Tuesday, February 28, 2017

ဌာနဆိုင်ရာများနှင့်ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများတွေ့ဆုံဆွေးနွေး

ညောင်တုန်း ဖေဖော်ဝါရီ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ တွေ့ဆုံဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ၂၈ ရက် နေ့ နံနက် ၁၀ နာရီတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါအစည်းအဝေးတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆန်းမှ အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဘော်က တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့် ကာလကို မကြာမီရောက်တော့မည် ဖြစ်သည့်အတွက် ကျောင်းသား/ကျောင်းသူများအား စာကျက်ရာတွင် အနှောင့်အယှက် မဖြစ်စေရန်အတွက် အသံချဲ့စက်များအား ဆူညံစွာမဖွင့်ရန်နှင့် လုံခြုံရေးအထူး ဂရုပြုဆောင်ရွက်ရန် ပြောကြားခဲ့သည်။ ထို့နောက် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၏ သိလိုသည့်မေးမြန်းချက်များကို မြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးအောင်ဘော်၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းခဲ့ကြောင်း သိရသည်။

(မြို့နယ် ပြန်/ဆက်)

No comments:

Post a Comment