Wednesday, June 26, 2013

၂၀၁၃ ခုနှစ်၊ ဇွန်လ (၂၅)ရက်နေ့တွင် ကျင်းပ ပြုလုပ်သည့် ပုံနှိပ်သူများ၊ ထုတ်ဝေသူများ မှတ်ပုံတင်နှင့် ဖြန့်ချိရေး လုပ်ငန်းများ ကြီးကြပ်မှု ဗဟိုအဖွဲ့(၅/၂၀၁၃) အစည်း အဝေးမှ အစည်းအဝေး ဆုံးဖြတ်ချက်များ ထုတ်ပြန် ကြေညာခြင်း

၁။ပုံနှိပ်သူများ၊ ထုတ်ဝေသူများ မှတ်ပုံတင်နှင့် ဖြန့်ချိရေး လုပ်ငန်းများ ကြီးကြပ်မှုဗဟို အဖွဲ့ (၄/၂၀၁၃) အစည်းအဝေး အထိ ပုဂ္ဂလိကနေ့စဉ်ထုတ် သတင်းစာ (၂၆)စောင်အား ခွင့်ပြုခဲ့ပြီး ဖြစ်သည်။ ယခုထပ်မံ တင်ပြလာသည့် အောက်ဖော်ပြပါ ပုဂ္ဂလိက သတင်းစာ (၅)စောင်သည် သတ်မှတ်ချက်များနှင့် ကိုက်ညီ ပြည့်စုံသဖြင့် ဇူလိုင်လ (၁)ရက်နေ့မှစ၍ ထုတ်ဝေခွင့်ပြုသည်-
(က)People Net Daily (လျှောက်ထားသူ ဒေါ်လဲ့ယဉ်ဝင်း)

(ခ)မြန်မာ့သဝဏ်နေ့စဉ် (The Myanma Thawon Daily) (လျှောက်ထားသူ ဦးသန့်စင်)
(ဂ)မြန်မာဝတီနေ့စဉ်သတင်းစာ (The Myanmarwady Daily) (လျှောက်ထားသူ ဒေါ်စမ်းစမ်းဝင်း)
(ဃ)မြန်မာနေ့စဉ် (The Myanmar Daily) (လျှောက်ထားသူ ဒေါ်ယမင်းထင်အောင်)
(င)Victory နေ့စဉ်သတင်းစာ (လျှောက်ထားသူ ဒေါ်ခင်နီလာဝေး)
၂။ဇူလိုင်လ (၁) ရက်နေ့တွင် ထုတ်ဝေမည့် TIME မဂ္ဂဇင်း Vol. 182. No. 1 တွင် ဖော်ပြသော THE FACE OF BUDDHIST TERROR ဆောင်းပါးပါ အချက်အလက် များသည် ပြည်တွင်း၌ ပြုလုပ်နေသော ဘာသာပေါင်းစုံအကြား နားလည်မှု တည်ဆောက်ရေးလုပ်ငန်းစဉ်ကို အနှောင့်အယှက် ဖြစ်စေနိုင်သည့် အပြင် မလိုလားအပ်သော ပဋိပက္ခများ ပြန်လည် ဖြစ်ပေါ် လာစေသည် အထိ ဘေးအန္တရာယ် ကျရောက်သွားနိုင်ပါသည်။ ထို့အပြင်  ပြည်ထောင် စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၆၁၊ ၃၆၂၊ ၃၆၃ နှင့် ၃၆၄ ပါ နိုင်ငံသားများ၏ မူလ အခွင့်အရေးနှင့် တာဝန်များကိုလည်း ဖောက်ဖျက်ရာ ကျရောက်နိုင်သည်ဟု သုံးသပ်ရရှိပါသည်။ သို့ဖြစ်ပါ၍ မလိုလားအပ်သော ပဋိပက္ခများကို ကြိုတင် ကာကွယ်သော အနေဖြင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အရေးပေါ် ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီက လိုအပ်သလို အရေးယူ ဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံ သွားရန် ဆုံးဖြတ်ပါသည်။

No comments:

Post a Comment