Showing posts with label အယ်ဒီတာ့အာဘော်. Show all posts
Showing posts with label အယ်ဒီတာ့အာဘော်. Show all posts

Friday, October 16, 2026

နိုင်ငံခြားငွေသုံးစွဲမှုလျှော့ချနိုင်ရေး စွမ်းအင်လိုအပ်ချက်ဖြည့်ဆည်းပေး

 



စက်ရုံတစ်ရုံတည်ဆောက်ပြီးစီးမှု ဂုဏ်ပြုသည့် သမိုင်းမှတ်တိုင်တစ်ခုသာမက နိုင်ငံတော်၏ စွမ်းအင်လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်၊ ပြည်တွင်းထုတ်လုပ်မှု စွမ်းရည်မြှင့်တင်ရန်နှင့် ရေရှည်တည်တံ့သည့် စွမ်းအင်လုံခြုံမှုကို တည်ဆောက်ရန်အတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန သန်လျင်ရေနံချက်စက်ရုံ (အပိုင်း-၁) ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၁၄ ရက်က သန်လျင်မြို့ရှိ အဆိုပါစက်ရုံနေရာ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ဖွင့်လှစ်ပေးပြီး ဂုဏ်ပြုအမှာစကားပြောကြားခဲ့သည်။

ယနေ့တီထွင်ဆန်းသစ်မှ အာဟာရပြည့်ဝ အနာဂတ်လှ

 



မျက်မှောက်ကာလ ကမ္ဘာကြီးတွင် ပဋိပက္ခဖြစ်ပွားမှုများ၊ ရာသီဥတုပြောင်းလဲဖောက်ပြန်မှုနှင့် စီးပွားရေးမတည်ငြိမ်မှုများကြောင့် စားနပ်ရိက္ခာပြဿနာသည် လွန်စွာစိုးရိမ်ဖွယ်ရာအခြေအနေသို့ ရောက်ရှိနေသည်။ ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်များအရ ကမ္ဘာတစ်ဝန်း စားနပ်ရိက္ခာမလုံလောက်မှု ပြဿနာသည် ဆယ်စုနှစ်တစ်ခုအတွင်း သိသိသာသာ ဆိုးရွားလာသည်ဟုဆိုသည်။ ကမ္ဘာ့လူဦးရေ၏ ၇ ဒသမ ၈ ရာခိုင်နှုန်း (လူဦးရေ ၆၄၅သန်း ခန့်) သည် ဆာလောင်မွတ်သိပ်မှုဒဏ်ကို တိုက်ရိုက်ရင်ဆိုင်နေရပြီး လူ ၂ ဒသမ ၁ ဘီလီယံကျော်တို့မှာ မျှတသောအာဟာရကို ပုံမှန်မရရှိဘဲ အလယ်အလတ် သို့မဟုတ် ပြင်းထန်သော စားနပ်ရိက္ခာ မလုံလောက်မှုပြဿနာနှင့် ရင်ဆိုင်နေကြရသည်။

Thursday, October 15, 2026

ဆင်ခြင်သုံးသပ်ဝေဖန်ပိုင်းခြားနိုင်သည့် အသိဉာဏ်ပညာဖြင့်ခံယူတည်ဆောက်

 


မြန်မာနိုင်ငံ၏ သမိုင်းကြောင်းတစ်လျှောက်၌ နိုင်ငံတော်၏ပြောင်းလဲဖြစ်ပေါ်ခဲ့သည့် အကြောင်းတရားများကို သုံးသပ်ကြည့်လျှင် ဆင်ခြင်သုံးသပ်ဝေဖန်ပိုင်းခြားနိုင်သည့် အသိဉာဏ်ပညာကိုအခြေခံသော ယုံကြည်ချက်၊ ခံယူချက်များ အားနည်းခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ပညာရေးသမိုင်း၌ ပညာတတ်သူ နည်းပါးခြင်းကြောင့်လည်းကောင်း၊ အသိဉာဏ်ပညာကောင်းသည့် ပညာတတ်များဖြစ်ထွန်းသော်လည်း လွဲမှားသောဝါဒနှင့်ခံယူချက်များကြောင့်လည်းကောင်း တိုင်းပြည်၏အနာဂတ်သည် ကြမ်းတမ်းခက်ထန်ပြီး မဖြောင့်ဖြူးခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။

ပြည်သူကို စာနာထောက်ထား

 


တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (Nationwide Ceasefire Agreement- NCA)သည် ယနေ့ (အောက်တိုဘာ ၁၅ ရက်နေ့) တွင် (၁၁) နှစ်မြောက် နှစ်ပတ်လည်နေ့သို့ ရောက်ရှိခဲ့ပြီဖြစ်သည်။ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့တွင် ထိုစဉ်က နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရနှင့် တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (၈)ဖွဲ့(KNU ၊ DKBA ၊ KNU/KNLA-PC ၊ CNF ၊ PNLO ၊ ABSDF ၊ ALP ၊ RCSS) တို့ လက်မှတ်ရေးထိုးခဲ့ကြရာ နိုင်ငံတကာ အသိသက်သေများဖြစ်သော ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ထိုင်း နိုင်ငံတို့မှ သံတမန်များ၊ ပြည်တွင်း အသိသက်သေများ ပါဝင်လက်မှတ် ရေးထိုးခဲ့ကြသည်။

Wednesday, October 14, 2026

ပြည်သူအားလုံးသက်တမ်းစေ့နေနိုင်ရေး ရောဂါဘယကင်းဝေးရေးကြိုးပမ်း


ကျန်းမာရေးဝန်ကြီးဌာန ဆေးတက္ကသိုလ်အသီးသီးမှ မွေးထုတ်ပေးလိုက်သော ဆရာဝန်(သစ်လွင်)များနှင့် သွားနှင့်ခံတွင်းဆရာဝန်(သစ်လွင်)များအား နိုင်ငံ့ဝန်ထမ်း ပြန်တမ်းဝင်အရာရှိအဖြစ် တာဝန်ပေးအပ်ခြင်း ခန့်အပ်လွှာပေးအပ်ပွဲအခမ်းအနားကို အောက်တိုဘာလ ၁၂ ရက်နေ့က ရန်ကုန်မြို့ မြန်မာကွန်ဗင်းရှင်းစင်တာ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်ပြီး မိမိတို့၏ ပညာ၊ အချိန်၊ အင်အားနှင့် စေတနာတို့ကို ပြည်သူ့ကျန်းမာရေးအတွက် အကောင်းဆုံးအသုံးချကြရန် တိုက်တွန်းပြောကြားသည်။

ဘေးဒဏ်ကြံ့ကြံ့ခံနိုင်ဖို့ နေအိမ်များမှ စတင်စို့


မြန်မာနိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ ထိခိုက်ဆုံးရှုံးနိုင်ခြေညွှန်းကိန်းအရ ထိခိုက်ဆုံးရှုံးနိုင်ခြေ အမြင့်မားဆုံးနိုင်ငံ ၁ဝ နိုင်ငံအနက် ဆဋ္ဌမမြောက်နေရာတွင် ပါဝင်နေသည့်နိုင်ငံဖြစ်သည်။ ရှည်လျားသည့်ပင်လယ်ကမ်းရိုးတန်းများ၊ နိုင်ငံတစ်ဝန်းတွင်ရှိနေသည့် မြစ်ချောင်းများ၊ တောင်ကုန်းတောင်တန်းများ၊ နိုင်ငံ၏အလယ်တွင် ကျောရိုးသဖွယ် မြောက်မှတောင်သို့ တန်းလျက်ရှိနေသော ရှင်သန်နေဆဲဖြစ်သည့် စစ်ကိုင်းပြတ်ရွေ့နှင့် အခြားပြတ်ရွေ့ငယ်များ စသည့် ပထဝီအနေအထားတို့အရ မုန်တိုင်းတိုက်ခတ်ခြင်း၊ ဆူနာမီလှိုင်းရိုက်ခတ်ခြင်း၊ ရေကြီးရေလျှံခြင်း၊ တောင်ပြိုမြေပြိုခြင်း၊ ရုတ်တရက်ရေကြီးခြင်း၊ မိုးကြိုးပစ်ခြင်း၊ ငလျင်လှုပ်ခြင်း၊ တောမီးလောင်ခြင်းစသည့် သဘာဝဘေးအန္တရာယ်အမျိုးမျိုးတို့ ဖြစ်ပေါ်လေ့ရှိသည်။

