Sunday, February 26, 2017

စတုတ္ထအကြိမ် စာကြည့်တိုက်မှူးများညီလာခံ ဖေဖော်ဝါရီလကုန်တွင် ကျင်းပမည်

ရန်ကုန် ဖေဖော်ဝါရီ ၂၅
မြန်မာနိုင်ငံတစ်ဝန်း၌ အမျိုးသားစာကြည့်တိုက်၊ ပြည်သူ့စာကြည့်တိုက်များ၊ တက္ကသိုလ်စာကြည့်တိုက်များ၊ ဌာနဆိုင်ရာ အသီးသီးရှိ ရည်òန်းစာကြည့်တိုက်များ၊ သံရုံးများက ဖွင့်လှစ်ထားသော စာကြည့်တိုက် အများအပြားရှိသည်။ ယင်းတို့ အနက် နိုင်ငံတစ်ဝန်းရှိ ရပ်ကွက်၊ ကျေးရွာစာကြည့်တိုက်များကို အခြေခံ၍ အမှန်တကယ် ရှင်သန်ဖွံ့ဖြိုးအောင် ဆောင်ရွက်နေကြသည့် စာကြည့်တိုက်မှူးများကိုဖိတ်ကြားပြီး ၎င်းတို့၏ အောင်မြင်တိုးတက်မှုများကို အားနည်းနေသော ရပ်ကွက်၊ ကျေးရွာစာကြည့်တိုက်များအား ပြန်လည်မျှဝေပေးနိုင်စေရန် ရည်ရွယ်၍ ယခင်နှစ်များနှင့်မတူ တစ်မူထူးခြားစွာ ကျင်းပမည့် စတုတ္ထအကြိမ် စာကြည့်တိုက်မှူးများ ညီလာခံကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ရန်ကုန်မြို့၌ ကျင်းပရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။


အဆိုပါညီလာခံကို ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြန်မာနိုင်ငံ စာကြည့်တိုက် များ ဖောင်ဒေးရှင်းတို့က ပူးပေါင်းစီစဉ်ကျင်းပမည်ဖြစ်ပြီး တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးရှိ ရပ်ကွက်၊ ကျေးရွာစာကြည့် တိုက်မှူး ၃၀၀ ခန့် တက်ရောက်မည်ဖြစ်သည်။ ညီလာခံကျင်းပရာတွင် စာကြည့်တိုက်မှူးများ အချင်းချင်း စာကြည့်တိုက် ဆိုင်ရာ အတွေးအမြင်များနှင့် အတွေ့အကြုံများဖလှယ်ရန်၊ တိုင်းဒေသကြီး၊ ပြည်နယ်အတွင်းရှိ အမှန်တကယ် ရှင်သန်အောင်မြင်နေသော စာကြည့်တိုက်များ၏ အောင်မြင်ဖွံ့ဖြိုးတိုးတက်မှုများကို အောင်မြင်မှု အားနည်းနေသော စာကြည့်တိုက်များအား ပြန်လည်မျှဝေပေးရန်၊ စာကြည့်တိုက်များ၌ ကြုံတွေ့နေရသည့် အခက်အခဲများ၊ စိန်ခေါ်မှုများကို သိရှိနားလည်၍ ကျော်လွှားနိုင်မည့် နည်းလမ်းများကို ပူးပေါင်းရှာဖွေရန်၊ ရပ်ကွက်၊ ကျေးရွာစာကြည့်တိုက်မှူးများအချင်းချင်း ရင်းနှီးချစ်ကြည်၍ စာကြည့်တိုက်များနှင့် စာကြည့်တိုက်မှူးများ၏ အခန်းကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရန်ဆိုသည့် ရည်ရွယ် ချက်(၄)ရပ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)

No comments:

Post a Comment