ခမောက်ကြီး ၊ ဖေဖေါ်ဝါရီ ၉ ရက်
တနင်္သာရီတိုင်းဒေသကြီး ၊ ကော့သောင်းခရိုင်
၊ ခမောက်ကြီးမြို့တွင် မြို့တွင်းလမ်းဖြစ်သည့် ကွက်သစ် ရပ်ကွက် ၊ ကံ့ကော်လမ်းအား ကျောက်ချောခင်းခြင်း
လုပ်ငန်းကို ဖေဖေါ်ဝါရီ ၇ ရက် နံနက်ပိုင်းမှ
စတင် ၍ မြေသားလမ်း မှ ကျောက်ချောခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်သည်။
အဆိုပါ ကျောက်ချောခင်းခြင်း လုပ်ငန်းလမ်း
အရှည်(၁)မိုင်အား မွေးမြူရေးနှင့် ရေလုပ်ငန်းဦးစီးဌာန ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် ခွင့်ပြုငွေ
ဖြင့် ဆောင်ရွက်ခြင်းဖြစ်ရာ လုပ်ငန်းများ ပြီးစီးပါက ကျောင်းသား/သူများ ၊ ရပ်ကွက် ပြည်သူများ၊
အဆင်ပြေလွယ်ကူစွာ သွားလာနိုင်ကြမည် ဖြစ်၍ မြို့နယ်အတွင်း လူမှုရေးစီးပွားရေး
၊ ပညာရေး ၊ ကျန်းမာရေး စားဝတ်နေရေး စသည့် ဖွံ့ဖြိုးတိုးတက်မှုများအား
များစွာ အထောက်အကူ ဖြစ်စေမည် ဖြစ်ရာဒေသခံ များ ၀မ်းသာလျှက်ရှိကြောင်း သိရသည်။
No comments:
Post a Comment