Saturday, June 29, 2013

၂၀၁၃-ခုနှစ် ၊ ဇူလိုင်လ ၁ -ရက်နေ့ထုတ် တိုင်းမ်မဂ္ဂဇင်း အတွဲ(၁၈၂)၊ အမှတ် (၁)တွင် ရဟန်းတော် ဦးဝိရသူအား မျက်နှာဖုံးတင်၍ ဆောင်းပါးဖော်ပြခြင်းနှင့် စပ်လျဉ်း၍ သာသနာရေးဝန်ကြီးဌာန၏ သဘောထား ကြေညာချက်

၂၀၁၃-ခုနှစ် ၊ ဇူလိုင်လ ၁ -ရက်နေ့ထုတ် တိုင်းမ်မဂ္ဂဇင်း အတွဲ(၁၈၂)၊ အမှတ် (၁)တွင် မြန်မာနိုင်ငံမှ ဗုဒ္ဓ၏  သားတော် ရဟန်းတစ်ပါးဖြစ်သည့် ဦးဝီရသူအား မျက်နှာဖုံးတင်၍ "THE FACE OF BUDDHIST TERROR " ခေါင်းစဉ်ဖြင့် " When the Buddhist go bad (ဗုဒ္ဓဘာသာဝင် တွေ ဆိုးသွမ်း လာသောအခါ)"  ဆောင်းပါးကိုဖော်ပြခဲ့သည်။
မြန်မာနိုင်ငံတွင် ထေရဝါဒ ဗုဒ္ဓဘာသာကို နိုင်ငံသား အများစုက ယုံကြည်လေးမြတ်စွာ ကိုးကွယ်ကြသည်။ "မွန်မြတ်သိမ့်မွေ့ပြီး ငြိမ်းချမ်းသော ဘာသာအဖြစ် နိုင်ငံတကာမှ သတ်မှတ် ထားသည့် ဗုဒ္ဓဘာသာ "နှင့် ဗုဒ္ဓသားတော် ရဟန်းသံဃာတော် များအပေါ်  ဘာသာရေး အစွန်း ရောက် အကြမ်းဖက် ဝါဒီများအဖြစ် စွပ်စွဲဖော်ပြထားသည်ကို တွေ့ရှိရသည်။

