Tuesday, February 28, 2017

စလင်းမြို့နယ်မှ အသက် (၁၁၆) နှစ်ရှိ အဘိုးဦးမိုးအေးအား ထောက်ပံ့လှူဒါန်းငွေနှင့် အထူးကျန်းမာရေးစောင့်ရှောက်ပေး

မင်းဘူး ဖေဖော်ဝါရီ  ၂၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ကျွန်းရင်းကျေးရွာအုပ်စု၊ လေးအိမ်စုကျေးရွာမှ အသက် (၁၁၆) နှစ်ရှိ အဘိုးဦးမိုးအေးအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးနေမျိုးကျော်၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးဆန်းလင်းနှင့် စလင်းမြို့နယ် ဌာနဆိုင်ရာများလိုက်ပါ၍ ဖေဖော်ဝါရီ ၂၇ ရက်နေ့က  ထောက်ပံ့လှူဒါန်းငွေနှင့် အထူးကျန်းမာရေး စောင့်ရှောက်မှုများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့လှူဒါန်းရာတွင် တိုင်းဒေသကြီး ၀န်ကြီးဦးနေမျိုးကျော်မှ ထောက်ပံ့လှူဒါန်းငွေ ကျပ်တစ်သိန်းနှင့် တိုင်းဒေသကြီးဥပဒေချုပ် ဦးဆန်းလင်းက ကျပ်ငါးသောင်းထောက်ပံ့လှူဒါန်းခဲ့ပြီး လင်းဇင်းတိုက်နယ် ဆေးရုံရှိတိုက်နယ်ဆရာဝန်မှ အထူးကျန်းမာရေး စောင့်ရှောက်မူဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ဖိုးပြည့်

No comments:

Post a Comment