Showing posts with label ပြည်တွင်းသတင်း. Show all posts
Showing posts with label ပြည်တွင်းသတင်း. Show all posts

Thursday, August 12, 2021

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုနှင့် ပြည်နယ် ဝန်ကြီးဟောင်းများ ဖြစ်ကြသည့် ဦးအောင်ကျော်ဇံ၊ ဦးကျော်အေးသိန်း ဦးမင်းအောင် နှင့် ဦးကျော်လွင် တို့အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူ

နေပြည်တော် သြဂုတ် ၁၂

ရခိုင်ပြည်နယ်အစိုးရအဖွဲ့တွင် ဝန်ကြီးချုပ်တာဝန် ထမ်းဆောင်ခဲ့သော ဦးညီပုနှင့် တာဝန်ရှိသူများအပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနှင့်အညီ လိုအပ်သလို စုံစမ်း စစ်ဆေး အရေးယူနိုင်ရန် တိုင်ကြားခြင်းနှင့် စပ်လျဉ်း၍ ကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့သည်။

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍သတင်းထုတ်ပြန်ခြင်း (၁၂-၈-၂၀၂၁) ရက်နေ့၊ ည (၈:၀၀)နာရီ

  


ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် - 

အတည်ပြုနိုင်ခြင်းမရှိသော မှားယွင်းသည့် သတင်းအချက်အလက်များအပေါ် အခြေခံကာ တစ်ဖက်သတ်စွပ်စွဲမှုများကို လက်မခံ

 ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်   Ms. Christine Schraner Burgener သည် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေနှင့်စပ်လျဉ်း၍ သတင်းစာ ရှင်းလင်း ပွဲတစ်ရပ်ကို ၁၀-၈-၂၀၂၁ ရက်တွင် နယူးယောက် စံတော်ချိန် ၁၀ ၀၀ နာရီ တွင် ဗီဒီယိုကွန်ဖရင့်ဖြင့်ပြုလုပ်ခဲ့မှုအပေါ် မြန်မာနိုင်ငံအနေဖြင့် ပြင်းထန်စွာ ကန့်ကွက်သည်။ 

အတည်ပြုနိုင်ခြင်းမရှိသော မှားယွင်းသည့် သတင်းအချက်အလက်များအပေါ် အခြေခံကာ တစ်ဖက်သတ် စွပ်စွဲမှုများ ကို လက်မခံ

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်               Ms. Christine Schraner Burgener သည် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေနှင့်စပ်လျဉ်း၍ သတင်းစာ ရှင်းလင်း ပွဲတစ်ရပ်ကို ၁၀-၈-၂၀၂၁ ရက်တွင် နယူးယောက် စံတော်ချိန် ၁၀ ၀၀ နာရီ တွင် ဗီဒီယိုကွန်ဖရင့်ဖြင့်ပြုလုပ်ခဲ့မှုအပေါ် မြန်မာနိုင်ငံအနေဖြင့် ပြင်းထန်စွာ ကန့်ကွက်သည်။ 

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၌ အကြမ်းဖက်သောင်းကျန်းသူများက ဆင်ခြင်တုံတရားကင်းမဲ့၊ ရက်စက် ယုတ်မာစွာ လုပ်ကြံပစ်ခတ်မှုကြောင့် ကလေးငယ် ၁ ဦးသေဆုံးကာ၊ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ ထိခိုက်ဒဏ်ရာရ

 နေပြည်တော်၊ ဩဂုတ် ၁၂

အကြမ်းဖက်သူများသည် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ မြို့နယ်အချို့တို့၌ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ ပြည်တွင်း၊ ပြည်ပနိုင်ငံများတွင် နေထိုင်ကြသော အစွန်းရောက် အကြမ်းဖက်လိုသူများ၏ မြှောက်ပင့် သွေးထိုးလှုံ့ဆော်မှုများကို နားယောင်ကာ ၎င်းတို့နှင့်နည်းတူ အကြမ်းဖက်မှု လုပ်ရပ်များကိုလိုက်ပါ လုပ်ဆောင်ခြင်းမပြုဘဲ အေးချမ်းစွာနေထိုင်ကြသော ပြည်သူများအား တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏ စွဲကာ ရက်စက်ယုတ်မာစွာဖြင့် ချောင်းမြောင်း လုပ်ကြံသတ်ဖြတ်ခြင်း၊ တိုက်ခိုက်ခြင်းများအား ဆင်ခြင်တုံ တရားကင်းမဲ့စွာ ပြုလုပ်လျက်ရှိသည်။

ဒလမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်တွင် ၂၉၁၉ ဦးအား ထိုးနှံပေး

 



ရန်ကုန် သြဂုတ်
၁၂

 

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် တပင်ရွှေထီးရပ်ကွက် ဒလ-ဓနုတ် ကားလမ်းမကြီးဘေးရှိ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၌ စုရပ်အခြေပြု၍ သြဂုတ်လ ၁ ရက်နေ့မှ စတင်၍ သြဂုတ်လ ၁၁ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ပထမအကြိမ်ဖြစ်  မြို့နယ်အတွင်း သတ်မှတ်ထားသော ဦးစားပေးအုပ်စုများအား ကာကွယ်ဆေး ထိုးနှံပေးခဲ့ရာ စုစုပေါင်း ၂၉၁၉ ဦး ရှိပြီးဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီမှ သိရသည်။  

 

ပွင့်ဖြူမြို့နယ်၌ အောက်ဆီဂျင်စက်ရုံ တည်ဆောက်နေမှု မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေး



                                                             
                                                                          ပွင့်ဖြူ ဩဂုတ် ၁၂
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ပိုးတွေ့ အတည်ပြုလူနာများနှင့် အခြားသော နာမကျန်းလူနာများအတွက် အောက်ဆီဂျင် လိုအပ်ချက်အခက်အခဲ မဖြစ်စေရေးအတွက် မြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ် သမ္မာဆန္ဒက ရုဏာရှင်များ နာမှုကူညီရေး အသင်းနှင့် မြို့မိမြို့ဖများ ပူးပေါင်း၍ ပွင့်ဖြူမြို့ ၊ သက်တော်ရှည်ရပ်ကွက်ရှိ စကားဝါလမ်း ထောင့်နှင့် အင်ကြင်းလမ်းထောင့်ရှိ မြေကွက်တွင် အောက်ဆီဂျင်စက်ရုံ စတင်တည်ဆောက် လျက်ရှိရာ ယမန်နေ့ ညနေပိုင်းက မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် တာဝန်ရှိသူများက သွားရောက် ကွင်းဆင်းကြည့်ရှုပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။ 
 
အဆိုပါ အကောင်အထည်ဖော် တည်ဆောက်နေသည့် အောက်ဆီဂျင်စက်မှာ 30 Nm3/h အမျိုးအစားဖြစ်ပြီး တစ်ရက်လျှင် ၄၀ လီတာ အောက်ဆီဂျင်အိုး အလုံးရေ ၁၂၀ ခန့် ထွက်ရှိမည်ဖြစ်ကြောင်း ၊ ယင်း အောက်ဆီဂျင် စက်အား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ပေးခြင်းဖြစ်ကာ စက်တန်ဖိုးအနေဖြင့် ငွေကျပ် သိန်း ၉၀၀ ကျော် ရှိကြောင်း ၊ လိုအပ်သော စက်ရုံတည် ဆောက်ခြင်း နှင့် အခြားစပ်ဆက်လုပ်ငန်းများကို မြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်သမ္မာဆန္ဒ ကရုဏာရှင်များ နာမှုကူညီရေးအသင်းနှင့် မြို့မိ မြို့ဖများ ပူးပေါင်း၍ အကောင်အထည်ဖော် တည်ဆောက် နေခြင်းဖြစ်ပြီး စက်ရုံ တည်ဆောက်ခြင်းအတွက် ခန့်မှန်း ကုန်ကျငွေကျပ် သိန်း ၇၀၀ ခန့် ရှိကြောင်း သိရသည်။ ယင်း အောက်ဆီဂျင်စက်ရုံတည်ဆောက်နိုင်ရေးအတွက် မြေနေရာအား ပွင့်ဖြူမြို့နေ အလှူရှင် ဒေါက်တာ ထွန်းထွန်း က စက်ရုံလည်ပတ် ဆောင်ရွက်နေသည့်ကာလတစ်လျှောက် အသုံးပြုခွင့် ပေးသွားမည်ဖြစ် ကြောင်း သိရသည်။
ယမန်နေ့က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် တာဝန်ရှိ သူများက ပွင့်ဖြူမြို့နယ်ရှိ ကိုဗစ်ပိုးတွေ့ အတည်ပြုလူနာများနှင့် အခြား နာမကျန်းလူနာများအတွက် ဆောက်လုပ်နေသည့် အောက်ဆီဂျင်စက်ရုံ တည်ဆောက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်စံချိန် စံညွှန်းများနှင့် အညီ တည်ဆောက်ပြီးစီးနိုင်ရေးအတွက် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ယခု တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ထောက်ပံ့မှုဖြင့် အကောင်အထည်ဖော် တည်ဆောင်ရွက်နေသည့် အောက်ဆီ ဂျင် စက်ရုံ တည်ဆောက်ပြီးစီးပါက တစ်ရက်လျှင် ၄၀ လီတာ အောက်ဆီဂျင်အိုးအလုံးရေ ၁၂၀ ခန့် ထုတ်လုပ် ရရှိမည် ဖြစ်သဖြင့် မြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါ ပိုးတွေ့အတည်ပြု လူနာများနှင့် အခြား နာမကျန်းလူနာများအတွက် လိုအပ်သော အောက်ဆီဂျင် အား အဆင်ပြေချောမွေ့စွာ ဖြည့်ဆည်း ဆောင်ရွက် ပေးနိုင်မည့် အပြင် အခြားအနီးဝန်းကျင် မြို့နယ်များမှ ပြည်သူများအတွက် လိုအပ်သော အောက်ဆီဂျင်အား တစ်ဖက်တစ်လမ်းမှ ပံ့ပိုးကူညီဆောင်ရွက်ပေးသွားနိုင်မည် ဖြစ်ကြောင်း အဆိုပါ အောက်ဆီဂျင် စက်ရုံဖြစ် မြောက်ရေးအဖွဲ့မှ အဖွဲ့ဝင် ဒေါက်တာထွန်းထွန်း ထံက သိရသည်။
 
ရဲဝင်းနိုင် ( ညောင်ဦး )

ကျောက်ဆည်မြို့နယ် ဘုံကွင်းကျေးရွာနှင့် စမာကျေးရွာများတွင် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်

 



                                                                                      ကျောက်ဆည်၊  ဩဂုတ်  ၁၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား နိုင်ငံတော်မှတစ်ဦးလျှင် ငွေကျပ်(၃၀၀၀၀)နှုန်းဖြင် ထောက်ပံ့ပေးအပ်လျှက်ရှိရာ ယနေ့နံနက်၉နာရီခွဲက ဘုံကွင်းကျေးရွာနှင့် စမာကျေးရွာများမှ ဘိုးဘွားများ အား လူမှုရေးပင်စင်ထောက်ပံ့ငွေများ လက်ဝယ် အရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်းသိရသည်။

အဆိုပါထောက်ပံ့ငွေများကို ဘုံကွင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ခိုင်ဝင်း၊  စမာကျေးရွာ ရာအိမ်မှူးနှင့် စာရေးဝန်ထမ်းတို့မှ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား(၁၄)ဦးအား၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊  ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်လ၊ ဒုတိယသုံးလ ပတ်အတွက် တစ်ဦးလျှင်ငွေကျပ်(၃၀၀၀၀)နှုန်း ဖြင့်စုစုပေါင်း ငွေကျပ်(၄၂၀၀၀၀)အား လက်ဝယ်အရောက် ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြိုနယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု(၉၇)အုပ်စုရှိရာ အသက်(၈၅)နှစ်အထက်သက်ကြီး ဘိုးဘွား (၁၁၄၉)ဦးအား တစ်ဦးလျှင်ငွေကျပ်(၃၀၀၀၀)နှုန်းဖြင့် ထောက်ပံ့ငွေကျပ်(၃၄၄)သိန်းခုနှစ်သောင်းကို ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူး များ၊ စာရေးဝန်ထမ်းများမှ လက်ဝယ်အရောက် ထောက်ပံ့ ပေးအပ် လျက်ရှိကြောင်းသိရသည်။

