ပြန်ကြားရေး ဝန်ကြီးဌာန၊ Web Media
Portal အား http://www.moi.gov.mm အမည်ဖြင့် ၂၀၁၃ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့က စတင်ထုတ်လွှင့်ခဲ့ပါသည်။
အဆိုပါ Web Media Portal တွင် သတင်းများ၊ နိုင်ငံတော် အစိုးရ၏ ကြေညာချက်များ၊ ဆောင်းပါးများ၊
ဥပဒေနှင့် ဥပဒေကြမ်းများ၊ ဝန်ကြီးဌာနများ၏ website လိပ်စာများ၊ ဝန်ကြီးဌာနအလိုက် ပြောခွင့်ရ
ပုဂ္ဂိုလ်များစာရင်း၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူးများ၊ ပြန်ကြားရေး
ဝန်ကြီးဌာနနှင့် ဆက်စပ်ဆောင်ရွက်ရ မည့် လျှောက်လွှာ ပုံစံများ၊ လုပ်ထုံး လုပ်နည်းများ၊
နေ့စဉ်ထုတ် သတင်းစာများ(မြန်မာ့အလင်း၊ ကြေးမုံ၊ The New Light of Myanmar)၊ စာအုပ်များ၊
ဓာတ်ပုံများနှင့် သတင်းဗီဒီယိုဖိုင်များကို လွှင့်တင်ထားရှိပြီး MRTV မှ မိုးလေဝသသတင်း၊
ထူးခြားဖြစ်စဉ်သတင်းနှင့် နိုင်ငံတော် အကြီးအကဲများ၏ သတင်းများကို Video on Demand
ကဏ္ဍတွင် မိမိ ကြိုက်နှစ်သက်ရာအား ရွေးချယ် ကြည့်ရှုနိုင်ရန် နေ့စဉ် လွှင့်တင်ပေးလျက်ရှိပါသည်။
ပြန်ကြားရေးဝန်ကြီးဌာန Web Media
Portal ၏တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ အစိုးရအဖွဲ့သတင်းများ
ကဏ္ဍတွင် (၂၆.၆.၂၀၁၃) ရက်နေ့မှစတင်၍ မိမိတို့ ဒေသအစိုးရ အဖွဲ့များ၏ လှုပ်ရှားမှုသတင်းများ၊
အများပြည်သူနှင့် သက်ဆိုင်သော သတင်းများ၊ ထူးခြား ဖြစ်စဉ် သတင်းများ၊ အခမ်းအနား သတင်းများအား
ဓါတ်ပုံများနှင့် တင်ပြနိုင်ပြီ ဖြစ်ပါသည်။ သတင်း တင်ရမည့် Username နှင့်
Password များကို သက်ဆိုင်ရာ အစိုးရအဖွဲ့များသို့ ယနေ့ ပေးပို့ထားပြီး ဖြစ်ပါသည်။
အဆိုပါ ကဏ္ဍတွင် သတင်း၊ ဓါတ်ပုံများ တင်ရန်
နည်းပညာ အခက်အခဲများ ရှိပါက ၀၆၇-၄၁၂၁၈၇ သို့ ဖုန်းဖြင့် လည်းကောင်း၊
myintkyaw103@gmail.com သို့ မေးလ်ဖြင့် လည်းကောင်း ပေးပို့မေးမြန်းနိုင်ပါကြောင်း
အသိပေး ကြေညာအပ်ပါသည်။
No comments:
Post a Comment