Monday, February 27, 2017

ပုလဲမြို့နယ်တွင် တရားမဝင်သစ် ပိတောက်တုံးနှင့်ပျဉ်းကတိုးခွဲသား ၃ တန်ကျော် ပိုင်ရှင်မဲ့သိမ်းဆည်းရမိ

ပုလဲ ဖေဖော်ဝါရီ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ပုလဲမြို့နယ်သစ်တောဦးစီးဌာနသည် တရားမဝင်သစ်များ ခိုးယူခြင်း ထုတ်လုပ်ခြင်း သယ်ဆောင်ခြင်း ခုတ်လှဲခြင်း လုပ်ငန်းများကို တားဆီးကာကွယ် ဖမ်းဆီးလျက်ရှိရာ ဖေဖော်ဝါရီ ၂၆ ရက် ညနေပိုင်းက တရားမဝင်သစ်ပိတောက်ခွဲသားနှင့် ပျဉ်းကတိုးခွဲသား ၃ တန်ကျော်ကို ပိုင်ရှင်မဲ့ သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ပုလဲမြို့နယ်သစ်တောဦးစီးဌာနတောအုပ်ဦးမျိုးမြင့်အောင်နှင့် ဝန်ထမ်းများသည် ဖေဖော်ဝါရီ၂၆ရက် ညနေ ၆ နာရီ ၃ဝ မိနစ်က အိုင်းမကျေးရွာ၏ အနောက်မြောက်ဘက် ၃ဖာလုံခန့်အကွာ တောစပ်သို့ သတင်းအရ ဝင်ရောက်ရှာဖွေရာ တရားမဝင်သစ် ပိတောက်ခွဲသား ၁၈တုံး (၂ဒသမ၆၁၆၆တန်)နှင့် ပျဉ်းကတိုးခွဲသား ၅တုံး (ဝဒသမ၆၈၃၄တန်)ကို ပိုင်ရှင်မဲ့ သိမ်းဆည်း ရမိခဲ့သည်။
အဆိုပါ ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့သော တရားမဝင်သစ် ပိတောက်ခွဲသားနှင့် ပျဉ်းကတိုးခွဲသား စုစုပေါင်း ၃ဒသမ၃တန်ကို ပုလဲမြို့နယ် အိုင်းမဘိနယ်သစ်တောစခန်းသို့ သယ်ဆောင်ထိန်းသိမ်းထားရှိမည်ဖြစ်ကြောင်းနှင့် တရားမဝင်သစ်များ ခုတ်လှဲခြင်း ခိုးယူခြင်း ထုတ်လုပ်ခြင်း သယ်ဆောင်ခြင်း လုပ်ငန်းဆောင်ရွက်နေသူများကို ဖော်ထုတ် ဖမ်းဆီးရမိရေးအတွက် နယ်မြေကွင်းဆင်းခြင်း လုပ်ငန်းကို အရှိန်တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးမိုးဟိန်း၏ ပြောကြားချက်အရ သိရသည်။

မြို့နယ် (ပြန်/ဆက်)

No comments:

Post a Comment