Monday, February 27, 2017

စေတုတ္တရာမြို့တွင် စက်မှုနှင့်အသက်မွေးပညာ ရွေ့လျားသင်တန်း ဖွင့်လှစ်

စေတုတ္တရာ         ဖေဖော်ဝါရီ          ၂၇
လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေးနှင့် ဒေသ ဖွံ့ဖြိုးရေး၊ ဆင်းရဲနွမ်းပါးမှု လျော့ချရေးတို့အတွက် ရည်ရွယ်၍ မင်းဘူးခရိုင် စေတုတ္တရာမြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ မကွေးတိုင်း ဒေသကြီး အစိုးရအဖွဲ့နှင့် စက်မှုဝန်ကြီးဌာနတို့ ပူးပေါင်း၍ စက်မှုနှင့် အသက်မွေးပညာ ရွေ့လျားသင်တန်းဖွင့်ပွဲကို ဖေဖော်ဝါရီလ ၂၇ရက် နံနက်(၈)နာရီက ကျင်းပခဲ့သည်။

အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီး ဦးနေမျိုးကျော်က သင်တန်း ဖွင့်အမှာစကား ပြောကြားပေးပြီး  စက်မှုပူးပေါင်း ဆောင်ရွက်ရေးဦးစီးဌာန အမှတ်(၄) စက်မှုသင်တန်းကျောင်း (ပခုက္ကူ) ကျောင်းအုပ်ကြီး ဦးရဲထွဋ်ဇော်က သင်တန်းနှင့်ပတ်သက်သည်များကို ရှင်းလင်း ပြောကြားသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်အောင်လွင်မှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားသည်။
အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးနှင့်အတူ ပြည်သူလွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်ဌာန ဆိုင်ရာ အကြီးအကဲများ၊ ရပ်မိရပ်ဖများ တက်ရောက်ကာ စေတုတ္တရာမြို့နယ်အတွင်းမှ သင်တန်းသား(၃၆)ဦး တက်ရောက်ပြီး သင်တန်း ကာလမှာ မတ်လ ၁၂ ရက်နေ့ထိ ဖြစ်ကြောင်း သတင်းရရှိသည်။

မြို့နယ် (ပြန်/ဆက်)

No comments:

Post a Comment