Tuesday, February 28, 2017

စလင်းမြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကဒ်ပြားပေးအပ်ပွဲကျင်းပ

စလင်း ဖေဖော်ဝါရီ  ၂၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက် (၁၁)နာရီက ရွှေပြောင်းလုပ်သားများ အိမ်ထောင်စုနှင့် မှတ်ပုံတင် တစ်မျိုးမျိုးထုတ်ပေးနိုင်ရေးအတွက် ကြိုတင် ဆောင်ရွက်မှု လုပ်ငန်းကြီးကြပ်ရေးအဖွဲ့များနှင့် တွေ့ဆုံပွဲ အခမ်းအနားကျင်းပဆောင်ရွက်ခဲ့ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးနေမျိုးကျော် တက်ရောက်အမှာစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။

အဆိုပါအခမ်းအနားသို့ တက်ရောက်လာသည့် စလင်းမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာအကြီးအကဲများနှင့် ၀န်ထမ်းများ၊ ရပ်ကွက်/ ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများက ရွှေ့ပြောင်းလုပ်သားများ အိမ်ထောင်စုနှင့်မှတ်ပုံတင်တစ်မျိုးမျိုး ထုတ်ပေး နိုင်ရေးအတွက် လုပ်ငန်းဆောင်ရွက်နေမှု တင်ပြချက်များအပေါ် သိရှိလိုသည်များမေးမြန်ရာ တိုင်းဒေသကြီးဝန်ကြီးမှ ပြန်လည် ဆွေးနွေးရှင်းလင်း ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ထို့နောက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီး ဦးနေမျိုးကျော်၊ မကွေးတိုင်းဒေသကြီး ဥပဒေချုပ် ဦးဆန်းလင်းနှင့်မြို့နယ် အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ ပါဝင်သောအဖွဲ့သည် စလင်းမြို့နယ် ညောင်(လင်းဇင်း)ကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ညောင်(လင်ဇင်း)၊ ဂွေးပင်ဇင်၊ ကျွန်းရင်း၊ စွယ်တည်၊ ဆည်ကန်ကျေးရွာအုပ်စုတို့မှ အသက်(၁၀)နှစ်ပြည့်ပြီးသူ (၂၄၆) ဦးတို့အား နိုင်ငံသားစိစစ်ရေး ကဒ်ပြားများကို ပေးအပ်ပွဲအခမ်းအနား ဆောင်ရွက်ခဲ့ပြီး ပြည်သူများလက်ဝယ်သို့ ပေးအပ် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ဖိုးပြည့်

No comments:

Post a Comment