နေပြည်တော် နိုဝင်ဘာ ၄
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်သည် နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်စွာဦး၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်မျိုးနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (မြောက်ပိုင်း)ရှိ ဗဟိုလေ့ကျင့်ရေးကျောင်းသို့ရောက်ရှိပြီး ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်)နှင့် ဗဟိုလေ့ကျင့်ရေးကျောင်းမှ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်) ကျောင်းအုပ်ကြီးက
ဒီဂရီကောလိပ်ဆိုင်ရာ အချက်အလက်များကိုလည်းကောင်း၊ ဗဟိုလေ့ကျင့်ရေးကျောင်း ကျောင်းအုပ်ကြီးက
သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များကိုလည်းကောင်း ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက
လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ချီးမြှင့်ငွေများပေးအပ်ကာ ဗဟိုလေ့ကျင့်ရေးကျောင်းဝင်းအတွင်းရှိ
သင်တန်းခန်းမ၊ ကွန်ပျူတာစာသင်ခန်း၊ သင်တန်းသူအိပ်ဆောင်၊ ငွေနှင်းမှိုစိုက်ပျိုးထားရှိမှု၊
ပျိုးဥယျာဉ်၊ Green House များတွင်
ရာသီသီးနှံပင်များ စိုက်ပျိုးထားရှိမှု၊ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု
အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားသည်။
ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်ခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးသို့
ရောက်ရှိရာ ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူးက တည်ဆောက်လုပ်ရေးလုပ်ငန်းများ၊ ယန္တရားကြီးများနှင့်
ထောက်ပံ့ပစ္စည်းများထိန်းသိမ်းထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက
လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ဝန်ထမ်းများအား ချီးမြှင့်ငွေများပေးအပ်ကာ
ရုံးဝင်းအတွင်းရှိ ယာဉ်၊ ယန္တရားကြီးများ ကြံ့ခိုင်မှုနှင့်ထိန်းသိမ်းထားရှိမှု၊ ထောက်ပံ့ရေးပစ္စည်းများ
သိုလှောင်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း
သိရသည်။
သတင်းစဉ်

No comments:
Post a Comment