Tuesday, June 25, 2013

တင်ဒါအောင်မြင်ကြောင်းကြေညာခြင်း

သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းမှ အင်္ဂလိပ်ဘာသာဖြင့် နေ့စဉ်ထုတ်ဝေလျှက်ရှိသော The New Light of Myanmar  သတင်းစာအား အကျိုးတူပူးပေါင်း လုပ်ကိုင်နိုင်ရန်အတွက် ၁၄-၆-၂၀၁၃ ရက်နေ့တွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်တွင်း/ပြည်ပ ပစ္စည်းများ ဝယ်ယူရေးနှင့် ထုခွဲ ရောင်းချရေး ကော်မတီ အနေဖြင့် တင်ဒါစိစစ်ရွေးချယ်ခြင်းကို အောက်ပါ အချက်များ အပေါ်တွင် မူတည်ပြီး အမှတ်ပေးစနစ်ဖြင့် ဆောင်ရွက်ခဲ့ပါသည်။

ဘဏ္ဍရေးဆိုင်ရာအချက်အလက်များ
(က)လုပ်ငန်းရှင်/ကုမ္ပဏီဆိုင်ရာ အချက်အလက်များ ပိုင်ဆိုင်မှု ၊ ခိုင်မာမှုနှင့် အစဉ်အလာ ကောင်းမွန်မှုအပေါ် သုံးသပ်ခြင်း
(ခ)ငွေကြေးဆိုင်ရာ အထောက်အထားများနှင့် ဘဏ္ဍရေး ရှင်းတမ်းများ (အနီးစပ်ဆုံး ဘဏ္ဍာနှစ် အထိ ၃-နှစ်)အပေါ် သုံးသပ်ခြင်း
(ဂ)အကျိုးတူ လုပ်ငန်းဆောင်ရွက်မည့် အစီအမံအတွက် ရင်းနှီးမြှုပ်နှံမည့် ငွေပမာဏနှင့် ထည့်ဝင်မည့် နည်းလမ်းအပေါ် သုံးသပ်ခြင်း
(ဃ)သီးခြားတင်ပြချက်များအပေါ် သုံးသပ်ခြင်း
နည်းပညာပိုင်ဆိုင်ရာ အချက်များ
(က)ပုံနှိပ်မီဒီယာအပါအဝင် မီဒီယာလုပ်ငန်းများတွင် အတွေ့အကြုံရှိမှုအပေါ် သုံးသပ်ခြင်း
(ခ)အကျိုးတူဖက်စပ်ဆောင်ရွက်မည့် အစီအမံအပေါ် သုံးသပ်ခြင်း
(ဂ)အနာဂတ်တွင် ဆက်လက်တိုးချဲ့လုပ်ကိုင်မည့် မျှော်မှန်းချက်အပေါ် သုံးသပ်ခြင်း
(ဃ)အကျိုးတူ ဖက်စပ်ဆောင်ရွက်မည့် အစီအမံအပေါ် နည်းပညာဆိုင်ရာ ပံ့ပိုးနိုင်မှုနှင့် ဆက်သွယ် ရယူမှုအပေါ်သုံးသပ်ခြင်း
(င)သီးခြားတင်ပြချက်များအပေါ် သုံးသပ်ခြင်း
အဆိုပါ တင်ဒါစိစစ်ရွေးချယ်မှုကို သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့ရာတွင် Global Direct Link Co.Ltd အား တင်ဒါအောင်မြင်းကြောင်း ကြေညာအပ်ပါသည်။

No comments:

Post a Comment