 

တင်တင်ထွေး


 

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့အား တိုင်းဒေသကြီးအတွင်းရှိ စက်ရုံများ၊ တိုင်းဒေသကြီးနှင့်ခရိုင် စိုက်ပျိုးရေးဌာနများ၏ လုပ်ငန်းဆိုင်ရာဆောင်ရွက်ထားရှိမှုများ ရှင်းလင်းတင်ပြခြင်း အခမ်းအနားကျင်းပ



 

                                                                          ပုသိမ်     ဩဂုတ်     ၁၂

 ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ ()  ယနေ့မွန်းလွဲ နာရီခွဲအချိန်က ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့အား တိုင်းဒေသကြီးအတွင်းရှိ စက်ရုံများ၊ တိုင်းဒေသကြီးနှင့် ခရိုင်စိုက်ပျိုးရေးဌာနများ၏ လုပ်ငန်းဆိုင်ရာဆောင်ရွက်ချက်များအား  ရှင်းလင်းတင်ပြခြင်းအခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ်က ICRC မှ ဆေးစိမ်ခြင်ထောင်များ လှူဒါန်းပွဲသို့ တက်ရောက်ပြီး မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးအတူ မြစ်ကြီးနားမြို့၌ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးခြင်း လုပ်ငန်းဆောင်ရွက်နေမှုတို့အား လှည့်လည်ကြည့်ရှုစစ်ဆေး


 


 

                                                                           မြစ်ကြီးနား          သြဂုတ် ၁၂

 

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC)မှ ဆေးစိမ်ခြင်ထောင်များ ပေးအပ် လှူဒါန်းပွဲသို့ တက်ရောက်ပြီး မြောက်ပိုင်းတိုင်းစစ်ဌာန ချုပ်တိုင်းမှူးနှင့်အတူ မြစ်ကြီးနားမြို့ပေါ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုး နှံပေးခြင်း လုပ်ငန်း ဆောင်ရွက်နေမှုများအား ယမန်နေ့ နံနက်ပိုင်းတွင် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ်က မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ကမ်းဘေးရှိရပ်ကွက်များအတွင်း ရေကြီးရေလျှံမှုဖြစ်စဉ်များမှ ကြိုတင်ကာကွယ်နိုင်ရေးကွင်းဆင်းကြည့်ရှုစစ်ဆေး


                                                                      မြစ်ကြီးနား          သြဂုတ် ၁၁

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် နှစ်စဉ်မိုးရာသီရောက်တိုင်း မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ကမ်းဘေးရှိ မြေနိမ့်ပိုင်း ရပ်ကွက်များတွင် ရေကြီးနစ်မြှုပ်ခြင်းဖြစ်ပေါ်ခဲ့ရာ အဆိုပါ ရပ်ကွက်များအတွင်း ရေကြီးရေလျှံမှုဖြစ်စဉ်များမှ ကြိုတင်ကာကွယ်နိုင်ရေး သြဂုတ် ၁၀ ရက် ညနေ ၅ နာရီတွင် သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့်အတူ မြစ်ကြီးနားမြို့ လယ်ကုန်းနှင့် ရမ်ပူရပ်ကွက်တို့တွင် နှစ်စဉ်ဧရာဝတီမြစ် ရေမြင့်တက်ခြင်းနှင့် မိုးအဆက်မပြတ်ရွာသွန်းခြင်းတို့ကြောင့် ရေဝပ်/ ရေလျှံမှု ဖြစ်ပေါ်လေ့ရှိသော နေရာများနှင့်  ရမ်ပူရပ်ကွက်နှင့် ကြက်ပေါင်ခြံရပ်ကွက် နှစ်ခုတို့အတွင်း ဖြတ်သန်း၍ ဧရာဝတီမြစ် အတွင်းသို့ စီးဝင်သွားသည့် ရေနှုတ်မြောင်း ရေထွက်ပေါက်နေရာသို့ သွားရောက် ကြည့်ရှုစစ်ဆေးကာ ပြည်နယ်ဝန်ကြီးချုပ်က ရေကြီးရေလျှံမှုဖြစ်ပေါ် တတ်သည့် အခြေအနေများနှင့် စပ်လျဉ်း၍ ရပ်မိရပ်ဖများအား မေးမြန်းဆွေးနွေးခဲ့ပြီး ရေဘေးအန္တရာယ် ကာကွယ်နိုင်ရေး ရေရှည်စီမံကိန်းဖြင့် ဆောင်ရွက်သွားမည့် အစီအမံများနှင့် လတ်တလော မိုးအဆက်မပြတ်ရွာသွန်းခဲ့ပါက မြစ်ရေကြီး ခြင်းမှ ကာကွယ်ရန် ကြိုတင်ပြင်ဆင်ထားရမည့် လုပ်ငန်းများနှင့် ပတ်သက်၍ ဌာနဆိုင်ရာတာဝန် ရှိသူများအား မှာကြားခဲ့သည်။

