊ ရန်ကုန် မြို့တော်ဝန် ဦးမောင်မောင်စိုးနှင့် Yangon Book Plaza ဥက္ကဋ္ဌ ဒေါ်သက်သက်နိုင်တို့က အခမ်းအနားကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။

စတုတ္ထအကြိမ် စာကြည့်တိုက်မှူးများညီလာခံ ဖေဖော်ဝါရီလကုန်တွင် ကျင်းပမည်

ရန်ကုန် ဖေဖော်ဝါရီ ၂၅
မြန်မာနိုင်ငံတစ်ဝန်း၌ အမျိုးသားစာကြည့်တိုက်၊ ပြည်သူ့စာကြည့်တိုက်များ၊ တက္ကသိုလ်စာကြည့်တိုက်များ၊ ဌာနဆိုင်ရာ အသီးသီးရှိ ရည်òန်းစာကြည့်တိုက်များ၊ သံရုံးများက ဖွင့်လှစ်ထားသော စာကြည့်တိုက် အများအပြားရှိသည်။ ယင်းတို့ အနက် နိုင်ငံတစ်ဝန်းရှိ ရပ်ကွက်၊ ကျေးရွာစာကြည့်တိုက်များကို အခြေခံ၍ အမှန်တကယ် ရှင်သန်ဖွံ့ဖြိုးအောင် ဆောင်ရွက်နေကြသည့် စာကြည့်တိုက်မှူးများကိုဖိတ်ကြားပြီး ၎င်းတို့၏ အောင်မြင်တိုးတက်မှုများကို အားနည်းနေသော ရပ်ကွက်၊ ကျေးရွာစာကြည့်တိုက်များအား ပြန်လည်မျှဝေပေးနိုင်စေရန် ရည်ရွယ်၍ ယခင်နှစ်များနှင့်မတူ တစ်မူထူးခြားစွာ ကျင်းပမည့် စတုတ္ထအကြိမ် စာကြည့်တိုက်မှူးများ ညီလာခံကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ရန်ကုန်မြို့၌ ကျင်းပရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။

ရန်ကုန်လေဆိပ်တွင် ဦးကိုနီ ပစ်ခတ်သတ်ဖြတ်ခံရမှုဖြစ်စဉ်နှင့်ပတ်သက်သည့် သတင်းစာရှင်းလင်း ဖြစ်စဉ်နှင့်ပတ်သက်ပြီး သတင်းအချက်အလက်များအပေါ် ဆက်လက်စုံစမ်းဖော်ထုတ်သွားမည်

ရန်ကုန် ဖေဖော်ဝါရီ ၂၅
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဦးကိုနီ ပစ်ခတ်သတ်ဖြတ်ခံရမှုဖြစ်စဉ်နှင့်ပတ်သက်၍ ပစ်ခတ်ထွက်ပြေးသူ ကြည်လင်း (ခ) ဖိုးထူး၊ ကြည်လင်းအား စေခိုင်းသူ အောင်ဝင်းဇော်၊ ပြစ်မှုကျူးလွန်ရာတွင် ပါဝင်ပတ်သက်သူ ဇေယျာဖြိုး တို့ကို ဖမ်းဆီးရမိထားကြောင်း၊ ပြစ်မှုကျူးလွန်ရာတွင်ပါဝင်သူ အောင်ဝင်းခိုင်မှာ ထွက်ပြေးတိမ်းရှောင်လျက်ရှိပြီး အမှုနှင့် ပတ်သက်၍ ဖမ်းဆီးရမိသူ သုံးဦးအပြင် အမျိုးသား ၇၁ ဦး၊ အမျိုးသမီးနှစ်ဦးကို ခေါ်ယူစစ်ဆေးခဲ့ကြောင်း သိရသည်။