ဗုဒ္ဓဘာသာသည် ငါးပါးသီလ ကို အခြေခံလျက် မေတ္တာ၊ ကရုဏာ၊ မုဒိတာ ၊ ဥပက္ခာ ဟူသော ဗြဟ္မာစိုရ်တရားလေးပါးကို လက်ကိုင်ထားကာ သတ္တဝါအားလုံးအပေါ် မေတ္တာအရင်းခံစိတ်ဖြင့် ပြုမှုပြောဆိုဆက်ဆံပြီး ငြိမ်းချမ်းရေးကျင့်စဉ်များကို ကျင့်ကြံပွားများသည့် ဘာသာဖြစ်သည်။ ဗုဒ္ဓသားတော် ရဟန်းသံဃာတော်များအနေဖြင့် ဗုဒ္ဓအဆုံးအမ တရားတော်များကို နှစ်ပေါင်း ထောင်ချီ၍ လက်ဆင့်ကမ်း လိုက်နာထိန်းသိမ်းကျင့်ကြံပွားများပြီး ဗုဒ္ဓဘာသာဝင်များအားလုံး လိုက်နာ ကျင့်ကြံနိုင်အောင်လည်း ထပ်ဆင့်ဖြန့်ဝေ ဟောပြောညွှန်ပြသည့် ပုဂ္ဂိုလ်များဖြစ်သည်။ ဗုဒ္ဓဘာသာ ဝင်များ အထွက်အမြတ်ထားရာ ရတနာသုံးပါးတွင် ပါဝင်သည့် ဗုဒ္ဓသားတော် ရဟန်း သံဃာတော်ကို စွပ်စွဲပုတ်ခတ်ခြင်းသည် ဗုဒ္ဓနှင့် ဗုဒ္ဓဘာသာဝင်များအပေါ် တစ်ဖက်သက် စွပ်စွဲ ပုတ်ခတ်ခြင်းဖြစ်ပြီး ဗုဒ္ဓဘာသာ ဝင်များအပေါ် တစ်ဖက်သက် စွပ်စွဲ ပုတ်ခတ်ခြင်းဖြစ်ပြီး ဗုဒ္ဓဘာသာဝင်များနှင့် အစ္စလာမ်ဘာသာဝင်များ အကြား အထင်အမြင် လွဲမှားကာ ပဋိပက္ခများ ပိုမိုဖြစ်ပွားလာစေရန် လှုံ့ဆော်ရေးသားဖော်ပြခြင်းသာဖြစ်သည်။
ယနေ့ ကမ္ဘာတစ်ဝန်းလုံးရှိ နိုင်ငံအသီးသီးတွင် ကြုံတွေ့နေရသည့် ဘာသာရေးအစွန်းရောက်မှုများ၊ အကြမ်းဖက်မှုများကို ဗုဒ္ဓဘာသာဝင်ပြည်သူများအနေဖြင့် အလျဉ်းလက်ခံနိုင်ခြင်းမရှိသကဲ့သို့ အပြင်းအထန် ကန့်ကွက်ရှုတ်ချ ကြပါသည်။ ယခုကဲ့သို့ " ဗုဒ္ဓဘာသာ "နှင့် "အကြမ်းဖက်မှု "စကားလုံး နှစ်ရပ်ကို ယှဉ်တွဲရေးသား ဖော်ပြထားခြင်းသည် ဆီလျော်မှုမရှိဘဲ ဗုဒ္ဓဘာသာ ဝင်များ၏ ဂုဏ်သိက္ခာကို ထိပါးပုတ်ခတ်ရာရောက်သဖြင့် ဗုဒ္ဓဘာသာဝင်များအနေဖြင့် စိတ်ထိ ခိုက်ဖွယ်ရာ ဖြစ်ရသည်။ ဗုဒ္ဓဝါဒသည် ငြိမ်းချမ်းရေးကို ရှေးရှုသည်၊ အကြမ်းဖက်မှုကို ရှေးရှုခြင်းမပြု ဗုဒ္ဓဟောကြားခဲ့သည့် မည်သည့် တရားတော်တွင်မျှ အခြားယုံကြည်သူများအား ထိခိုက်နစ်နာအောင် ပုတ်ခတ်ပြောဆိုခြင်း အလျဉ်းမရှိပါ။
မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခဖြစ်စဉ်များသည် ဘာသာရေးနှင့် လူမျိုးရေးအပေါ် အခြေခံ၍ ဖြစ်ပွားခြင်းမဟုတ်ဘဲ သာမန်ပြစ်မှုဖြစ်သာ ဈေးရောင်းဈေးဝယ် အဆင်မပြေမှုကိစ္စ၊ စကားအပြော အဆိုဆက်ဆံမှု အဆင်မပြေခြင်းနှင့် သာမန်လူမှုရေး ကိစ္စများဖြစ်ပွားရာမှ သွေးထိုး လှုံ့ဆော်မှု၊ မမှန်မကန် သတင်းဖြန့်ဝေမှု စသော ကောလာဟလသတင်းများကြောင့် ဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။ ယင်းဖြစ်စဉ်များတွင် ဗုဒ္ဓဘာသာဘုန်းတော်ကြီးများအနေဖြင့် အစ္စလာမ် ဘာသာဝင် များအား အသက်အန္တရာယ်မှ ကာကွယ်ပေးခြင်း၊ မီးလောင်မှုများအား လိုက်လံ ငြှိမ်းသတ်ပေးခြင်း၊ နေအိမ်အဆောက်အအုံမျိုးစုံ ဖျက်ဆီးသူများ အားလုံးကို ဘုန်းတော်ကြီး ကျောင်းများတွင် ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်၍ ကယ်ဆယ်ရေးပစ္စည်းများ လှူဒါန်း ပေးခြင်း အပါအဝင် ကူညီစောင့်ရှောက်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့သည်ကို တွေ့ရှိ ရမည် ဖြစ်သည်။