Tuesday, October 13, 2026

နိုင်ငံ့စီးပွားမြင့်မားတိုးတက်လာရေး နိုင်ငံချစ်စိတ်ဖြင့်ဝိုင်းဝန်းကြိုးပမ်း


မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအဓိကအခြေခံအားပြုနေသည့် နိုင်ငံဖြစ်သည်။ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဖြင့် ကုန်ထုတ်စွမ်းအားမြင့်မားတိုးတက်ရေး၊ စားရေရိက္ခာဖူလုံရေး၊ နိုင်ငံ့စီးပွားမြင့်မားရေး၊ လူမှုစီးပွားတိုးတက်ရေးတို့ကို အလေးထားဆောင်ရွက်လျက်ရှိသည်။ လယ်ယာကဏ္ဍမြင့်မားတိုးတက်ရေးဆောင်ရွက်ရာတွင် လယ်ယာထွက်ကုန်မှ တန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်ရေး၊ MSME လုပ်ငန်းများမှ ပြည်တွင်းစားသုံးမှုနှင့် ပြည်ပပို့ကုန်ဈေးကွက်အထိ တန်ဖိုးကွင်းဆက်တစ်လျှောက်ချိတ်ဆက်ပြီး နိုင်ငံ့ထုတ်ကုန်တိုးတက်လာစေရေးအတွက် “လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်မှုမှသည် နိုင်ငံ့ထုတ်ကုန်တိုးတက်မှုသို့” အမျိုးသားအဆင့်အလုပ်ရုံဆွေးနွေးပွဲကို ပြီးခဲ့သည့်လက ကျင်းပပြုလုပ်ခဲ့သည်။

ရေရှည်အကျိုးဖြစ်ထွန်းစေနိုင်မည့်ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ


မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အားကို အရင်းအမြစ်အမျိုးမျိုးမှထုတ်လုပ်လျက်ရှိရာ ရေအားလျှပ်စစ်၊ သဘာဝဓာတ်ငွေ့၊ ကျောက်မီးသွေး၊ နေရောင်ခြည်စွမ်းအင်စသည်တို့မှာ အဓိကအရင်းအမြစ်များ ဖြစ်သည်။ မြန်မာနိုင်ငံ၏ စုစုပေါင်းလျှပ်စစ်ဓာတ်အား စက်တပ်ဆင်နိုင်မှုပမာဏမှာ ၆၃၅၇ မဂ္ဂါဝပ်ခန့်ရှိသည်။ အရင်းအမြစ်အလိုက် ဓာတ်အားထုတ်လုပ်မှုအနေဖြင့် ရေအားလျှပ်စစ် ၅၁ ရာခိုင်နှုန်း၊ သဘာဝဓာတ်ငွေ့ ၄၀ ရာခိုင်နှုန်း၊ နေရောင်ခြည်စွမ်းအင် ၄ ရာခိုင်နှုန်း၊ ဒီဇယ် ၃ ရာခိုင်နှုန်း နှင့် ကျောက်မီးသွေး ၂ ရာခိုင်နှုန်းရှိကြသည်။ ရာသီအလိုက် ဓာတ်အားထုတ်လုပ်မှုမှာ သိသိသာသာကွာခြားပြီး နေ့စဉ်လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု မဂ္ဂါဝပ်နာရီ(MWh) ၆၉၀၀၀ မှ ၇၀၀၀၀ ခန့်၊ နေ့စဉ် ပျမ်းမျှ ဓာတ်အားဖြန့်ဖြူးမှု ယူနစ်သန်း ၇၀ ခန့်ရှိသည်ဟု သိရသည်။

Monday, October 12, 2026

အချုပ်အခြာအာဏာနှင့်ဂုဏ်သိက္ခာ ထိန်းသိမ်းကာကွယ်စောင့်ရှောက်

 

ကမ္ဘာပေါ်ရှိ မည်သည့်နိုင်ငံ၊ မည်သည့်လူမျိုးမဆို မိမိနိုင်ငံနှင့် မိမိလူမျိုးကို ချစ်မြတ်နိုးကြသလို မိမိနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် မိမိနိုင်ငံ၏ ဂုဏ်သိက္ခာကို အထိပါးမခံဘဲ ကာကွယ်စောင့်ရှောက်ကြသည်ကို တွေ့မြင်နေရသည်။ နိုင်ငံအများစု၌ နိုင်ငံရေးအရ ယုံကြည်ချက်၊ ခံယူချက် မတူကွဲပြားမှုရှိကြသော်လည်း မိမိယုံကြည်ရာကို ဆောင်ရွက်ရာ၌ နိုင်ငံနှင့်လူမျိုးကို မထိခိုက်စေဘဲ ကဏ္ဍခွဲ၍ ဆောင်ရွက်ကြသည်ကို တွေ့နိုင်သည်။ မြန်မာနိုင်ငံ၏ နိုင်ငံရေးဘဝ၊ လူမှုဘဝအခြေအနေတို့ကို သုံးသပ်ကြည့်မည်ဆိုပါက မိမိနိုင်ငံနှင့် မိမိလူမျိုး ပျက်စီးရာပျက်စီးကြောင်း ပြုလုပ်နေသူများရှိနေသည်ကို စိတ်မကောင်းဖွယ်တွေ့ရမည်ဖြစ်သည်။

တစိုက်မတ်မတ် တိုက်ဖျက်သွားရမည့် တိုင်းပြည်၏အန္တရာယ် အဂတိလိုက်စားမှု

 

နိုင်ငံတကာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ (Transparency International)၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံသည် အဂတိလိုက်စားမှုအညွှန်းကိန်း (CPI)တွင် အမှတ် ၁၀၀ ၌ ၁၆ မှတ်သာ ရရှိထားပြီး ကမ္ဘာ့နိုင်ငံပေါင်း ၁၈၂ နိုင်ငံအနက် အဆင့် ၁၆၉ နေရာတွင် ရှိနေသည်ဟုဆိုသည်။ အဂတိလိုက်စားမှု အညွှန်းကိန်းတွင် သုညသည် အဂတိလိုက်စားမှု အများဆုံးဖြစ်ပြီး ၁၀၀ သည် အသန့်ရှင်းဆုံးကို ကိုယ်စားပြုသည်။

Saturday, October 10, 2026

အပြန်အလှန်နားလည်မှု၊ ယုံကြည်မှု နှစ်နိုင်ငံရလဒ်ကောင်းများပေါ်ထွက်

 



မလေးရှားနိုင်ငံဝန်ကြီးချုပ် ဒါတိုဆရီ အန်နဝါဘင် အီဘရာဟင်၏ ဖိတ်ကြားချက်အရ မလေးရှားနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) သွားရောက်ခဲ့သည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား အောက်တိုဘာလ ၈ ရက်နေ့တွင် မလေးရှားနိုင်ငံဝန်ကြီးချုပ်က ကွာလာလမ်ပူမြို့ရှိ မလေးရှားဝန်ကြီးချုပ်ရုံး၌ နိုင်ငံတော်သမ္မတနှင့် မလေးရှားနိုင်ငံဝန်ကြီးချုပ်တို့ သီးသန့်တွေ့ဆုံ၍ ကမ္ဘာ့နိုင်ငံရေးအခြေအနေများနှင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု၊ နှစ်နိုင်ငံကာကွယ်ရေးနှင့် လုံခြုံရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု၊ အွန်လိုင်းလောင်းကစားမှုနှင့် အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာများ၊ လူကုန်ကူးမှု၊ မူးယစ်ဆေးဝါး၊ နယ်စပ်ဖြတ်ကျော် မှုခင်းတိုက်ဖျက်ရေးဆိုင်ရာများနှင့်ပတ်သက်၍ ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

မြန်မာ့ပေါ်ဆန်း တစ်ခေတ်ဆန်းရမည်

 



မြန်မာ့ပေါ်ဆန်းက ကမ္ဘာ့အကောင်းဆုံးဆန် (World Best Rice Award 2026) ဆုကို ဒုတိယအကြိမ် ဆွတ်ခူးရရှိခဲ့ပြန်ပြီဖြစ်သည်။ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် ကျင်းပသော International World Rice Conference 2026 တွင် နိုင်ငံတကာဆန်အမျိုးအစားများ ပါဝင်ပြသခဲ့ပြီး ဆန်အရည်အသွေးယှဉ်ပြိုင်ပွဲကို ကျင်းပခဲ့ရာတွင် မြန်မာ့ပေါ်ဆန်းဆန်က ကမ္ဘာ့အကောင်းဆုံးဆန်ဆုကို ရရှိခဲ့ခြင်းဖြစ်သည်။ ပထမအကြိမ်က ၂၀၁၁ ခုနှစ် ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့၌ ကျင်းပသည့် နိုင်ငံတကာဆန်စပါးညီလာခံနှင့် ဆန်အမျိုးအစားပြပွဲ ယှဉ်ပြိုင်ပွဲတွင် World Best Rice Award ဆုကို ရရှိခဲ့ခြင်းဖြစ်သည်။

Friday, October 9, 2026

စီးပွားရေးမျက်နှာစာသစ်ဖွင့်လှစ် ရေရှည်အကျိုးစီးပွားဖော်ဆောင်

 


