လယ်ဝေး ဖေဖော်ဝါရီ
၂၈
စိုက်ပျိုရေး၊ မွေးမြူရေးနှင့်
ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း၍
လူထုဗဟိုပြုစီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရန် အရေးကြီးသော ကျားမရေးရာ ကဏ္ဍ
တိုးတက်လာစေရေးအတွက် လူထုစည်းရုံးရေး သင်တန်း(၂/၂၀၁၇) ကို
ဖေဖော်ဝါရီ ၂၇ရက် နံနက်၉နာရီက ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌
ဖွင့်လှစ်ခဲ့သည်။
လူထုစည်းရုံးရေးမှူးများအား
ကျားမရေးရာသင်တန်းများဖွင့်လှစ်ခြင်းဖြင့် လယ်ဝေးမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု
၆၀ အုပ်စုမှ ကျေးရွာပေါင်း ၂၆၁ ရွာတွင် ကျေးရွာစီမံကိန်း လုပ်ငန်းခွဲများ
အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လူထုစည်းရုံးရေးမှူးများ
ကျေးရွာစီမံကိန်းအထောက်အကူပြု ကော်မတီများအား စီမံကိန်းအတွက်ကြိုတင်ပြင်ဆင်ခြင်း၊
ကျေးရွာဖွံ့ဖြိုးရေး စီမံချက်ရေးဆွဲခြင်း၊ စီမံကိန်းအကောင်အထည်ဖော်ခြင်း၊ စီမံကိန်းလုပ်ငန်းစောင့်ကြည့်ကြီးကြပ်ခြင်း
စီမံကိန်းလည်ပတ် ထိန်းသိမ်းခြင်းလုပ်ငန်း စီမံကိန်းစက်ဝန်းတလျောက်လုံးတွင်ကျားမရေးရာပါဝင်လာနိုင်စေရန်
လူထု စည်းရုံးရေးမှူးများမှ ကျေးရွာစီမံကိန်း အထောက်အကူပြုကော်မတီများအား ဆင့်ပွားသင်တန်းများ
လွယ်ကူစွာ ပြန်လည်ပံ့ပိုးနိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါသင်တန်းကို
ဖေဖော်ဝါရီ ၂၇ ရက်နေ့မှ ၂၈ နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းနှင့် လူထုစည်းရုံးရေးမှူး
လက်ထောက်နည်းပညာမှူး စုစုပေါင်း ၅၃ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
လယ်ဝေး (ပြန်/ဆက်)
No comments:
Post a Comment