Tuesday, February 28, 2017

စစ်ကိုင်းပညာရေးတက္ကသိုလ်ကျောင်းသို့ စားသုံးသူအကာအကွယ်ပေးရေး အသိပညာပေး ဟောပြောဆွေးနွေး

စစ်ကိုင်း ဖေဖော်ဝါရီ ၂၈
စားသုံးသူများ လုံခြုံဖို့ အားလုံးပါဝင် ကာကွယ်စို့ဆိုသည့် ဆောင်ပုဒ်နှင့်အညီ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စစ်ကိုင်းခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူများ အကာအကွယ်ပေးရေး အသိပညာပေး ဟောပြောဆွေးနွေးပွဲကို ဖေဖော်ဝါရီ (၂၈)ရက် ၊ နံနက် (၉) နာရီ အချိန်က စစ်ကိုင်းပညာရေးတက္ကသိုလ်ကျောင်း ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ဒုတိယပါမောက္ခချုပ် ဒေါက်တာမျိုးသန့်က အဖွင့်အမှာစကား ပြောကြားသည်။

ဆက်လက်၍ စစ်ကိုင်းခရိုင် စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးခင်မောင်ဆန်း၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဌ ဦးဝင်းနိုင်၊ တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးခင်ဇော်နှင့် ခရိုင်ဦးစီးမှူး ဦးမြင့်စိုးတို့က စားသုံးသူ အကာအကွယ်ပေးရေးဥပဒေများ၊ အစားအသောက်မှ ဖြစ်ပွားတက်သည့် ရောဂါများ၊ စားဖိုချောင်မှ အန္တရာယ်ရှိ စားသောက် ကုန်များ၊ အန္တရာယ်ကင်းအောင် စားသောက်နည်း/ရှောင်ကြဉ်ရမဲ့ အကျင့်ဆိုးများ၊ စားသုံးသူများ၏ အဓိကတာဝန်များ/ ရပိုင်ခွင့် များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ ရပိုင်ခွင့်များ/တာဝန်များ/ဥပဒေအကြောင်းများကို အသီးသီးဟောပြော ဆွေးနွေးခဲ့ကြပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေစာအုပ် နှင့် အပတ်စဉ် ထုတ်စီးပွားရေးဂျာနယ်အား ပေးအပ်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ဒုတိယပါမောက္ခချုပ်နှင့် ဆရာ/ဆရာမများ ၊ ခရိုင်စီးမံခန့်ခွဲမှုကော်မတီ ဥက္ကဌနှင့်ဌာနဆိုင်ရာများ ၊ တိုင်းဒေသကြီး/ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးမှူးများနှင့်ဝန်ထမ်းများ၊ တက္ကသိုလ်တက်ရောက်နေကြသည့် ကျောင်းသား/ကျောင်းသူများ ၊ အခြားဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင် ပြန်/ဆက်

No comments:

Post a Comment