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် မလေးရှားနိုင်ငံဝန်ကြီး ချုပ် ဒါတို ဆရီ အန်နဝါ ဘင် အီဘရာဟင်၏ ဖိတ်ကြားချက်အရ မလေးရှားနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) အဖြစ် အောက်တိုဘာ ၇ ရက်က ရောက်ရှိခဲ့ရာ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ ကျင်းပသည့် မြန်မာ-မလေးရှား နှစ်နိုင်ငံစီးပွားရေးဆိုင်ရာ အဆင့်မြင့်ဆွေးနွေးပွဲတွင် နိုင်ငံတော်သမ္မတက နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ရေးဆိုင်ရာများနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားသည်။

ကဏ္ဍသစ်၊ စာမျက်နှာသစ်တို့ ဖွင့်လှစ်၍ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရမည့်အချိန်

 


မြန်မာနိုင်ငံနှင့် မလေးရှားနိုင်ငံတို့၏ သံတမန်ဆက်ဆံရေးကို ၁၉၅၈ ခုနှစ်တွင် စတင်ထူထောင်ခဲ့ခြင်းဖြစ်ရာ လာမည့် ၂၀၂၈ ခုနှစ်ဆိုလျှင် နှစ်ပေါင်း ၇၀ ပြည့်မြောက်တော့မည်ဖြစ်သည်။ နှစ်နိုင်ငံစလုံးမှာ အရှေ့တောင်အာရှ ဒေသတွင်းနိုင်ငံများဖြစ်ကြပြီး မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ၏ ကုန်းမြေပိုင်း နိုင်ငံတစ်နိုင်ငံဖြစ်၍ မလေးရှားက ပင်လယ်ပိုင်း နိုင်ငံတစ်နိုင်ငံဖြစ်သည်။

Thursday, October 8, 2026

အစွန်းရောက်ရာသီဥတုပြောင်းလဲမှု ကြိုတင်ကာကွယ်သတိပြုဆင်ခြင်


မြန်မာနိုင်ငံ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ချက်အရ ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၆ ရက်နေ့မှစတင်၍ အနောက်တောင် မုတ်သုံလေသည် မြန်မာနိုင်ငံတစ်ဝန်းလုံးမှ ဆုတ်ခွာသွားပြီဖြစ်ကြောင်း သိရသည်။ ပုံမှန်အားဖြင့် မိုးရာသီကာလကုန်ဆုံးပြီးနောက် ဆောင်းရာသီကာလသို့ ရောက်ရှိလာပြီဖြစ်သော်လည်း လက်ရှိအချိန်တွင် ဖြစ်ပေါ်နေသော အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် အပူရှိန်လွန်ကဲသည့် ရာသီဥတုဒဏ်ကို ခံစားကြရမည်ဖြစ်ကြောင်း မိုးလေဝသပညာရှင်များက အသိပေးထားသည်။

ပန်းတိုင်ရည်မှန်းချက်နှင့်အညီ ဝါသီးနှံအထွက်တိုးရန် ကြိုးပမ်း


လူ့သမိုင်းရှေးဦးကာလမှသည် မျက်မှောက်ကာလအထိ ဝါသီးနှံသည် လူသားတို့အတွက် အရေးပါသောသီးနှံတစ်ခုဖြစ်သည်။ ဝါသည် အဝတ်အထည်အသုံးအဆောင်များ ထုတ်လုပ်ရန်အတွက်သာမက ဝါစေ့မှ စားသုံးဆီ၊ ဆီကြိတ်ဖတ်နှင့် တိရစ္ဆာန်အစာများကိုပါ ထုတ်လုပ်နိုင်သောကြောင့် စီးပွားရေးအရလည်း လွန်စွာအရေးကြီးသည်။ သို့ဖြစ်ရာ ဝါသီးနှံ၏ အရေးပါပုံ၊ ကမ္ဘာ့စီးပွားရေး၊ အလုပ်အကိုင်အခွင့်အလမ်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်မှုတို့တွင် အထောက်အကူပြုနေပုံတို့ကို လူများသတိပြုနိုင်ကြစေရန်အတွက် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO)၊ ကုလသမဂ္ဂစားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ (FAO) တို့ကဦးဆောင်၍ ၂ဝ၁၉ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့တွင် ပထမဆုံးအကြိမ် “ကမ္ဘာ့ဝါသီးနှံနေ့ (World Cotton Day)” ကို ကျင်းပခဲ့သည်။

