Tuesday, February 10, 2015

လောင်းလုံးမြို့နယ်အတွင်းရှိ အခြေခံသမ၀ါယအသင်းများအား စာရင်းဇယား(၈)မျိုးရေးသွင်းနည်း သင်တန်း

လောင်းလုံး                 ဖေဖေါ်ဝါရီ ၉
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်းရှိ အခြေခံသမ၀ါယ အသင်းများအား စာရင်းဇယား(၈)မျိုး ရေးသွင်းနည်း သင်တန်းဖွင့်ပွဲကို ယနေ့နံနက်(၁၀)နာရီအချိန် မြို့နယ် သမ၀ါယမဦးစီးဌာန ရုံးခန်းမတွင် ဖွင့်လှစ်ကြောင်း သိရှိရသည်။

သင်တန်းသို့ တိုင်းဒေသကြီး သမ၀ါယမဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မိုးတင့်၊ တိုင်းဒေသကြီး သမ၀ါယ အသင်းစု ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး၊ မြို့နယ်ဦးစီးအရာရှိနှင့် ၀န်ထမ်းများ၊ အခြေခံ သမ၀ါယမအသင်း (၁၄)သင်းမှ အမှုဆောင်များ၊ သင်တန်းသားများ စုစုပေါင်း(၃၀)ဦးတက်ရောက်သည်။

အဆိုပါ သင်တန်းတွင် အခြေခံသမ၀ါယ အသင်းများ၌ ထားရှိရမည့် စာရင်းဇယား(၈)မျိုး ရေးသွင်းထားရှိနည်းနှင့် ချေးငွေ မှတ်တမ်း စာရင်းဇယား ရေးသွင်းခြင်းအား ပို့ချပေးခဲ့ပြီး ဖေဖေါ်ဝါရီလ(၉) ရက်နေ့မှ (၁၃)ရက်နေ့အထိ သင်ကြားပို့ချ ပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment