Thursday, June 20, 2013

ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်း စွမ်းဆောင်ရည် အကဲဖြတ်အဖွဲ့သို့ ပေးပို့တင်ပြလာသည့် အိမ်၊ ခြံ၊ မြေ၊ အဆောက် အအုံ ၊ တိုက်ခန်းရောင်းဝယ်ရာတွင် အခွန်နှုန်းထား လျှော့ချသတ် မှတ်ပေးနိုင်ပါရန်နှင့် စပ်လျဉ်းသည့် အကြံပြုချက်အပေါ် ဘဏ္ဍာရေးဝန်ကြီးဌာန၏ အရေး ယူဆောင်ရွက်ချက်များ

၁။မြေ၊အိမ်၊အဆောက်အအုံ၊ တိုက်ခန်း အစရှိသည့် အခြေပစ္စည်းများရောင်းဝယ်ခြင်း၊ တည်ဆောက်ခြင်း၊ ပြုပြင်ခြင်းများအပေါ် အသုံးပြုခဲ့သည့်ငွေကြေးအတွက် ပြည်သူအများ စိုးရိမ် ကြောင့်ကြမှုမရှိဘဲ စိတ်အေးချမ်းသာစွာ ဝယ်ယူဆောင် ရွက်စေ ရန် ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူ ညီချက်ဖြင့်ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက အမြတ်ခွန် ဥပဒေပုဒ်မ ၁၉ နှင့် ဝင်ငွေခွန် ဥပဒေပုဒ်မ၅၊ ပုဒ်မခွဲ(ခ)တို့အရ အမိန့်ကြော်ငြာစာအမှတ်၊ (၁၃၅/၂၀၀၇)ထုတ်ပြန်၍ ၂၀၀၇ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်နေ့မှ စတင်ကာ သက်သာခွင့်ပြုခဲ့ခြင်းဖြစ်ပါသည်။ အိမ်၊ ခြံ၊ မြေ၊ တိုက်ခန်း စသည့် အခြေပစ္စည်းတန်ဖိုးကျပ်သိန်း ၅၀၀၀ အထက်ဆိုပါက တံဆိပ်ခေါင်းခွန် အပါအဝင် ၁၅ ရာခိုင်နှုန်း အထိ လျှော့ပေါ့ပေးခဲ့ခြင်းဖြစ်ပါသည်။ ထိုသို့ဆောင်ရွက်ခဲ့ရာတွင် ဝင်ငွေရလမ်း တင်ပြပါက တည်ဆဲအခွန်ဆိုင်ရာ ဥပဒေများနှင့်အညီ စိစစ်စည်းကြပ်မှု ခံယူရန် လည်း ခွင့်ပြုပေးထားခဲ့ပါသည်။