ထိုမှတစ်ဆင့် လယ်ကုန်းရပ်ကွက် ဧရာဝတီမြစ်ကမ်းဘေး၌ မြစ်ရေမြင့်တက်လာနိုင်သည့် ရေဝင်ပေါက်နေရာတစ်ခုဖြစ်သည့် ခတ်ချို စက်လှေဆိပ်နှင့် ဆက်စပ်နေရာများကို ကြည့်ရှုစစ်ဆေး ခဲ့ပြီး မြစ်ကမ်းဘေးနေထိုင်သူများ ရေကြီးရေလျှံမှုဖြစ်စဉ်အတွက် ကြိုတင်သတိပေးလှုံ့ဆော်ရေးနှင့် အသိပညာပေးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ရပ်မိရပ်ဖများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူ များအကြား ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကာ ထောက်ပံ့ငွေများကို ပေးအပ်ခဲ့သည်။

မြစ်ကြီးနားမြို့၏ စိုးရိမ်ရေမှတ်သည် ဧရာဝတီမြစ်ရေ၏  ၁၂၀၀ စင်တီမီတာတွင်ရှိပြီး ယမန်နေ့ ညနေ ၆ နာရီခွဲအထိ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့၌ ၅၆၄ စင်တီမီတာ (၂၂၂ လက်မ)ရှိကြောင်း သိရှိရသည်။

ပြည်နယ်ပြန်/ဆက်

ဟားခါးမြို့ရှိ ဆေးဆိုင်များ၌ ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီ ရောင်းချမှုရှိ မရှိနှင့် ဈေးနှုန်းကြီးမြင့် ရောင်းချမှု ရှိမရှိ ကွင်းဆင်းစစ်ဆေး


ဟားခါး ဩဂုတ် ၁၂

 

ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ ဆေးဆိုင်များ၌ ကျန်းမာ‌ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ဆိုင်ရာလမ်းညွှန်ချက်များနှင့်အညီ ရောင်းချမှုရှိမရှိနှင့် ဈေးနှုန်းကြီးမြင့်ရောင်းချမှုရှိ မရှိကို ယမန်နေ့ ဩဂုတ်လ ၁၁ ရက်နေ့က ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန ခေတ္တပြည်နယ်ဦးစီးမှူး ဦးလှမိုးနိုင်ဦးဆောင်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

တိုင်းဒေသကြီး ပြည်နယ်များ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံ


 

နေပြည်တော် ဩဂုတ် ၁၁ 

တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ အပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက် ၆၅နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ တိုင်းရင်းသား ပြည်သူများနှင့် အကျဉ်းထောင် များ၌ ပြစ်ဒဏ်ကျခံနေသည့် အကျဉ်းသား၊ အကျဉ်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် ဆေး နှင့် ဆေးပစ္စည်းများကို တပ်မတော် လေယာဉ်များဖြင့် သယ်ယူ ပို့ဆောင်ပေးခြင်းများနှင့် ကာကွယ်ဆေး ထိုးနှံပေးခြင်းများ ကို ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက် လျက်ရှိသည်။

အာရှပစိဖိတ်ဒေသနိုင်ငံများရှိ မြန်မာသံရုံး၊ အဖွဲ့ရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးများမှ သံရုံးအကြီးအကဲများကို လက်ရှိဖြစ်ပေါ်တိုးတက်လျက်ရှိသော နိုင်ငံရေးအခြေအနေများနှင့် ဆောင်ရွက်ချက်များ အသိပေးဆွေးနွေး

