Monday, February 27, 2017

ထိုင်း-မြန်မာနှစ်နိုင်ငံ အကောက်ခွန်ဆိုင်ရာ လုပ်ငန်း ဆွေးနွေးပွဲ မယ်စဲ့မြို့၌ ကျင်းပ


မယ်စဲ့ ဖေဖော်ဝါရီ ၂၇
ကယားပြည်နယ် ဘောလခဲခရိုင်မယ်စဲ့မြို့၌ထိုင်း-မြန်မာနှစ်နိုင်ငံ အကောက်ခွန်ဆိုင်ရာ လုပ်ငန်းဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၂၇ ရက် ၁၀နာရီ ၄၅ မိနစ်က မယ်စဲ့မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသန့်က မိတ်ဆက်အဖွင့်အမှာစကားပြောကြားပြီး သက်ဆိုင်ရာဌာနများမှ မိတ်ဆက်စကားပြောကြားခဲ့သည်။
ဆက်လက်ပြီးထိုင်းနိုင်ငံမှ ကုန်သည်ကြီးများ၏ကုန်သွယ်ခွန်နှင့် ပတ်သက်သက်သည့်မေးမြန်းချက်များကို ထိုင်းနိုင်ငံ မယ်ဟောင်ဆောင် အသင်းဥက္ကဋ္ဌ ဝပ်ချလနှင့် လွိုင်ကော်မြို့နယ် အကောက်ခွန်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်မိုးကျော်တို့က ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြသည်။
အဆိုပါဆွေးနွေးပွဲသို့ မယ်ဟောင်ဆောင် ရဲမှူးခတ်တနာဆတ်နှင့် ထိုင်းနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်(၆၆)ဦး တက်ရောက်ခဲ့သည်။

ထိုင်းနိုင်ငံမယ်ဟောင်ဆောင်ခရိုင်မယ်ဟောင်ဆောင်မြို့တွင် ကျင်းပပြုလုပ်မည့်ငါးခရိုင် (ချင်းမိုင်၊ ချင်းရိုင်၊ လန်းဖွန်း၊ လန်းပန်း၊ မယ်ဟောင်ဆောင်) ဈေးရောင်းပွဲတော်သို့ ကယားပြည်နယ် ကုန်သည်ကြီးများအသင်းမှ သွားရောက်မည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

No comments:

Post a Comment