Saturday, June 29, 2013

၂၀၁၃-ခုနှစ် ၊ ဇူလိုင်လ ၁ -ရက်နေ့ထုတ် တိုင်းမ်မဂ္ဂဇင်း အတွဲ(၁၈၂)၊ အမှတ် (၁)တွင် ရဟန်းတော် ဦးဝိရသူအား မျက်နှာဖုံးတင်၍ ဆောင်းပါးဖော်ပြခြင်းနှင့် စပ်လျဉ်း၍ သာသနာရေးဝန်ကြီးဌာန၏ သဘောထား ကြေညာချက်

၂၀၁၃-ခုနှစ် ၊ ဇူလိုင်လ ၁ -ရက်နေ့ထုတ် တိုင်းမ်မဂ္ဂဇင်း အတွဲ(၁၈၂)၊ အမှတ် (၁)တွင် မြန်မာနိုင်ငံမှ ဗုဒ္ဓ၏  သားတော် ရဟန်းတစ်ပါးဖြစ်သည့် ဦးဝီရသူအား မျက်နှာဖုံးတင်၍ "THE FACE OF BUDDHIST TERROR " ခေါင်းစဉ်ဖြင့် " When the Buddhist go bad (ဗုဒ္ဓဘာသာဝင် တွေ ဆိုးသွမ်း လာသောအခါ)"  ဆောင်းပါးကိုဖော်ပြခဲ့သည်။
မြန်မာနိုင်ငံတွင် ထေရဝါဒ ဗုဒ္ဓဘာသာကို နိုင်ငံသား အများစုက ယုံကြည်လေးမြတ်စွာ ကိုးကွယ်ကြသည်။ "မွန်မြတ်သိမ့်မွေ့ပြီး ငြိမ်းချမ်းသော ဘာသာအဖြစ် နိုင်ငံတကာမှ သတ်မှတ် ထားသည့် ဗုဒ္ဓဘာသာ "နှင့် ဗုဒ္ဓသားတော် ရဟန်းသံဃာတော် များအပေါ်  ဘာသာရေး အစွန်း ရောက် အကြမ်းဖက် ဝါဒီများအဖြစ် စွပ်စွဲဖော်ပြထားသည်ကို တွေ့ရှိရသည်။

ပုဂ္ဂလိက ကျန်းမာရေး လုပ်ငန်းဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေပြဋ္ဌာန်း

ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေ
(၂၀၁၃ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၄။)
၁၃၇၅ ခုနှစ်၊ နယုန်လပြည့်ကျော် ၅ ရက်
(၂၀၁၃ ခုနှစ်၊ ဇွန်လ ၂၈ ရက်)
ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။
၁။ဤဥပဒေကို ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေဟု ခေါ်တွင်စေရမည်။

Thursday, June 27, 2013

တိုင်းဒေသကြီး/ ပြည်နယ်နှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသ အစိုးရအဖွဲ့များ၏ သတင်းများ တင်နိုင်ကြောင်း အသိပေး ကြေညာခြင်း

ပြန်ကြားရေး ဝန်ကြီးဌာန၊ Web Media Portal အား http://www.moi.gov.mm အမည်ဖြင့် ၂၀၁၃ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့က စတင်ထုတ်လွှင့်ခဲ့ပါသည်။ အဆိုပါ Web Media Portal တွင် သတင်းများ၊ နိုင်ငံတော် အစိုးရ၏ ကြေညာချက်များ၊ ဆောင်းပါးများ၊ ဥပဒေနှင့် ဥပဒေကြမ်းများ၊ ဝန်ကြီးဌာနများ၏ website လိပ်စာများ၊ ဝန်ကြီးဌာနအလိုက် ပြောခွင့်ရ ပုဂ္ဂိုလ်များစာရင်း၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူးများ၊ ပြန်ကြားရေး

Wednesday, June 26, 2013

၂၀၁၃ ခုနှစ်၊ ဇွန်လ (၂၅)ရက်နေ့တွင် ကျင်းပ ပြုလုပ်သည့် ပုံနှိပ်သူများ၊ ထုတ်ဝေသူများ မှတ်ပုံတင်နှင့် ဖြန့်ချိရေး လုပ်ငန်းများ ကြီးကြပ်မှု ဗဟိုအဖွဲ့(၅/၂၀၁၃) အစည်း အဝေးမှ အစည်းအဝေး ဆုံးဖြတ်ချက်များ ထုတ်ပြန် ကြေညာခြင်း

၁။ပုံနှိပ်သူများ၊ ထုတ်ဝေသူများ မှတ်ပုံတင်နှင့် ဖြန့်ချိရေး လုပ်ငန်းများ ကြီးကြပ်မှုဗဟို အဖွဲ့ (၄/၂၀၁၃) အစည်းအဝေး အထိ ပုဂ္ဂလိကနေ့စဉ်ထုတ် သတင်းစာ (၂၆)စောင်အား ခွင့်ပြုခဲ့ပြီး ဖြစ်သည်။ ယခုထပ်မံ တင်ပြလာသည့် အောက်ဖော်ပြပါ ပုဂ္ဂလိက သတင်းစာ (၅)စောင်သည် သတ်မှတ်ချက်များနှင့် ကိုက်ညီ ပြည့်စုံသဖြင့် ဇူလိုင်လ (၁)ရက်နေ့မှစ၍ ထုတ်ဝေခွင့်ပြုသည်-
(က)People Net Daily (လျှောက်ထားသူ ဒေါ်လဲ့ယဉ်ဝင်း)