 




 နေပြည်တော် ဩဂုတ် ၁၁

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့က အာရှပစိဖိတ်ဒေသနိုင်ငံများရှိ မြန်မာသံရုံး၊ အဖွဲ့ရုံးနှင့်

ကောင်စစ်ဝန်ချုပ်ရုံးများမှ မြန်မာသံအမတ်ကြီးများ၊ အမြဲတမ်းကိုယ်စားလှယ်များ၊ ကောင်စစ်ဝန်ချုပ်များနှင့် သံရုံးအကြီးအကဲများကို လက်ရှိဖြစ်ပေါ် တိုးတက်လျက်ရှိသော နိုင်ငံရေးအခြေအနေများနှင့် ဆောင်ရွက်ချက်များကို ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် အသိပေးရှင်းလင်း ခြင်း ညှိနှိုင်းအစည်းအဝေး ကို ယနေ့ နံနက် ၁၀ နာရီတွင် ကျင်းပသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ခြောက်လတာ ခရီးမှတ်တိုင်



ဇူလိုင်လကုန် နံနက်ခင်းသည် မိုးစက်ပွင့်တို့ဖြင့် အလှဆင်ထားသည်။ ရပ်ကွက်ရုံးအချို့၊ စုရပ်အချို့တွင် အသက် ၆၅ နှစ်အထက် အဘိုး၊ အဘွားတို့က စောင့်ဆိုင်းနေကြပြီ။ အများအကျိုး၊ နိုင်ငံ့အကျိုး၊ ရပ်ရွာအကျိုးအတွက် စေတနာထားထမ်းရွက်ကြသည့် နိုင်ငံ့ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများ၊ ရဟန်း၊ သီလရှင်၊ ဘာသာရေးအဖွဲ့အသီးသီးမှ ပုဂ္ဂိုလ်များကလည်း ရောက်ရှိနေကြသည်။ “ခါးလေးထောက်ပေးပါ ခင်ဗျာ” ဟူသော ကာကွယ်ဆေးထိုးနှံပေးသည့် ကျန်းမာရေးဝန်ထမ်း၏စကားအဆုံးတွင် အဘိုး၊ အဘွားတို့ ငြိမ်သက်စွာကာကွယ်ဆေးထိုးနှံရန် အသင့်ဖြစ်နေကြပါပြီ။ ။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း ကိုဗစ်- ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းတွင်လိုအပ်သည့် အောက်ဆီဂျင်များထုတ်လုပ်မည့် စက်ရုံမြေနေရာအား ကြည့်ရှုစစ်ဆေး

 


                                                                                     မော်လမြိုင်           ဩဂုတ်  ၁၂

မွန်ပြည်နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်    ဦးဇော်လင်းထွန်း၊  အစိုးရအဖွဲ့ဝင်   လုံခြုံရေးနှင့်    နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေထွဋ်ဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယမန်နေ့ မွန်းလွဲ ၁ နာရီ က မော်လမြိုင်မြို့၊ ရွှေနတ်တောင်၊  ရေသန့်စင်စက်ရုံဝင်းအတွင်း  တန် (၂၀) ဆံ့ Liquid   အောက်ဆီဂျင်ထုတ်စက်ရုံနှင့် (၁) မိနစ်ကို (၂၅၀) လီတာ ထုတ်လုပ်နိုင်မည့် အောက်ဆီဂျင် Plant  တည်ဆောက်မည့် မြေနေရာအား ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို သွားရောက်ကြည့်ရှု၍ တာဝန်ရှိသူများအား လျင်လျင်မြန်မြန်နှင့် နှောင့်နှေးကြန့်ကြာမှုမရှိစေရေး  အမြန်ဆုံးအကောင်ထည်ဖော် ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားသည်။ 

