Saturday, February 25, 2017

စားသုံးသူပြည်သူများသို့ အသိပေးကြေညာချက် ဆိုင်းဘုတ်စိုက်ထူခြင်းနှင့် စားသုံးရန်မသင့်သော အစိမ်းရောင် ခေါက်ဆွဲခြောက်ထုပ်များ မီးရှို့ဖျက်ဆီး

အင်းတော် ဖေဖော်ဝါရီ ၂၅
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ စားသုံးသူ ပြည်သူများသို့ အသိပေးကြေညာချက် ဆိုင်းဘုတ်စိုက်ထူခြင်းနှင့် ပြည်သူများစားသုံးရန်မသင့်သော အစိမ်းရောင် ခေါက်ဆွဲခြောက်ထုပ်များ မီးရှို့ဖျက်ဆီးခြင်းကို စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့၊ မြို့လယ်၊ တြိဂံလမ်းဆုံ လမ်းဘေးတွင် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်နေ့ ညနေ ၄ နာရီအချိန်က ဆောက်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါဆိုင်းဘုတ်တွင်  စားသုံးသူအခွင့်အရေး၊ စားသုံးသူများ ကုန်ပစ္စည်းနှင့်ဝန်ဆောင်မှုများ ၀ယ်ယူခြင်းမပြုမီ သတိပြုရမည့်အချက်များ၊ လုပ်ငန်းရှင်တာဝန်များ၊ ကုန်ပစ္စည်းနှင့်ဝန်ဆောင်မှုများကြောင့် ထိခိုက်နစ်နာမှုများရှိပါက တိုင်ကြားနိုင်ခွင့် တရားစွဲဆိုပိုင်ခွင့် ကြားနာနိုင်ခွင့်များ၊ လုပ်ငန်းရှင် လိုက်နာရမည့်အချက်များနှင့် အရေးယူဆောင်ရွက် ခြင်းများစသည့် အကြောင်းအရာများကို မြို့နယ်အတွင်းရှိပြည်သူများ ကျုယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ရည်ရွယ်၍ ဆိုင်းဘုတ်စိုက်ထူ ကြေညာထားခြင်းဖြစ်သည်။

ထို့နောက် အင်းတော်မြို့ မြို့မဈေးအတွင်း ဖေဖော်ဝါရီ ၂၂ ရက်နေ့က စားသုံးရန်မသင့်သော ကုန်ပစ္စည်းများရောင်းချနေမှု ရှိ-မရှိ စစ်ဆေးခဲ့စဉ်က နမူနာရယူထားသည့် ပြည်သူများနားမလည်သော အစိမ်းရောင် ခေါက်ဆွဲခြောက်ထုပ် (၉) ထုပ် အား မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကြည်နိုင်ဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက အဆိုပါ ဆိုင်းဘုတ်ရှေ့တွင် မီးရှို့ဖျက်ဆီးခဲ့ကြကြောင်း သတင်းရရှိသည်။

No comments:

Post a Comment