၂၀၁၃ ခုနှစ်၊ ဇူလိုင်လ(၁)ရက်နေ့ထုတ် တိုင်းမ် မဂ္ဂဇင်း၊ အတွဲ(၁၈၂)၊ အမှတ်(၁)နှင့် စပ်လျဉ်း၍ ကြေညာခြင်း

အရေးပေါ်ကာလ စီမံခန့်ခွဲရေးကော်မတီ
ကြေညာချက်အမှတ် ၁/၂၀၁၃
၁၃၇၅ ခုနှစ်၊ နယုန်လပြည့်ကျော် ၂ ရက်
(၂၀၁၃ ခုနှစ်၊ ဇွန်လ ၂၅ ရက်)
၂၀၁၃ ခုနှစ်၊ ဇူလိုင်လ(၁)ရက်နေ့ထုတ် တိုင်းမ် မဂ္ဂဇင်း၊ အတွဲ(၁၈၂)၊ အမှတ်(၁) နှင့်စပ်လျဉ်း၍ ကြေညာခြင်း

Tuesday, June 25, 2013

တင်ဒါအောင်မြင်ကြောင်းကြေညာခြင်း

သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းမှ အင်္ဂလိပ်ဘာသာဖြင့် နေ့စဉ်ထုတ်ဝေလျှက်ရှိသော The New Light of Myanmar  သတင်းစာအား အကျိုးတူပူးပေါင်း လုပ်ကိုင်နိုင်ရန်အတွက် ၁၄-၆-၂၀၁၃ ရက်နေ့တွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်တွင်း/ပြည်ပ ပစ္စည်းများ ဝယ်ယူရေးနှင့် ထုခွဲ ရောင်းချရေး ကော်မတီ အနေဖြင့် တင်ဒါစိစစ်ရွေးချယ်ခြင်းကို အောက်ပါ အချက်များ အပေါ်တွင် မူတည်ပြီး အမှတ်ပေးစနစ်ဖြင့် ဆောင်ရွက်ခဲ့ပါသည်။

Thursday, June 20, 2013

ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်း စွမ်းဆောင်ရည် အကဲဖြတ်အဖွဲ့သို့ ပေးပို့တင်ပြလာသည့် အိမ်၊ ခြံ၊ မြေ၊ အဆောက် အအုံ ၊ တိုက်ခန်းရောင်းဝယ်ရာတွင် အခွန်နှုန်းထား လျှော့ချသတ် မှတ်ပေးနိုင်ပါရန်နှင့် စပ်လျဉ်းသည့် အကြံပြုချက်အပေါ် ဘဏ္ဍာရေးဝန်ကြီးဌာန၏ အရေး ယူဆောင်ရွက်ချက်များ

၁။မြေ၊အိမ်၊အဆောက်အအုံ၊ တိုက်ခန်း အစရှိသည့် အခြေပစ္စည်းများရောင်းဝယ်ခြင်း၊ တည်ဆောက်ခြင်း၊ ပြုပြင်ခြင်းများအပေါ် အသုံးပြုခဲ့သည့်ငွေကြေးအတွက် ပြည်သူအများ စိုးရိမ် ကြောင့်ကြမှုမရှိဘဲ စိတ်အေးချမ်းသာစွာ ဝယ်ယူဆောင် ရွက်စေ ရန် ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူ ညီချက်ဖြင့်ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက အမြတ်ခွန် ဥပဒေပုဒ်မ ၁၉ နှင့် ဝင်ငွေခွန် ဥပဒေပုဒ်မ၅၊ ပုဒ်မခွဲ(ခ)တို့အရ အမိန့်ကြော်ငြာစာအမှတ်၊ (၁၃၅/၂၀၀၇)ထုတ်ပြန်၍ ၂၀၀၇ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်နေ့မှ စတင်ကာ သက်သာခွင့်ပြုခဲ့ခြင်းဖြစ်ပါသည်။ အိမ်၊ ခြံ၊ မြေ၊ တိုက်ခန်း စသည့် အခြေပစ္စည်းတန်ဖိုးကျပ်သိန်း ၅၀၀၀ အထက်ဆိုပါက တံဆိပ်ခေါင်းခွန် အပါအဝင် ၁၅ ရာခိုင်နှုန်း အထိ လျှော့ပေါ့ပေးခဲ့ခြင်းဖြစ်ပါသည်။ ထိုသို့ဆောင်ရွက်ခဲ့ရာတွင် ဝင်ငွေရလမ်း တင်ပြပါက တည်ဆဲအခွန်ဆိုင်ရာ ဥပဒေများနှင့်အညီ စိစစ်စည်းကြပ်မှု ခံယူရန် လည်း ခွင့်ပြုပေးထားခဲ့ပါသည်။