Saturday, October 18, 2025

၂၀၂၅ ခုနှစ် (၁၄)ကြိမ်မြောက် ပါဝင်ယှဉ်ပြိုင်မည့် မြန်မာကျောင်းသားအားကစားအဖွဲ့ကို သွားရောက်အားပေး အာဆီယံကျောင်းသားအားကစားပြိုင်ပွဲ

 

နေပြည်တော် အောက်တိုဘာ ၁၇

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် ဒုတိယဝန်ကြီးဦးနေမျိုးလှိုင်နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ Naypyitaw State Academy ခေတ္တပါမောက္ခချုပ်တို့နှင့်အတူ လယ်ဝေးမြို့နယ်ရှိ လေ့ကျင့်ရေးအားကစားကွင်းတွင် (၁၄)ကြိမ်မြောက် အာဆီယံကျောင်းသားအားကစားပြိုင်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ရန် လေ့ကျင့်မှုများ ဆောင်ရွက်နေသည့် မြန်မာကျောင်းသားအားကစားအဖွဲ့အား သွားရောက်တွေ့ဆုံ အားပေးသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း ငလျင်ဘေးဒဏ်သင့်နေရာများတွင် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် စေတနာရှင်၊ အလှူရှင်များက အလှူငွေများပေးအပ်

 

မန္တလေး အောက်တိုဘာ ၁၇

မန္တလေးတိုင်းဒေသကြီးအတွင်း ငလျင်ဘေးဒဏ်သင့်နေရာများတွင် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် စေတနာရှင်၊ အလှူရှင်များက အလှူငွေများကို ယနေ့မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးသို့ လာရောက်ပေးအပ်လှူဒါန်းသည်။

Academic Diplomacy and International Studies: Prospects for Russia and Myanmar ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကျင်းပ

 

ရန်ကုန် အောက်တိုