Wednesday, September 16, 2026

လူကြိုက်များသည့် ချယ်ရီပန်းပုံပါ YPS Card များ YPS အရောင်းကောင်တာများတွင် ပြန်လည်ဝယ်ယူနိုင်


 

ရန်ကုန် စက်တင်ဘာ ၁၅

ရန်ကုန်မြို့တွင်း YBS ယာဉ်များ စီးနင်းရာတွင် ယာဉ်စီးခ ပေးချေနိုင်သည့် YPS Card များအနက် လူကြိုက်များသည့် ချယ်ရီပန်းပုံဖြင့် ထုတ်လုပ်ထားသော YPS Card များကို YPS အရောင်းကောင်တာများ၌ ပြန်လည်ဝယ်ယူနိုင်ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ချယ်ရီပန်းပုံ YPS Card များသည် အသုံးပြုရလွယ်ကူသည့်အပြင် ဒီဇိုင်းလှပသောကြောင့် ကိုယ်တိုင် အသုံးပြုရန်အတွက်သာမက လက်ဆောင်အဖြစ် ပေးအပ်ရန်အတွက်ပါ အသုံးဝင်သည့် ကတ်များဖြစ်ပြီး YPS Card များကို ဆူးလေ၊ သခင်မြပန်းခြံ၊ မြန်မာပလာဇာ၊ လှည်းတန်း၊ ၈ မိုင် (Junction 8 အရှေ့)၊ ပန်းဆိုးတန်း၊ သမိုင်းနှင့် မြေနီကုန်းတို့ရှိ YPS အရောင်းကောင်တာများတွင် ဝယ်ယူနိုင်ကြောင်း သိရသည်။

လက်ရှိတွင်လည်း YBS စီးနင်းရာတွင် ယာဉ်စီးခပေးချေရန် YPS ကတ်သုံးစွဲသူ ၅ သိန်းခန့်ရှိလာပြီး YPS Card အသုံးပြုခြင်းဖြင့် YBS ယာဉ်များစီးနင်းရာတွင် ယာဉ်စီးခအတွက် ငွေအကြွေရှာဖွေရသည့် အခက်အခဲများကို လျှော့ချနိုင်မည်ဖြစ်သည်။ သိရှိလိုသူများအနေဖြင့် YPS Call Center ဖုန်းနံပါတ် ၀၉ ၇၇၂၆၆၆၆၉၉ သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။

MT

No comments:

Post a Comment