နေပြည်တော် နိုဝင်ဘာ ၄
တပ်မတော်အနေဖြင့် နိုင်ငံတော်ကာကွယ်ရေးတာဝန်အပြင် နိုင်ငံ့အကျိုးပြုလုပ်ငန်းများ၊ ပြည်သူ့အကျိုးပြုလုပ်ငန်းတာဝန်များ၊ ပြည်သူများ၏ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများကို တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် လိုအပ်သောနေရာများတွင် အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံး၏ လမ်းညွှန်မှုဖြင့် နေပြည်တော်ရှိ အမှတ်(၂) တပ်မတော် ဆေးရုံကြီး (ခုတင်-၁၀၀၀)၌ အကြိမ်(၁၅၀)မြောက်နှင့် အတွဲ ၃၀၀ ပြည့် ကျောက်ကပ်အစားထိုးခွဲစိတ်ကုသခြင်းကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည်။
အဆိုပါ ခွဲစိတ်ကုသမှုကို အမှတ်(၂)တပ်မတော် ဆေးရုံကြီး(ခုတင်-၁၀၀၀)မှ ဆီးနှင့် ကျောက်ကပ်ကုသမှုနှင့်
ခွဲစိတ်ကုပါရဂူများ၊ နှလုံးနှင့်သွေးကြောခွဲစိတ်ကုသမှုပါရဂူများ၊ မေ့ဆေးပါရဂူများ၊
အထူးကြပ်မတ်ကုသမှုပါရဂူများနှင့် ကျွမ်းကျင်သူနာပြုများ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ခွဲစိတ်ကုသရာတွင် တပ်မတော်ဆေးတပ်ဖွဲ့မှ ဆေးကုသရေးအဖွဲ့
ပါရဂူကြီးများနှင့် တာဝန်ရှိသူအသီးသီးက စိတ်ရင်းစေတနာပြည့်ဝစွာ ဆောင်ရွက်ခဲ့ကြသဖြင့်
ခွဲစိတ်ကုသမှု အောင်မြင်ပြီး လူနာနှင့် ကျောက်ကပ်အလှူရှင်များ၏ ခွဲစိတ်ပြီး ကျန်းမာရေးအခြေအနေမှာ
တိုးတက်ကောင်းမွန်လျက်ရှိကြောင်းနှင့် လိုအပ်သည့် ဆေးဝါးကုသပြုစုမှုများကို အချိန်နှင့်တစ်ပြေးညီ
ဆက်လက်ကုသပေးလျက်ရှိသည်။
ခွဲစိတ်ကုသပေး
ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသမှုများကို နေပြည်တော်၊ ရန်ကုန်၊
ပြင်ဦးလွင်၊ အောင်ပန်းမြို့တို့ရှိ တပ်မတော်ဆေးရုံများတွင် တပ်မတော်သားများ၊ မိသားစုဝင်များနှင့်
ဒေသခံပြည်သူများအား ခွဲစိတ်ကုသပေးခြင်းဆောင်ရွက်လျက်ရှိရာ ကျောက်ကပ်အစားထိုးခွဲစိတ်ကုသခြင်းကို
အမှတ်(၂)တပ်မတော် ဆေးရုံကြီး(ခုတင်-၁၀၀၀)၌ ၂၀၁၆ ခုနှစ် ဩဂုတ်
၈ ရက်တွင် ပထမဆုံးအကြိမ် စတင်ခွဲစိတ်ကုသပေးခဲ့ပြီး ယနေ့ခွဲစိတ်မှုအပါအဝင် အတွဲပေါင်း
၃၀၀ ပြည့်မြောက်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment