Home

Tuesday, February 10, 2015

ခမောက်ကြီးမြို့တွင် မြို့တွင်းလမ်းများ ကျောက်ချောခင်းခြင်း စတင်ဆောင်ရွက်

ခမောက်ကြီး ၊ ဖေဖေါ်ဝါရီ ၉ ရက်
တနင်္သာရီတိုင်းဒေသကြီး ၊ ကော့သောင်းခရိုင် ၊ ခမောက်ကြီးမြို့တွင် မြို့တွင်းလမ်းဖြစ်သည့် ကွက်သစ် ရပ်ကွက် ၊ ကံ့ကော်လမ်းအား ကျောက်ချောခင်းခြင်း လုပ်ငန်းကို ဖေဖေါ်ဝါရီ  ၇ ရက် နံနက်ပိုင်းမှ စတင် ၍ မြေသားလမ်း မှ ကျောက်ချောခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်သည်။


အဆိုပါ ကျောက်ချောခင်းခြင်း လုပ်ငန်းလမ်း အရှည်(၁)မိုင်အား မွေးမြူရေးနှင့် ရေလုပ်ငန်းဦးစီးဌာန ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် ခွင့်ပြုငွေ ဖြင့် ဆောင်ရွက်ခြင်းဖြစ်ရာ လုပ်ငန်းများ ပြီးစီးပါက ကျောင်းသား/သူများ ၊ ရပ်ကွက် ပြည်သူများ၊ အဆင်ပြေလွယ်ကူစွာ သွားလာနိုင်ကြမည် ဖြစ်၍ မြို့နယ်အတွင်း လူမှုရေးစီးပွားရေး ၊ ပညာရေး ၊ ကျန်းမာရေး  စားဝတ်နေရေး စသည့် ဖွံ့ဖြိုးတိုးတက်မှုများအား များစွာ အထောက်အကူ ဖြစ်စေမည် ဖြစ်ရာဒေသခံ များ ၀မ်းသာလျှက်ရှိကြောင်း သိရသည်။

No comments:

Post a Comment