Tuesday, February 10, 2015

တစ်နေ့ တန်(၂၀၀)ကျဆန်စက်နှင့် တစ်နေ့ တန်(၅၀၀)ကျ အအေးခန်းစက်ရုံ နေပြည်တော်တွင် တည်ဆောက် လျက်ရှိ

နေပြည်တော် ဖေဖော်ဝါရီလ (၁၀)ရက်
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင် သည် ယနေ့နံနက် (၇)နာရီတွင် ဇမ္ဗူသီရိမြို့ နယ် တဲကြီးကုန်းကျေးရွာအနီးရှိ နယူးဧရာ ကုမ္ပဏီ၏ ပုလဲသွယ်စပ်မျိုးစပါး F1 မျိုးစေ့ထုတ် တဆက်တစပ်တည်း ဧက(၁၀၀)





စိုက်ကွင်းနှင့်‌ ပျဉ်းမနားမြို့နယ်၊ မယ်ဇလီကုန်း‌ကျေးရွာအနီး၌ လာမည့်တောင်သူ လယ်သမားနေ့၌ အချိန်မီဖွင့်လှစ် ရန် မြန်မာ့ လယ်ယာစီးပွားရေး အများပိုင်ကော်ပိုရေးရှင်း (MAPCO)မှ တည်ဆောက် လျှက်ရှိသော တစ်နေ့တန်(၂၀၀)ကျ ခေတ်မီ ဆာတာကေး ဆန်စက် တည်ဆောက် ရေး လုပ်ငန်းခွင်သို့ရောက်ရှိပြီး ဆန်စက်တပ်ဆင်ပြီးစီးမှု အခြေအနေများ၊ စက်ရုံဝင်း အတွင်း တောင်သူ များအား ဝန်ဆောင်မှုပေးရန် ခေတ်မီ လယ်ထွန်စက်များနှင့် ကူဘိုတာ ရိတ်သိမ်းခြွေလှေ့ စက်များ ရောက် ရှိမှုအခြေအနေများကို ကြည့်‌ရှု စစ်ဆေးပြီး ယခုနှစ်နွေစပါးရာသီတွင် Contract Farming စနစ်ဖြင့် ဝယ်ယူကြိတ် ခွဲ နိုင်ရေး ဆောင်ရွက်ရန် လိုအပ်ချက်များကို တာဝန်ရှိသူများအား မှာကြားသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဥတ္တရသီရိမြို့နယ်ရှိ နယူးဧရာ စိုက်ပျိုးရေးကုမ္ပဏီ၏ တစ်နေ့ တန်(၅၀၀) ထိန်းသိမ်းသိုလှောင်နိုင်သော ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ အအေးခန်းစက်ရုံသို့ ရောက်ရှိ ကြပြီး အအေးခန်းစက်ရုံ ရာနှုန်းပြည့် တည်ဆောက်ပြီးစီးမှုနှင့် ပုလဲသွယ် စပ်မျိုးစပါး မျိုးစေ့များအား သန့်စင်ရန် မျိုးစေ့သန့်စင် စက်(၂စီး) ရောက်ရှိမှုများကို ကြည့်‌ရှုစစ်ဆေး၍ (၆၈)ကြိမ်မြောက် ပြည်ထောင်စု နေ့အား ဂုဏ်ပြု ကြိုဆို သောအားဖြင့် ဖွင့်လှစ်ရန် အသင့်ဖြစ်နေမှုကို စက်ရုံအနီး စိုက်ကွင်းအတွင်း စိုက်ပျိုးထားသော နှင်းဆီပန်းစိုက်ခင်း၊ စင်တင်ကြက်ဟင်းခါးသီးစိုက်ခင်း၊ စပ်မျိုးခရမ်းသီး စိုက်ခင်း၊ ခဝဲသီး စိုက်ခင်း၊ ဗူးသီး စိုက်ခင်း၊ နာနတ်သီးစိုက်ခင်း၊ နေကြာသီးနှံစိုက်ခင်းများကို ကြည့်‌ရှုစစ်ဆေးသည်။

No comments:

Post a Comment