Monday, February 27, 2017

ကျောက်ဆည်ခရိုင်နှင့် မိတ္ထီလာခရိုင်နယ်စပ်တွင် Sim Card အသုံးပြု၍ အလိုအလျောက် ဓာတ်အားဖြတ်တောက် ပေးနိုင်သော 33KV Line Sectionalizer အားတပ်ဆင်

မြစ်သား ဖေဖေါ်ဝါရီ ၂၇
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေး လုပ်ငန်းက ကျောက်ဆည်ခရိုင်နှင့် မိတ္ထီလာ ခရိုင်နယ်စပ်တွင် Sim Card အသုံးပြုအလိုအလျောက် ဓာတ်အားဖြတ်တောက်ပေးနိုင်သော 33KV Line Sectionalizer အား ဖေဖေါ်ဝါရီ ၂၆ ရက် နေ့က တပ်ဆင်ပြီးစီးခဲ့ကြောင်း သိရသည်။

ကျောက်ဆည်ခရိုင်အတွင်းရှိ 132/33/11KV  အင်းကုန်းပင်မဓာတ်အားခွဲရုံမှ  33KV အင်းကုန်း-မြစ်သား-ကူမဲဓာတ်အား လိုင်းသည် ကျောက်ဆည်၊ မြစ်သား၊ ကူမဲ မြို့များအပြင် မိတ္ထီလာခရိုင် ၀မ်းတွင်းမြို့နယ်သို့ အဓိက ဆက်သွယ်ပေးထားသော ဓာတ်အားလိုင်းဖြစ်ပြီး လိုင်းအလျားပမာဏရှည်လျားလျက်ရှိရာ ယခုလို 33KV Line Sectionalizer ကို တပ်ဆင်ခြင်းအားဖြင့် လိုင်းအပြစ်ဖြစ်ပါက အလိုအလျောက်ဓာတ်အား ဖြတ်တောက်ပေးခြင်း၊ GSM Hand Phone ဖြင့် Command ပေး၍ မိမိဓာတ်အားခွဲရုံမှပင် ဓာတ်အားပြတ်တောက်သွားသောအပိုင်းကို Sim Card အသုံးပြုဓာတ်အားအတင်အချပြုလုပ်နိုင်ခြင်း၊ အင်းကုန်းပင်မခွဲရုံမှ ထရန်စဖော်မာနှင့် Protection Devices များကို သက်တမ်းကြာရှည်စွာ သုံးစွဲခံနိုင်စေခြင်း၊ လိုင်းအပြစ်ဖြစ်ပါက လျင်မြန်စွာ ပြုပြင်ပေးနိုင်သဖြင့် ဓာတ်အားပြတ်တောက်ချိန် နည်းပါးသွားစေခြင်း၊ ဓာတ်အားဖြန့်ဖြူးမှုစနစ် ပိုမိုကောင်းမွန်စေခြင်းနှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းစေခြင်းစသည့် အကျိုး ကျေးဇူးများကို ရရှိခံစားရစေမှာဖြစ်ကြောင်း ကျောက်ဆည်ခရိုင် လျှပ်စစ်မန်နေဂျာ ဦးမင်းမင်းထံမှ သိရသည်။
အဆိုပါ 33KV Line Sectionalizer အား ကျောက်ဆည်ခရိုင် နှင့်ကူမဲ၊ မြစ်သားမြို့နယ် လျှပ်စစ် မန်နေဂျာရုံးများမှ ၀န်ထမ်းများက ပူးပေါင်းတပ်ဆင်ခဲ့ကြခြင်းဖြစ်ကြာင်း သတင်းရရှိသည်။

ရဲဝင်းထွန်း(မြစ်သား)

No comments:

Post a Comment