Tuesday, February 28, 2017

မြစ်သားမြို့နယ်အတွင်း လေပြင်းဒဏ်ခံနိုင်ရည်မရှိသော ဆင်းရဲချို့တဲ့ပြီး ကိုယ်တိုင်ပြုပြင်ရန် အခက်အခဲရှိသည့် လူနေအိမ်များကို လိုအပ်သောထောက်ပံ့မှုများ ပေးသွားမည်

မြစ်သား ဖေဖေါ်ဝါရီ ၂၈
မနလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်တွင် လေပြင်းဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ ဖေဖေါ်ဝါရီ ၂၈ ရက်နံနက် ၁၀နာရီက ကျင်းပကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးနိုင်က မြို့နယ်သဘာဝဘေးအနရာယ်ဆိုင် ရာစီမံခန့်ခွဲမှုအဖွဲ့၏ ဖွဲ့စည်းထားရှိမှုနှင့် သဘာဝဘေးနှင့်ပတ်သက်ယခင်နှစ်အခြေအနေကို ရှင်းလင်းဆွေးနွေးပြီး မနလေးတိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးနေမျိုးထွန်းက မြစ်သားမြို့နယ်အတွင်း ရှိ ယခင်နှစ်လေပြင်းဒဏ်ခံရသော ကျေးရွာအုပ်စု (၈) အုပ်စုမှ လေပြင်း ဒဏ်ခံနိုင်ရည်မရှိသော လူနေအိမ်များအနက် ဆင်းရဲချို့တဲ့ပြီး ကိုယ်တိုင်ပြုပြင်ရန် အခက်အခဲရှိသည့် လူနေအိမ်များကို ပထမဦးစားပေးအနေဖြင့် ရွေးချယ်၍ လိုအပ်သောထောက်ပံ့မှုများကို ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် မတ်လပိုင်းတွင်စတင်၍ ပူးပေါင်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် အစည်းအဝေးသို့တက်ရောက်လာသော မနလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်၊ ကလျာဏမိတ္တ လူမူကူညီမှုအသင်းဥက္ကဌ ဦးခင်မောင်တင့်၊ မြို့နယ်သဘာဝဘေးအနရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ မြို့နယ်လူမှုရေး အသင်းအဖွဲ့များက သဘာဝဘေးနှင့် ပက်သက်ဆုံးရှုံးမှုလျော့နည်းရေး အစီအမံများကိုလည်းကောင်း၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက လေပြင်းဒဏ်ခံနိုင်ရည်မရှိသော ဆင်းရဲချို့တဲ့ပြီး ကိုယ်တိုင်ပြုပြင်ရန် အခက်အခဲရှိသည့် လူနေအိမ်များ၏ စာရင်းဇယားများကိုလည်းကောင်း ညှိနှိုင်းဆွေးနွေးကြကြောင်း သိရသည်။

ရဲဝင်းထွန်း(မြစ်သား)

No comments:

Post a Comment