Tuesday, February 28, 2017

မြောက်ဦးမြို့၌ မီးဘေးအန္တရယ်ကာကွယ်ရေးအတွက် မြို့တွင်းလှည့်လည် အသိပေးကြော်ငြာ

မြောက်ဦး ဖေဖော်ဝါရီ ၂၈
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့တွင် နွေရာသီမီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်မီးသတ် ဦးစီးဌာနမှ ၀န်ထမ်းများနှင့်ပူးပေါင်း အဖွဲ့သည် ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်နေ့က မြိျု့တွင်းသို့လှည့်လည် အသိပေး ကြော်ငြာခဲ့ကြောင်း သိရသည်။

ယခုအခါတွင် ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်သဖြင့် အပူချိန်မြင့်တက်လာပြီဖြစ်၍ မြို့နယ်မီးသတ် ဦးစီးဌာနဦးစီးမှူး ဦးစံထွန်းနှင့်တပ်ဖွဲ့ဝင်များသည် မြို့နယ်မီးဘေးလုံခြုံရေးအဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ပါဝင်သောအဖွဲ့သည် မြို့နယ်အတွင်း မီးဘေးအန္တရယ်ကင်းရှင်းရေးအတွက် စက်သုံးဆီ အရောင်းဆိုင်များတွင် မီးသတ်ဆေးဗူးများ ထားရှိကြရန်နှင့် မီးသတ်ဆေးဗူး များ အသုံးပြုပုံများ၊ ဆီပီပါနှင့်ဆီပုံးများ စနစ်တကျထားရှိရေးတို့ကို အသိပေးကြော်ငြာခဲ့ကြောင်း သိရသည်။
ထို့နောက် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးနိုးဆော်ချက်များကို အများပြည်သူများ မီးဘေး အန္တရာယ် အသိပညာများကို သိရှိစေရန်အတွက် မြို့နယ်မီးသတ်တပ်ဖွဲ့မှမြို့နယ် မီးဘေးလုံခြုံရေးအဖွဲ့တို့က ညနေ ၆ နာရီမှစ၍ မြို့တွင်းသို့ အသံချဲ့စက်ဖြင့် မီးဘေးကြိုတင်ကာကွယ်ရေး လျှပ်စစ်ပေါင်း၊ ထင်း၊ မီးသွေးသုံးခြင်းနှင့် ဘုရားမီးပူဇော်မှုများ သတိပြုအသုံးပြုကြရန် သတိပေးချက်များ လိုက်လံကြေငြာခဲ့ကြောင်း သတင်းရရှိသည်။

ခရိုင်ပြန်/ဆက်

No comments:

Post a Comment