မွန်ပြည်နယ်အတွင်းရှိ မော်လမြိုင်အထွေထွေရောဂါကု ဆေးရုံကြီးတွင် တန်(၂၀)ဆံ့ Liquid အောက်ဆီဂျင်စက်ရုံကို  အမြန်ဆုံး  ပြီးစီးနိုင်ရေး အကောင်အထည်ဖော်  ဆောင်ရွက်နေသည့် အပြင် အခြားမြို့နယ်များတွင်လည်း အောက်စီဂျင်စက်ရုံများကို တည်ဆောက် လျက်ရှိပြီး ယခုရွှေနတ်တောင် အောက်ဆီဂျင်ထုတ်စက်ရုံသည်   ပြည်နယ်အစိုးရအဖွဲ့   ရန်ပုံငွေဖြင့်   တည်ဆောက်ပေးခြင်းဖြစ်ကာ မကြာမီ တည်ဆောက်ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၌ ဖောက်ခွဲဖျက်ဆီးရေးလုပ်ရပ်များတွင် အသုံးပြု ရန်အတွက် ပစ္စည်းများသိုဝှက်ထားရှိကြောင်း သတင်းအရ ဝင်ရောက်ရှာဖွေစဉ် တရားခံ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦးတို့အား ဖောက်ခွဲဖျက်ဆီးရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တိုက်ခန်းပေါ်မှ ခုန်ချထွက်ပြေးရန်ကြိုးစားသူ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးသေဆုံးကာ အမျိုးသား ၃ ဦးဒဏ်ရာရရှိ

နေပြည်တော် ဩဂုတ်   ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၌ အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးရေး လုပ်ရပ်များတွင် အသုံးပြုရန်အတွက် ပစ္စည်းများသိုဝှက်သိမ်းဆည်းထားရှိကြောင်း သတင်းအရ ဝင်ရောက်ရှာဖွေစဉ် တရားခံ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦးတို့အား ဖောက်ခွဲ ဖျက်ဆီးရာတွင် အသုံးပြုသည့်ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တိုက်ခန်းပေါ်မှ ခုန်ချထွက်ပြေးရန် ကြိုးစားသူ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးသေဆုံးခဲ့ကာ အမျိုးသား ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Two dead, three arrested, three others injured during police raid in Botahtaung Township

 



THE police arrested two men and one woman together with the explosives, and one man and one woman died in jumping from the apartment building and another three men were injured in Botahtaung Township on 10 August.

 

Acting on tip-off, the police raided the apartment located in No 6 Ward of Botahtaung Township.

 

They arrested two men including Thiha Kaung Sett and one woman together with 16 assorted homemade bombs and explosives.

 

During the raid, four men and one woman left in the room jumped from the apartment building to escape from the police raid. Of them, one man and one woman died on the spot, and three men had injuries. They were taken to the Tatamadaw hospital (1000-bed) for medical treatment.

 

With regard to the death of suspects, inquests were filed in line with the police procedure, and further investigation is being conducted over the arrestees and related persons to be taken action under the law.

 

MNA

#The_Global_New_Light_of_Myanmar

15th ASEAN Navy Chiefs’ Meeting held online

 


THE Royal Brunei Navy hosted the 15th ASEAN Navy Chiefs’ Meeting via video conferencing yesterday. During the meeting, Brunei Navy Chief First Admiral Spry Bin Haji Serudi@Haji Seruji firstly made the opening remark.

 

The leaders then approved the meeting record of 14th ANCM. The ANCM Joint Secretary explained the regional maritime security affairs and the Navy Chiefs discussed under the topic called Blue Economy: “We care, We prepare, We prosper.”

 

During the meeting, Commander-in-Chief (Navy) Admiral Moe Aung discussed the COVID-19 control activities under the leadership of government, regional maritime security and cooperation work for Blue Economy as an ASEAN member country.

 

Then, the ASEAN Navy Chiefs exchanged views on cooperation in maritime security measures, ASEAN Teamwork to ease the impact of COVID-19 pandemic in new normal and plans to implement Blue Economy concepts.

 

They also discussed outcomes of the ANTEEP Working Group meeting, the 4th International Maritime Security Symposium (IMSS-2021) and the 17th Western Pacific Naval Symposium (WPNS) including future work plans of the ASEAN Multilateral Naval Exercise (AMNEX) and ASEAN Navies.

 

The meeting also focused on the 16th ANCM to be organized in Indonesia in 2022, the 17th ANCM and the 2nd ASEAN Multilateral Naval Exercise (AMNEX) in the Philippines.

 

MNA

#The_Global_New_Light_of_Myanmar