Saturday, February 25, 2017

ကျေးလက်ပြည်သူများ သွားလာမှု အဆင်ပြေစေရေး မြေသားလမ်းဖေါက်လုပ်

မြောင်းမြ ဖေဖေါ်ဝါရီ ၂၄
ဖွံ့ဖြိုးမှုနည်းပါးပြီး မြို့ပြနှင့်အလှမ်းကွာဝေးသော ကျေးလက်ဒေသများမှ ကျေးရွာပြည်သူများ သွားလာမှုလွယ်ကူ အဆင်ပြေစေရေးအတွက်  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ဆက်သွယ်ရေးလမ်းများကို ဖေါက်လုပ် ပေးလျှက်ရှိရာ ဖေဖေါ်ဝါရီ၂၄ ရက်နေ့ ညနေက  မြောင်းမြမြို့နယ် သိလ္လာချောင်းဖျား - ကမကိုင် ကျေးလက်မြေသား လမ်း(၄)မိုင်(၄)ဖာလုံဖေါက်လုပ်နေမှုကို မြောင်းမြခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီး ဒုတိယညွှန်ကြားရေးမှူး ဦးသန့်ဇင်သိန်းနှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှုစစ်ဆေးရာမြို့နယ် ဦးစီးမှူး လက်ထောက် ညွှန်ကြားရေးမှူး ဦးဗိုလ်ဗိုလ်မြင့်နှင့် လမ်းဖြစ်မြောက်ရေး ကော်မတီဝင်များက လမ်းဖေါက်လုပ်ဆောင်ရွက်မှု ရှင်းလင်း ပြသခဲ့သည်။

ပြည်သူဗဟိုပြု ရဲလုပ်ငန်းဆင့်ပွါးသင်တန်းဆင်းပွဲကျင်းပ

ဂန့်ဂေါ ဖေဖော်ဝါရီ ၂၅
ဂန့်ဂေါခရိုင် ရဲတပ်ဖွဲ့မှူးရုံးကကြီးမှူးဖွင့်လှစ်ခဲ့သည့် ပြည်သူဗဟိုပြု ရဲလုပ်ငန်းဆင့်ပွါးသင်တန်း အမှတ် စဉ် ၃/၂၀၁၇ သင်တန်းဆင်းပွဲကို ဖေဖော်ဝါရီ ၂၄ ရက်က ခရိုင်ရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေးခန်းမ၌ပြုလုပ်ရာ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီးကျော်လင်းက သင်တန်းဆင်းအမှာစကားပြောကြားသည်။ သင်တန်းဆင်းပွဲသို့ အရာရှိ ၄ ဦး၊ နည်းပြများနှင့် သင်တန်းသား ၁၈ ဦးတို့တက်ရောက်ကြကြောင်း သိရသည်။

ခရိုင်ပြန်/ဆက် 

ယက္ကန်းစင်တောင်မှ ဘုရာဖူးပြန်လာသောယာဉ် တောင်အဆင်းတွင် အရှိန်မထိန်းနိုင်ဘဲသစ်ပင်အားတိုက်မိ တိမ်းမှောက်

မတ္တရာ ဖေဖော်ဝါရီ ၂၅
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် ပတ်လည်အင်းကျေးရွာအုပ်စု ယက္ကန်းစင်တောင်သို့ မန္တလေးမြို့မှ လာရောက်သော ဘုရားဖူးယာဉ်သည် ဘုရားဖူးပြီး အပြန်တောင်ဆင်းလမ်းတွင် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှု ဖေဖော်ဝါရီ လ ၂၅ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်းသိရသည်။

စားသုံးသူပြည်သူများသို့ အသိပေးကြေညာချက် ဆိုင်းဘုတ်စိုက်ထူခြင်းနှင့် စားသုံးရန်မသင့်သော အစိမ်းရောင် ခေါက်ဆွဲခြောက်ထုပ်များ မီးရှို့ဖျက်ဆီး

အင်းတော် ဖေဖော်ဝါရီ ၂၅
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ စားသုံးသူ ပြည်သူများသို့ အသိပေးကြေညာချက် ဆိုင်းဘုတ်စိုက်ထူခြင်းနှင့် ပြည်သူများစားသုံးရန်မသင့်သော အစိမ်းရောင် ခေါက်ဆွဲခြောက်ထုပ်များ မီးရှို့ဖျက်ဆီးခြင်းကို စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့၊ မြို့လယ်၊ တြိဂံလမ်းဆုံ လမ်းဘေးတွင် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်နေ့ ညနေ ၄ နာရီအချိန်က ဆောက်ရွက်ခဲ့ကြကြောင်း သိရသည်။