Thursday, November 5, 2026

ရေရှားပါးပြတ်လပ်နိုင်ခြေရှိသည့် ကျေးရွာများ ကြိုတင်စာရင်းကောက်ယူထားပြီး သောက်သုံးရေ ဖြန့်ဝေပေးနိုင်ရေး ကြိုတင်တွက်ချက်ထားကြရန် ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း မှာကြား

 

နေပြည်တော် နိုဝင်ဘာ ၄

ရေရှားပါးပြတ်လပ်နိုင်ခြေရှိသည့် ကျေးရွာများကို ကြိုတင်စာရင်းကောက်ယူထားပြီး ရေသန့်စင်ကားများနှင့် ရေသယ်ယာဉ်များဖြင့် သောက်သုံးရေ ဖြန့်ဝေပေးနိုင်ရေးအတွက် ကျေးရွာလူဦးရေ၊ ရေလိုအပ်ချက်၊ ရေအရင်းအမြစ်၏ အကွာအဝေး၊ ဖြန့်ဝေရမည့် ရေဂါလန်ပမာဏနှင့် ကြာမြင့်ချိန်၊ စက်သုံးဆီကုန်ကျငွေများကို အချက်အလက်ခိုင်မာစွာ ကြိုတင်တွက်ချက်ထားကြရန် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းက တာဝန်ရှိသူများအား မှာကြားသည်။

ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်) နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ကြည့်ရှုစစ်ဆေး

 

နေပြည်တော် နိုဝင်ဘာ ၄

နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်သည် နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်စွာဦး၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်မျိုးနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (မြောက်ပိုင်း)ရှိ ဗဟိုလေ့ကျင့်ရေးကျောင်းသို့ရောက်ရှိပြီး ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်)နှင့် ဗဟိုလေ့ကျင့်ရေးကျောင်းမှ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

နေပြည်တော်ရှိ တပ်မတော်ဆေးရုံကြီးတွင် အကြိမ်(၁၅၀)မြောက်နှင့် အတွဲ ၃၀၀ ပြည့် ကျောက်ကပ်အစားထိုးခွဲစိတ်ကုသခြင်း အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့

 

နေပြည်တော် နိုဝင်ဘာ ၄

တပ်မတော်အနေဖြင့် နိုင်ငံတော်ကာကွယ်ရေးတာဝန်အပြင် နိုင်ငံ့အကျိုးပြုလုပ်ငန်းများ၊ ပြည်သူ့အကျိုးပြုလုပ်ငန်းတာဝန်များ၊ ပြည်သူများ၏ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများကို တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် လိုအပ်သောနေရာများတွင် အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံး၏ လမ်းညွှန်မှုဖြင့် နေပြည်တော်ရှိ အမှတ်(၂) တပ်မတော် ဆေးရုံကြီး (ခုတင်-၁၀၀၀)၌ အကြိမ်(၁၅၀)မြောက်နှင့် အတွဲ ၃၀၀ ပြည့် ကျောက်ကပ်အစားထိုးခွဲစိတ်ကုသခြင်းကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည်။

မြန်မာနိုင်ငံမှ မူးယစ်ပြစ်မှုဖြင့်အလိုရှိတရားခံပြေး တစ်ဦး ထိုင်းနိုင်ငံ ဗန်ကောက်မြို့ သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာလေဆိပ်၌ မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးအပ်

 


နေပြည်တော် နိုဝင်ဘာ ၄

မြန်မာနိုင်ငံတွင် မူးယစ်ပြစ်မှုကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်နေသူ တစ်ဦးအား ထိုင်းနိုင်ငံမှ ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းအား ဗန်ကောက်မြို့ရှိ သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာလေဆိပ်၌ မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

အဆင့်မြင့်ဉာဏ်ရည်တုနည်းပညာနှင့် ဉာဏ်ရည်တုအကူအညီဖြင့် တင်ပြချက်များ ပြင်ဆင်သည့် ကိရိယာအသုံးပြုနည်း သင်တန်းဖွင့်လှစ်


နေပြည်တော် နိုဝင်ဘာ ၄

ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာန၊ လုပ်ငန်းများတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများအနေဖြင့် ဉာဏ်ရည်တုနည်းပညာကို အသုံးပြု၍ လုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်နှင့် တင်ပြချက်များ ပိုမိုကောင်းမွန်စွာ ဖန်တီးနိုင်ရန်ရည်ရွယ်၍ မြန်မာစီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးများကွန်ရက်နှင့် ပူးပေါင်းဖွင့်လှစ်သည့် အဆင့်မြင့် ဉာဏ်ရည်တုနည်းပညာနှင့် ဉာဏ်ရည်တုအကူအညီဖြင့် တင်ပြချက်များ ပြင်ဆင်သည့်ကိရိယာ အသုံးပြုနည်းသင်တန်းဖွင့်ပွဲကို ယနေ့တွင် ရုံးအမှတ်(၃၀) အစည်းအဝေးခန်းမ၌ ကျင်းပသည်။