၂။အိမ်၊ခြံ၊ မြေကိစ္စတွင် ပေးဆောင်ရသော အခွန်မှာ တံဆိပ်ခေါင်းခွန်နှင့် ဝင်ငွေခွန်ဖြစ်ပြီး တံဆိပ်ခေါင်း ခွန်မှာ ၇ ရာခိုင်နှုန်းဖြစ်ပါသည်။ တံဆိပ်ခေါင်း ခွန်မှာ သက်သေ ခံခိုင်မာရန်အတွက် စာချုပ် စာတမ်း မှတ်ပုံတင်ရာတွင် ကပ်ရခြင်းဖြစ်ပြီး လျှော့ပေါ့သက်သာ ခွင့်ပြုထားခြင်းမ ရှိပါ။အိမ်၊ ခြံ၊ မြေ၊ အဆောက်အအုံ တိုက်ခန်းအစရှိသည့် အခြေပစ္စည်း များရောင်းဝယ်ခြင်း၊ တည်ဆောက်ခြင်း၊ ပြုပြင်ခြင်းများအပေါ်ပြုပြင်ခြင်းများအပေါ် ယခင်က အမြတ်ခွန်ဥပဒေနှင့် ကောက်ခံ ခဲ့ပါသည်။ အမြတ်ခွန် ဥပဒေပြဋ္ဌာန်း ကောက်ခံခဲ့သည့်အချိန်မှ ၂၀၀၇ ခုနှစ်အထိ ရလမ်း မဖော်ပြ နိုင်သော ဝင်ငွေအပေါ် ၅၀ ရာခိုင်နှုန်း ကောက်ခံခဲ့ပါသည်။စီမံချက်စတင်သည့် ၂၀၀၇ ခုနှစ် ဩဂုတ်လမှ သက်သာခွင့် ရပ်ဆိုင်းခဲ့သည့် ၂၀၁၂ ခုနှစ် အထိ(၅)နှစ်တာ ကာလအတွင်း အခွန်းနှုန်းလျှော့ချပေးသော်လည်း မှန်ကန်စွာ တန်းဖိုးကြေညာ အခွန်ဆောင်သူများ ရှိသကဲ့သို့ လျှော့ပါ့ကြေညာသူများလည်း ရှိခဲ့ပါသည်။ အခွန်နှုန်း နည်းပါးမှုကို အကြောင်းပြု၍ အိမ်၊ ခြံ ၊ မြေကို ကုန်စည် တစ်ခုသာဖွယ် အသုံးချပြီး  သိုလှောင် ဝယ်ယူရောင်းချမှုများလည်း ဆောင်ရွက် ခဲ့ကြပါသည်။ ထို့ကြောင့် အိမ်၊ ခြံ၊ မြေတန်ဖိုးများ သာမန်ထက် ပိုမိုမြင့်မားခဲ့ကြောင်းကိုလည်း တွေ့ရှိနိုင် ပါသည်။
၃။ယင်းအခြေအနေ အပေါ်မူတည်၍ နိုင်ငံတကာ အဖွဲ့အစည်းအချို့ကလည်း ငွေမည်းခဝါချမှု ဖြစ်ပေါ်စေနိုင်သည်ဟု လည်းကောင်း ပြည်တွင်းပညာရှင်များ မီဒီယာများကလည်း နိုင်ငံတော်မှ အခွန်ငွေများနစ်နာနေကြောင်း ထောက်ပြ ဝေဖန် မှုများကြောင့် လည်းကောင်း၊ အခွန်နှုန်းများကို လည်းသင့် တင့်မျှတသည့် အခွန်နှုန်း ထားများကြောင့် လည်းကောင်း ၊ အခွန်နှုန်းများကို လည်းသင့် တင့်မျှတသည့် အခွန်နှုန်း ထားများအဖြစ် ပြင်ဆင်ထားရှိပြီး ဖြစ်သဖြင့် လည်းကောင်း၊ မူလဥပဒေပြ ဌာန်း ချက်များအရ ထုတ်ပြန်ထားသည့် အခွန်နှုန်းထားဖြစ်သည့် ၃၀ ရာခိုင်နှုန်းဖြင့် အခွန်ပေး ဆောင်ရန် ပြန်လည် သတ်မှတ်ခဲ့ခြင်းဖြစ်ပါသည်။ (သက်သာခွင့်ရပ်ဆိုင်းချိန်တွင် အမြတ်ခွန် ဥပဒေမှာ ရုပ်သိမ်းပြီးဖြစ်ပါသည်။ ) ယခင် ၁၅ ရာခိုင်နှုန်း ဆိုသည်မှာ ယာယီ (Temporary) အခွန်လျှော့ပေါ့ပေးခဲ့သည့် နှုန်းဖြစ်ပြီး ၃၀ ရာခိုင်နှုန်းသည် ဥပဒေနှင့်အညီ ထုတ်ပြန် ထားသော အခွန်နှုန်းသာဖြစ်ပါသည်။ အခွန်ပေးဆောင်သည့် နေရာတွင်လည်း ဝင်ငွေရ လမ်းမ တင်ပြနိုင်သည့် အစိတ်အပိုင်းအပေါ်တွင်သာ အခွန်ကျသင့်မည်ဖြစ်ပြီး ကိစ္စရပ်တိုင်းအပေါ် အခွန်အပြည့်ကျ သင့်ခြင်း မဟုတ်ကြောင်းနှင့် အခွန်ဆောင်ထားသော အခွန်ထမ်းနှင့် အခွန် ရှောင်နေသော လူပုဂ္ဂိုလ်ကို တန်းတူအခွင့်အရေး မရရှိစေရန် ဆောင်ရွက်ထားခြင်း ဖြစ်ပါကြောင်း အိမ်၊ခြံ၊ မြေ၊ အဆောက်အအုံ၊ တိုက်ခန်း ဝယ်ယူရာတွင် အခွန်လျှော့ပေါ့ပေး နိုင်ပါရန်နှင့် စပ်လျဉ်း သည့် အကြံပြုတင်ပြချက်အပေါ် ဘဏ္ဍာရေး ဝန်ကြီးဌာန၏ အရေးယူ ဆောင်ရွက်ချက် များကို ပြည်သူများသိရှိစေရန် ထုတ်ပြန် ကြေညာအပ်ပါသည်။

No comments:

Post a Comment