Wednesday, September 16, 2026

လူကြိုက်များသည့် ချယ်ရီပန်းပုံပါ YPS Card များ YPS အရောင်းကောင်တာများတွင် ပြန်လည်ဝယ်ယူနိုင်


 

ရန်ကုန် စက်တင်ဘာ ၁၅

ရန်ကုန်မြို့တွင်း YBS ယာဉ်များ စီးနင်းရာတွင် ယာဉ်စီးခ ပေးချေနိုင်သည့် YPS Card များအနက် လူကြိုက်များသည့် ချယ်ရီပန်းပုံဖြင့် ထုတ်လုပ်ထားသော YPS Card များကို YPS အရောင်းကောင်တာများ၌ ပြန်လည်ဝယ်ယူနိုင်ပြီဖြစ်ကြောင်း သိရသည်။

ကျောင်းကျန်းမာရေး (သို့မဟုတ်) အနာဂတ်ကို ပျိုးထောင်ခြင်း

စိုးမိုး (စံပြကျောင်း၊ မန္တလေး)

(ယမန်နေ့မှအဆက်)

ကျောင်းသားများ ကိုယ်လက်လှုပ်ရှားအားကစားအနေဖြင့် ကာယလေ့ကျင့်ခန်း အတန်းငယ်များအတွက် ကာယအတွဲ (၁) ၊ အတန်းကြီးသူများအတွက် ကာယအတွဲ (၂) များ ပြုလုပ်မှုကို ကျောင်းအလံတိုင်ရှေ့တွင် လက်တွေ့စစ်ဆေးအမှတ်ပေးကြသည်။

မိဘ ဆရာ ပူးပေါင်း ကျောင်းသား ကျောင်းသူများ ပညာအရည်အသွေး ပိုမိုကောင်း

ဒေါက်တာသန့်စင်(ရူပဗေဒ)

ယခုခေတ်တွင် မိသားစုစားဝတ်နေရေးအတွက် အိမ်ရှိလူတိုင်း အလုပ်လုပ်နေကြရပါသည်။ မိမိတို့၏အချိန်များကို စားဝတ်နေရေးအတွက် အသုံးချနေရသဖြင့် မိမိတို့၏ သားသမီးများအား ကျောင်းဖွင့်ချိန်တွင် ကျောင်းအပ်၊ လိုအပ်သောပစ္စည်းများ ဝယ်ယူဖြည့်ဆည်းပေးရုံဖြင့် တာဝန်ကျေ မိဘများမဖြစ်နိုင်ပါ။ ကျောင်းသား ကျောင်းသူများ၏ တစ်နေ့တာအချိန်၌ ကျောင်းတွင်းစာသင်ချိန်၊ မိဘများနှင့် အတူနေရသည့်အချိန်နှင့် ပြင်ပပတ်ဝန်းကျင်တွင် အပေါင်းအသင်းသူငယ်ချင်းများနှင့် ခေတ္တနေရသည့်အချိန်တို့ရှိပါသည်။

မသန်စွမ်းမှုနှင့် တန်းတူပါဝင်ခွင့် အပိုင်း (၃)

တန်းတူညီမျှမှုနှင့် သီးခြားအစီအမံများ

မင်းသုတ(ဓနုဖြူ)

မသန်စွမ်းသူများ တန်းတူပါဝင်နိုင်ရန် အတားအဆီးများကို ကြိုတင်ဖယ်ရှားခြင်းနှင့် တစ်ဦးချင်းလိုအပ်ချက်အလိုက် ပြင်ဆင်စီစဉ်ပေးခြင်းတို့မှာ အရေးကြီးသည်။ သို့သော် လူမှုဘဝတွင် ရေရှည်ဖယ်ထုတ်ခံခဲ့ရသည့် မသန်စွမ်းသူများအတွက် ထိုနည်းလမ်းနှစ်မျိုးတည်းဖြင့် အခွင့်အလမ်းကွာဟနေမှုများ အလိုအလျောက် ပျောက်ကွယ်သွားမည်မဟုတ်ပေ။ ထို့ကြောင့် လက်တွေ့တန်းတူညီမျှမှုရရှိလာစေရန် သီးခြားအစီအမံများ ချမှတ်ဆောင်ရွက်ရန် လိုအပ်လာနိုင်သည်။ တစ်ပုံစံတည်း ဆက်ဆံခြင်းက အမြဲတမ်းမျှတပါသလား။

(၃၄) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် အလေးမနှင့် Teqball အားကစားအဖွဲ့များနှင့် (၅၈) ကြိမ်မြောက် ကာယဗလနှင့် ကာယကြံ့ခိုင်မှု တံခွန်စိုက်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားသမားများ စခန်းသွင်းလေ့ကျင့်လျက်ရှိ

 


ရန်ကုန် စက်တင်ဘာ ၁၅

(၃၄) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် အလေးမနှင့် Teqball အားကစားအဖွဲ့များ၏ လေ့ကျင့်နေမှု၊ ကျိုက္ကဆံကွင်းအတွင်းရှိ အားကစားရုံများနှင့် မြန်မာနိုင်ငံ ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ်တွင် (၅၈) ကြိမ်မြောက် ကာယဗလနှင့် ကာယကြံ့ခိုင်မှု တံခွန်စိုက်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် အားကစားအဖွဲ့တို့၏ လေ့ကျင့်နေမှုများကို ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီသည် တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုအားပေးသည်။