Saturday, June 29, 2013

ပုဂ္ဂလိက ကျန်းမာရေး လုပ်ငန်းဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေပြဋ္ဌာန်း

ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေ
(၂၀၁၃ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၄။)
၁၃၇၅ ခုနှစ်၊ နယုန်လပြည့်ကျော် ၅ ရက်
(၂၀၁၃ ခုနှစ်၊ ဇွန်လ ၂၈ ရက်)
ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။
၁။ဤဥပဒေကို ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေဟု ခေါ်တွင်စေရမည်။

၂။ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာဥပဒေ ပုဒ်မ ၂၊ ပုဒ်မခွဲ (တ)ကို အောက်ပါအတိုင်း အစားထိုးရမည်-
"(တ)     နည်းပညာကျွမ်းကျင်သူ ဆိုသည်မှာ ကျန်းမာရေးဝန်ကြီးဌာနက ဖြစ်စေ၊ ကာကွယ်ရေး ဝန်ကြီးဌာနက ဖြစ်စေ၊ ကျန်းမာရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်အရ ဖြစ်စေ၊ ကျန်းမာရေးလုပ်ငန်းနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ နည်းပညာရပ်များကို သင်ကြားပေးရန် ဖွင့်လှစ်သော သင်တန်း၊ ကျောင်း၊ သိပ္ပံ၊ ကောလိပ် သို့မဟုတ် တက္ကသိုလ်က အပ်နှင်းသည့် လက်မှတ်၊ ဒီပလိုမာ၊ ဘွဲ့ သို့မဟုတ် ဒီဂရီရရှိသူကို ဆိုသည်။ ယင်းစကားရပ်တွင် ပြည်ပ အပ်နှင်းပြီး ကျန်းမာရေးဝန်ကြီးဌာနက အသိအမှတ်ပြုသည့် လက်မှတ်၊ ဒီပလိုမာ၊ ဘွဲ့ သို့မဟုတ် ဒီဂရီရရှိသူလည်း ပါဝင်သည်။"
၃။ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဥပဒေပုဒ်မ ၁၀၊ ပုဒ်မခွဲ (င)ကို အောက်ပါအတိုင်း အစားထိုးရမည်-
  "(င) ပြင်ပလူနာကို ဖြစ်စေ၊ အတွင်းလူနာကို ဖြစ်စေ ခွဲစိတ် မွေးဖွားခြင်း မဟုတ်သော သတ်မှတ်ခွင့်ပြုထား သည့် မွေးဖွားခြင်း များ ပြုလုပ်နိုင်ရန် ပိုးမွှားကင်းစင်သည့် အခန်းနှင့် လိုအပ်သော ပစ္စည်းကိရိယာများ ထားရှိခြင်း၊"
၎။  ပုဂ္ဂလိက ကျန်းမာရေး လုပ်ငန်းဆိုင်ရာ ဥပဒေပုဒ်မ ၁၀ တွင် -
            (က)      ပုဒ်မခွဲ (ဇ)ကို ပယ်ဖျက်ရမည်။၏
            (ခ)        ပုဒ်မခဲ (ဈ)၊ (ည)၊ (ဋ)၊ (ဌ)၊ (ဍ)၊ (ဎ)၊ (ဏ)၊ (တ)နှင့် (ထ)တို့ကို ပုဒ်မခွဲ (ဇ)၊ (ဈ)၊ (ည)၊ (ဋ)၊ (ဌ)၊ (ဍ)၊ (ဎ)၊ (ဏ) နှင့် (တ)တို့ အဖြစ် ပြောင်းလဲ အမှတ်စဉ်ရမည်။
---------------------------
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ကျွန်ုပ် လက်မှတ် ရေးထိုးသည်။
(ပုံ) သိန်းစိန်

No comments:

Post a Comment