MYANMAR’S rice and broken rice exports by sea exceeded 970,000 tonnes in the first half of the current financial year 2026-2027 beginning 1 April, bagging US$338 million, according to the Myanmar Rice Federation (MRF).
MYANMAR’S rice and broken rice exports by sea exceeded 970,000 tonnes in the first half of the current financial year 2026-2027 beginning 1 April, bagging US$338 million, according to the Myanmar Rice Federation (MRF).
A historic landmark and a tourist destination in Yangon, the Bogyoke Aung San Market’s centenary celebration opened yesterday.
A high-level Myanmar delegation led by President of the Republic of the Union of Myanmar U Min Aung Hlaing left Nay Pyi Taw Airport by special aircraft yesterday morning to pay an Official Visit to Malaysia at the invitation of His Excellency Dato’ Seri Anwar Bin Ibrahim, Prime Minister of Malaysia.
Malaysian investors were urged to explore opportunities across agriculture, manufacturing, infrastructure, technology and other key sectors.
ရန်ကုန် အောက်တိုဘာ ၇
သမိုင်းဝင် ဗိုလ်ချုပ်အောင်ဆန်းဈေး ရာပြည့်ပွဲတော်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်းမြို့နယ် ဗိုလ်ချုပ်အောင်ဆန်းဈေး၌ ကျင်းပသည်။
မြန်မာနိုင်ငံ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ချက်အရ ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၆ ရက်နေ့မှစတင်၍ အနောက်တောင် မုတ်သုံလေသည် မြန်မာနိုင်ငံတစ်ဝန်းလုံးမှ ဆုတ်ခွာသွားပြီဖြစ်ကြောင်း သိရသည်။ ပုံမှန်အားဖြင့် မိုးရာသီကာလကုန်ဆုံးပြီးနောက် ဆောင်းရာသီကာလသို့ ရောက်ရှိလာပြီဖြစ်သော်လည်း လက်ရှိအချိန်တွင် ဖြစ်ပေါ်နေသော အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် အပူရှိန်လွန်ကဲသည့် ရာသီဥတုဒဏ်ကို ခံစားကြရမည်ဖြစ်ကြောင်း မိုးလေဝသပညာရှင်များက အသိပေးထားသည်။
လူ့သမိုင်းရှေးဦးကာလမှသည် မျက်မှောက်ကာလအထိ ဝါသီးနှံသည် လူသားတို့အတွက် အရေးပါသောသီးနှံတစ်ခုဖြစ်သည်။ ဝါသည် အဝတ်အထည်အသုံးအဆောင်များ ထုတ်လုပ်ရန်အတွက်သာမက ဝါစေ့မှ စားသုံးဆီ၊ ဆီကြိတ်ဖတ်နှင့် တိရစ္ဆာန်အစာများကိုပါ ထုတ်လုပ်နိုင်သောကြောင့် စီးပွားရေးအရလည်း လွန်စွာအရေးကြီးသည်။ သို့ဖြစ်ရာ ဝါသီးနှံ၏ အရေးပါပုံ၊ ကမ္ဘာ့စီးပွားရေး၊ အလုပ်အကိုင်အခွင့်အလမ်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်မှုတို့တွင် အထောက်အကူပြုနေပုံတို့ကို လူများသတိပြုနိုင်ကြစေရန်အတွက် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO)၊ ကုလသမဂ္ဂစားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ (FAO) တို့ကဦးဆောင်၍ ၂ဝ၁၉ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့တွင် ပထမဆုံးအကြိမ် “ကမ္ဘာ့ဝါသီးနှံနေ့ (World Cotton Day)” ကို ကျင်းပခဲ့သည်။
နေပြည်တော် အောက်တိုဘာ ၇
မလေးရှားနိုင်ငံ၌ ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံး၊ စစ်သံရုံးတို့မှ ဝန်ထမ်းများ၊ မိသားစုဝင်များအား ယနေ့ညနေပိုင်းတွင် ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံး၌ တွေ့ဆုံအမှာစကားပြောကြားသည်။
နေပြည်တော် အောက်တိုဘာ ၇
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် မလေးရှားနိုင်ငံတို့အကြား ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်နိုင်ရန်ရည်ရွယ်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (UMFCCI) နှင့် မလေးရှားနိုင်ငံ ကုန်သည်စက်မှုအသင်းချုပ် (NCCIM) တို့က ဦးစီးကျင်းပပြုလုပ်သည့် မြန်မာ-မလေးရှား နှစ်နိုင်ငံ စီးပွားရေးဆိုင်ရာ အဆင့်မြင့်ဆွေးနွေးပွဲ (Myanmar-Malaysia High Level Business Dialogue 2026) ကို ယနေ့မွန်းလွဲပိုင်းတွင် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ InterContenental Kuala Lumpur Hotel ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်တက်ရောက်ပြီး နှစ်နိုင်ငံအကြားရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ရေးဆိုင်ရာများနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားသည်။
နေပြည်တော် အောက်တိုဘာ ၇