Wednesday, October 7, 2026

တည်ငြိမ်အေးချမ်းသာယာဝပြောရေး တက်ညီလက်ညီကြိုးပမ်းဆောင်ရွက်

 


“မိမိတို့နိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှင့်ပတ်သက်၍ နိုင်ငံ၏ဂျီဒီပီမှာ သုံးရာခိုင်နှုန်းခန့်တိုးတက်လာသည်ဟု အချက်အလက်များအရသိရှိရပြီး ဒေသတွင်းနိုင်ငံများနှင့်နှိုင်းယှဉ်ပါက တိုးတက်မှုနှုန်းနှေးကွေးလျက်ရှိသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ ပြည်တွင်းတည်ငြိမ်အေးချမ်းမှုမရှိခြင်းကြောင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုအားနည်းပြီး နိုင်ငံ၏စီးပွားရေးသည်လည်း ဖွံ့ဖြိုးတိုးတက်မှုနှေးကွေးရခြင်းဖြစ်သည်ကို တွေ့ရှိရကြောင်း၊ ထို့ပြင် ကုန်ထုတ်လုပ်ငန်းများတွင် စွမ်းအားပြည့်အလုပ်မလုပ်ကြခြင်းများကြောင့်လည်း စီးပွားရေးအရ အားနည်းခြင်းများကိုတွေ့ရကြောင်း” ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အောက်တိုဘာ ၅ ရက်နေ့တွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအား ပြောကြားခဲ့သည်။

နိုင်ငံတစ်ဝန်း တည်ငြိမ်အေးချမ်းပါမှ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နိုင်မည်


 နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်မှုအတွက် ပြည်တွင်းတည်ငြိမ်အေးချမ်းမှု ရှိရန်လိုသည်။ လက်ရှိအခြေအနေတွင် ပြည်တွင်းရှိ ဒေသအများအပြားတွင်ဖြစ်ပေါ်လျက်ရှိသည့် မတည်မငြိမ်မှုများနှင့်အကြမ်းဖက် အဖျက်လုပ်ရပ်များကြောင့် နိုင်ငံ၏ကုန်ထုတ်လုပ်ငန်းများကိုထိခိုက်စေပြီး နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို နှေးကွေးစေသည်။ 

Tuesday, October 6, 2026

လူသားအချင်းချင်းစာနာထောက်ထား ဒုက္ခရောက်နိုင်ငံသားများကိုဖေးမကူ

 

နိုင်ငံတော်အစိုးရသည် ပြည်တွင်း၌ ဒုက္ခဆင်းရဲကြုံတွေ့နေရသော နိုင်ငံသားများသာမက ပြည်ပတွင်ရောက်ရှိနေသော မြန်မာနိုင်ငံသားများကိုပါ မည်သို့သော အခြေအနေရှိသည်ဖြစ်စေ ဒုက္ခအခက်အခဲများ ကြုံတွေ့လာပါက လူသားအချင်းချင်း စာနာထောက်ထားသောအားဖြင့်လည်းကောင်း၊ အမိနိုင်ငံသားများအပေါ် သားသမီးကဲ့သို့ ရင်ဝယ်ထားပြီး အလေးအနက်တန်ဖိုးထား၍လည်းကောင်း ကူညီကယ်တင်စောင့်ရှောက်မှုများ ပေးလျက်ရှိသည်ကို ဝမ်းမြောက်ဖွယ် မြင်တွေ့နေရပါသည်။

စိုက်ပျိုးမွေးမြူရေးတွင် ရင်းနှီးမြှုပ်နှံလုပ်ကိုင်

 


စိုက်ပျိုးမွေးမြူရေးကဏ္ဍသည် မြန်မာနိုင်ငံ ဂျီဒီပီ၏ ၂၅ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ ပံ့ပိုးပေးထားသော အဓိကမဏ္ဍိုင်ကြီးဖြစ်သည်။ နိုင်ငံခြားဝင်ငွေရရှိမှု စုစုပေါင်း၏ ၁၅ ရာခိုင်နှုန်းကျော်ကို စိုက်ပျိုးရေးနှင့် ရေထွက်ကုန်များမှ ရရှိခြင်းဖြစ်သည်။ သို့ရာတွင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတွင် ပြည်တွင်းတိုင်းရင်းသားလုပ်ငန်းရှင်များ၏ ဝင်ရောက်ရင်းနှီးမြှုပ်နှံမှုများမှာ လွန်စွာနည်းပါးလှသည်။