နိုင်ငံတော် အစိုးရနှင့်သာသနာရေးဝန်ကြီးဌာနအနေဖြင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့်အညီ နိုင်ငံသားတိုင်း လွတ်လပ်စွာ  ကိုးကွယ်ခွင့်ပြုထားပြီး ဘာသာရေးအဖွဲ့အစည်းများအကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးနှင့် မလိုလားအပ်သော ပဋိပက္ခ များ ထပ်မံဖြစ်ပွား မလာစေရေး အတွက် ဘာသာပေါင်းစုံ ချစ်ကြည်ရေး အစည်းအဝေးများ ကျင်းပခြင်း၊ ဘာသာ အချင်းချင်း အပြန်အလှန်  ချစ်ကြည်ရင်းနှီးမှု  ရရှိစေရေး ညှိနှိုင်း ဆောင်ရွက်ပေးခြင်း စသော လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိသည်။
သာသနာရေးဝန်ကြီးဌာန၏ မူဝါဒ (၇) ရပ်တွင်လည်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အတွင်း မှီတင်းနေ ထိုင်ကြသော နိုင်ငံသားတိုင်း လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ပြုရန် နှင့် ဘာသာအချင်းချင်း ချစ်ခင်ရင်းနှီးစွာနေထိုင်ရန်  စသော အချက်များကို ထည့်သွင်းရေးဆွဲ အကောင် အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိသည်။ ယခုဖြစ်ပွားသည့် ဖြစ်စဉ်များတွင် ဝန်ကြီး ဌာနမှ တာဝန်ရှိသူများက ဖြစ်စဉ်ဖြစ်ပွားသည့်နေရာများသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်၍ နှစ်ဖက် ဘာသာဝင်များအား ပဋိပက္ခပြေငြိမ်းအောင် ကူညီဆောင်ရွက်ပေးခဲ့သည်။ ထိုသို့ ဆောင်ရွက် ပေးခဲ့သည်များကို မျက်ကွယ်ပြု၍ တိုင်းမ်မဂ္ဂဇင်းက ရေးသားဖော်ပြသည့်အတွက် များစွာ စိတ်မကောင်းဖြစ်ရသည်။
တိုင်းမ်မဂ္ဂဇင်း၏ ရေးသားဖော်ပြချက်များသည် ပြည်ထောင်စု အစိုးရ၏ တည်ငြိမ် အေးချမ်း ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များကို ထိခိုက်ပြု၍ တိုင်းမ်မဂ္ဂဇင်းက ရေးသား ဖော်ပြသည့် အတွက် များစွာ စိတ်မကောင်းဖြစ်ရသည်။
တိုင်းမ်မဂ္ဂဇင်း၏ ရေးသားဖော်ပြချက်များသည် ပြည်ထောင်စု အစိုးရ၏ တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များကို ထိခိုက်ပျက်ပြားစေနိုင်သည့် အပြင် နှစ်ဖက် ဘာသာဝင်များအကြား သံသယနှင့် အာဃာတတရာများ တိုးပွားလာပြီး မလိုလား အပ်သော ဘာသာရေးပဋိပက္ခများ ဖြစ်ပွားလာနိုင်သည့် အတွက် သာသနာရေး ဝန်ကြီးဌာန အနေဖြင့် THE FACE OF  BUDDHIST TERROR  ဆောင်းပါးဖော်ပြခဲ့သည့် ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့ထုတ် တိုင်းမ်မဂ္ဂဇင်း အတွဲ(၁၈၂) ၊ အမှတ်(၁)နှင့် ဆောင်းပါရေးသားသူ  Hannah Beech  တို့ကို အလေးအနက်ကန့်ကွက်ကြောင်း ဖော်ပြအပ်ပါသည်။

No comments:

Post a Comment