Monday, February 27, 2017

မွေးမြူရေးစနစ်ဖြင့်မိသားစုအတွင်း တစ်ဖက်တစ်လမ်းဝင်ငွေရရှိရေး ပူတာအို၌ အသိပညာပေး ဟောပြော

ပူတာအို     ဖေဖော်ဝါရီ     ၂၇

ကချင်ပြည်နယ် ပူတာအိုမြို့နယ် ပမ္မတီးအုပ်စု နမ်ရှယ်ကျေးရွာတွင် ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီး ဌာနက ကျေးလက်နေ ပြည်သူများ ကျွဲ ၊ နွား ၊၀က် ၊ ကြက် မွေးမြူရေးစနစ်ဖြင့် မိသားစုအတွင်း တစ်ဖက်တစ် လမ်းမှဝင်ငွေရရှိရေး အသိပညာပေး ဟောပြောပွဲကို ဖေဖော်ဝါရီ(၂၆)ရက် မွှန်းလွှဲ(၁)နာရီက ပူတာအိုမြို့နယ် နမ်ရှယ်ကျေးရွာ မောရိယ အေဂျီ ဘုရားကျောင်းကျင်းပသည်။


အခမ်းအနားတွင် ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါက်တာသန်းမြင့်က ကျွဲ ၊ နွား ၊၀က် ၊ ကြက် မွေးမြူရေးစနစ်ဖြင့် မိသားစုအတွင်း      တစ်ဖက်တစ်လမ်းဝင်ငွေရရှိရေး ၊ တိရိစ္ဆာန်များတွင်ကျ ရောက်တတ်သော ရောဂါများ အကြောင်းနှင့်   ကာကွယ်ရမည့်နည်းလမ်းများကို အကျယ်တ၀င့် အသိပညာပေး ဟောပြောပြီး ကျွဲ ၊ နွား ၊ ၀က် ၊ ကြက်   မွေးမြူရေး အသိပညာပေးလက်ကမ်းစာစောင်(၈)မျိုးကို တက်ရောက် လာသည့် သင်းအုပ်ဆရာကြီး သိက္ခာတော်ရ ချန်တန်ဖုန် ၊   သင်းထောက်အဖွဲ့များနှင့်အသင်းသူအသင်းသား များအားဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။


ခရိုင် (ပြန်/ဆက်)

No comments:

Post a Comment