Tuesday, February 28, 2017

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယ၀န်ကြီးချုပ် မစ္စတာ ဟော်နမ်ဟောင်အား လက်ခံတွေ့ဆုံ


နေပြည်တော် ဖေဖော်ဝါရီ ၂၈

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ကမ္ဘောဒီးယား နိုင်ငံ ဒုတိယ၀န်ကြီးချုပ် မစ္စတာ ဟော်နမ်ဟောင် ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား ယနေ့နံနက်(၁၀)နာရီတွင် နိုင်ငံတော် သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ရေး၊ ခရီး သွားလုပ်ငန်းနှင့် လမ်းပန်းဆက်သွယ်ရေး ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံ ယဉ်ကျေးမှုနှင့် နိုင်ငံရေးဖြစ်ပေါ် တိုးတက်မှု အခြေအနေများကို အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဦးအုန်းမောင်၊ ဒုတိယ ၀န်ကြီး ဦးမင်းသူ၊ ဦးကျော်မျိုးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 (သတင်းစဉ်)

No comments:

Post a Comment