Saturday, February 25, 2017

ယက္ကန်းစင်တောင်မှ ဘုရာဖူးပြန်လာသောယာဉ် တောင်အဆင်းတွင် အရှိန်မထိန်းနိုင်ဘဲသစ်ပင်အားတိုက်မိ တိမ်းမှောက်

မတ္တရာ ဖေဖော်ဝါရီ ၂၅
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် ပတ်လည်အင်းကျေးရွာအုပ်စု ယက္ကန်းစင်တောင်သို့ မန္တလေးမြို့မှ လာရောက်သော ဘုရားဖူးယာဉ်သည် ဘုရားဖူးပြီး အပြန်တောင်ဆင်းလမ်းတွင် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှု ဖေဖော်ဝါရီ လ ၂၅ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ မတ္တရာမြို့နယ် ရေနံသာနယ်မြေရဲစခန်းမှ ဒုရဲအုပ်အေင်ဇေယျ တာဝန်မှူးတာဝန် ထမ်းဆောင်စဉ် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် တပ်ဖွဲ့ဝင်များ၊ သက်သေများနှင့်အတူ သွားရောက်စုံစမ်းရာ ယာဉ်မောင်း ကျော်ဇေယျ မောင်းနှင်သည့် ယာဉ်အမှတ် MDY- 8G 2459 လိုက်ထရပ်အဖြူယာဉ်ဖြင့် ဘုရားဖူး လိုက်ပါလာသော မန္တလေးမြို့၊ မီးရထားဝင်းနေသူ (၁၁)ဦးတို့အား တင်ဆောင်ပြီး ယက္ကန်းစင်တောင်မှ ဘုရားဖူးပြီး အပြန် တောင်ဆင်းလမ်းတွင် အရှိန်မထိန်း နိုင်ဘဲ တိမ်းမှောက်မှု ဖြစ်ပွားကြောင်းသိရရှိရပြီး အဆိုပါ ယာဉ်တိမ်း မှောက်မှုကြောင့် ယာဉ်မောင်း ကျော်ဇေယျတွင် ဝဲဘက်ခြေသလုံး ဖူးယောင်ပေါက်ပြဲဒဏ်ရာတစ်ချက် (စိုးရိမ်ရ)၊ မဝါဆိုတွင် ဝဲဘက်ခြေထောက်ဖူးယောင် ပေါက်ပြဲ ဒဏ်ရာ(၁) ချက်(စိုးရိမ်ရ)၊ မပိုးပိုးတွင် ဝဲ/ယာလက်ဖူးယောင် ဒဏ်ရာ (၁)ချက်စီ(စိုးရိမ်ရ)၊ မငယ်ငယ်တွင် ခါးနာကျင်ဒဏ်ရာ(၁) ချက်(စိုးရိမ်ရ)၊ မမြင့်မြင့်အေးတွင် ယာပေါင်ဖူး ယောင်ဒဏ်ရာ(၁)ချက်၊ ယာမျက်ခုံးပေါက်ပြုဒဏ်ရာ(၁)ချက်(စိုးရိမ်ရ)၊ မရတီစုတွင် ဦးခေါင်းဝဲဘက် ဖူးယောင် (၁)ချက်(စိုးရိမ်ရ)၊ မယံယံတွင် နှာခေါင်းသွေးထွက်ဒဏ်ရာ(၁)ချက်(မစိုးရိမ်ရ)၊ မဌေးဌေးတွင် မျက်နှာ ဖူးယောင် ဒဏ်ရာ(၁)ချက်(မစိုးရိမ်)၊ ဦးမြင့်စိုးတွင် ဝဲဘက်မျက်ခုံးကွဲဒဏ်ရာ(၁)ချက်(မစိုးရိမ်ရ)၊ မလုံးလုံးတွင် ရင်ဘက်နာကျင် ဒဏ်ရာ(၁)ချက်၊ ဝဲပေါင်ဖူးယောင်နာကျင်ဒဏ်ရာ(၁)ချက်(မစိုးရိမ်ရ)၊ ကိုအေးဝင်းတွင် ဝဲ/ယာ ခြေ ထောက်နာကျင် ဒဏ်ရာ(၁)ချက်စီ(မစိုးရိမ်ရ)နှင့် ဖြိုးမောင်မောင်တွင် ခါးနာကျင်ဒဏ်ရာ(၁)ချက်(မစိုးရိမ်ရ) တို့ အသီးသီး ရရှိခဲ့ကြသဖြင့် ယက္ကန်းစင်တောင်ဆေးရုံမှ တဆင့် မန္တလေးဆေးရုံကြီးသို့ လွှဲပြောင်းကုသရန်ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ယာဉ်အားမဆင်မခြင်မောင်းနှင်သူ ကျော်ဇေယျအား ရေနံ့သာနယ်မြေရဲစခန်းမှ ယာဉ်(ပ) ၆/၂ဝ၁၇၊ ရာဇသတ်ကြီးဥပဒေပုဒ်မ-၂၇၉/၃၃၇/၃၃၈ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

စိုးကျော်သူထွေး(မတ္တရာ)

No comments:

Post a Comment