ရန်ကုန် စက်တင်ဘာ ၁၅
(၃၄) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် အလေးမနှင့် Teqball အားကစားအဖွဲ့များ၏ လေ့ကျင့်နေမှု၊ ကျိုက္ကဆံကွင်းအတွင်းရှိ အားကစားရုံများနှင့် မြန်မာနိုင်ငံ ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ်တွင် (၅၈) ကြိမ်မြောက် ကာယဗလနှင့် ကာယကြံ့ခိုင်မှု တံခွန်စိုက်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် အားကစားအဖွဲ့တို့၏ လေ့ကျင့်နေမှုများကို ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီသည် တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုအားပေးသည်။
သွားရောက်ကြည့်ရှု
ဆက်လက်၍ ၂၀၂၆ ခုနှစ်
ဇူလိုင် ၆ ရက်မှ အောက်တိုဘာ ၂ ရက်အထိ အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်)တွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည့်
(နည်းပြ/ နည်းစနစ်) မွမ်းမံသင်တန်း (၁/ ၂၀၂၆) တွင် (လက်ဝှေ့) Boxing အားကစားနည်း သင်ခန်းစာသင်ကြားပို့ချပြသနေမှုအား
သွားရောက်ကြည့်ရှုသည်။
ထို့နောက် ဘတ်စကက်ဘောရုံနှင့်
ဘော်လီဘောရုံ နှစ်ထပ် Sunshade နေကာအမိုးတပ်ဆင်ခြင်းလုပ်ငန်း၊ အများသုံးသန့်စင်ခန်းအတွက်
ရေဂါလန် ၁၆၀၀ ဆံ့ သံရေစင် တည်ဆောက်ခြင်းလုပ်ငန်း၊ စတိုခန်း၊ အိပ်ဆောင်ငါးဆောင်နှင့်
စားရိပ်သာတို့အတွက် ရေဂါလန် သုံးသောင်း၊ ခြောက်လက်မအဝီစိတွင်းတူးဖော်နေမှုနှင့် အားကစားနှင့်
ကာယပညာဦးစီးဌာနရုံး (မှန်ဆောင်) ပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှု၊ တိုက်ကွမ်ဒိုနှင့်
ကျွမ်းဘားအားကစားရုံများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်
သတ်မှတ်စံချိန်/ စံညွှန်းနှင့် အရည်အသွေးပြည့်မီစေရေး၊ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးစေရေးအတွက်
စိစစ်ကြပ်မတ်ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားသည်။
ယင်းနောက် ရန်ကုန်မြို့
မင်္ဂလာတောင်ညွန့်မြို့နယ် စည်ပင်ရိပ်သာဝင်းရှိ မြန်မာနိုင်ငံ ကာယဗလနှင့် ကာယကြံ့ခိုင်မှု
အားကစားအဖွဲ့ချုပ်သို့ သွားရောက်၍ ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၂ ရက်မှ ၂၈ ရက်အထိ ထိုင်းနိုင်ငံ
ဘန်ကောက်မြို့၌ ကျင်းပမည့် (၅၈) ကြိမ်မြောက် ကာယဗလနှင့် ကာယကြံ့ခိုင်မှု တံခွန်စိုက်ပြိုင်ပွဲသို့
ဝင်ရောက်ယှဉ်ပြိုင်ရန် အားကစားသမားများ၏ လေ့ကျင့်နေမှုကို ကြည့်ရှုအားပေးစကားပြောကြားကာ
အုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစားသမားများ၏ တင်ပြချက်များနှင့် လိုအပ်သည်များကို
ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


No comments:
Post a Comment