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် မလေးရှားနိုင်ငံဝန်ကြီးချုပ် ဒါတို ဆရီ အန်နဝါ ဘင် အီဘရာဟင်၏ ဖိတ်ကြားချက်အရ မလေးရှားနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) သွားရောက်ရန်အတွက် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်လေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာသည်။
ဖလမ်း အောက်တိုဘာ ၇
ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် ရောက်ရှိနေသည့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင်သည် ချင်းပြည်နယ် အစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်၊ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဖလမ်းမြို့ပြည်သူ့ဆေးရုံဝင်းအတွင်းရှိ ကျန်းမာရေးဌာနအဆောက်အအုံများ ပြုပြင်ခြင်းလုပ်ငန်းများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
တွန်းဇံ အောက်တိုဘာ ၇
ချင်းပြည်နယ် တွန်းဇံမြို့၌ အကြမ်းဖက်ဖြစ်စဉ်များကြောင့် တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့သည့် ဌာနဆိုင်ရာအဆောက်အဦများ ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ မြို့နယ်ပြန်လည်ထူထောင်ရေးနှင့်ပြန်လည်တည်ဆောက်ရေးကော်မတီ အတွင်းရေးမှူး (မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ) ဦးစိုးငြိမ်းထက်နှင့်အဖွဲ့ဝင်များသည် ယနေ့နံနက် (၁၀) နာရီက ဌာနဆိုင်ရာအဆောက်အဦများ ပြုပြင်ခြင်းလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဟားခါး အောက်တိုဘာ ၇
ချင်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဟားခါးတက္ကသိုလ်တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများတွေ့ဆုံပွဲကို အောက်တိုဘာလ ၇ ရက်နေ့ နံနက် ၉ နာရီခွဲက ဟားခါးမြို့ ၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
နေပြည်တော် အောက်တိုဘာ ၆
မြန်မာနှင့်အိန္ဒိယ U-17 အမျိုးသားဘောလုံးအသင်းတို့၏ နိုင်ငံတကာချစ်ကြည်ရေးခြေစမ်းပွဲကို အောက်တိုဘာ ၇ ရက် ညနေ ၃ နာရီခွဲတွင် ရန်ကုန်မြို့ သန်လျင် Star City အားကစားကွင်း၌ ကျင်းပမည်ဖြစ်ရာ ယင်းနေ့ ညနေ ၃ နာရီ ၁၅ မိနစ်မှစတင်၍ MRTV HD ၊ MRTV Sports ၊ MRTV Entertainment Channel နှင့် မြန်မာ့အသံရေဒီယိုတို့မှ တိုက်ရိုက်(Live) ထုတ်လွှင့်ပြသမည်ဖြစ်သည်။
MRTV
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် ပညာရေးဝန်ကြီးဌာနနှင့်ပူးပေါင်း၍ ဖြောင့်မတ်တည်ကြည်မှုရှိသည့် အသိုက်အဝန်းကို တည်ဆောက်နိုင်ရန် လူငယ်များ၏ အခန်းကဏ္ဍကို မြှင့်တင်ရန်ရည်ရွယ်၍ လူငယ်ကဏ္ဍ အသိပညာပေးလုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိသည်။
“မေမေရေ။ ညီမလေးဆီကိုပို့လိုက်တဲ့ချောထုပ်ပေးဝေပြီးပြီတဲ့ သမီးတို့ ပို့လိုက်တဲ့ပစ္စည်းတွေရောက်ပြီတဲ့” ဂျပန်နိုင်ငံတွင် ပညာတော်သင်သွားနေသည့် ညီမလေးထံမှ Message ဝင်လာသဖြင့် မေမေ့ကို ဝမ်းသာအားရလှမ်းပြောမိလိုက်သည်။
“ဟေ - ဟုတ်လား။ မြန်လိုက်တာပို့လိုက်တာ ငါးရက်ပဲရှိသေးတယ်။ ဂျပန်ကိုရောက်သွားပြီ။ ကောင်းလိုက်တာ” မေမေ၏ အံ့ဩဝမ်းသာသံကို ကြားလိုက်ရသည်။
THE Shwedagon Pagoda Board of Trustees has announced that an oil-lamp offering ceremony will be held on the eve of the coming Thadingyut full moon day, while an Abhidhamma Day ceremony will be held on the same day.
AT the invitation of His Excellency Dato’ Seri Anwar Bin Ibrahim, Prime Minister of Malaysia, His Excellency U Min Aung Hlaing, President of the Republic of the Union of Myanmar, will pay an Official Visit to Malaysia in the near future.
THE Government has prioritized efforts to combat online fraud and online gambling as a national duty, coordinating not only with domestic forces but also with neighbouring governments to conduct effective inspections and crackdowns to prevent such syndicates from gaining a foothold in the country. As part of these operations, the demolition of remaining unauthorized buildings previously used for online fraud and gambling operations in the Shwe Kokko area commenced yesterday under Phase II.
DEFENCE Services Deputy Commander-in-Chief and Commander-in-Chief (Army) General Kyaw Swa Lin delivered a speech at the ceremony to mark the fifth founding anniversary of the Myanmar Coast Guard at its headquarters in Thanlyin Station yesterday morning.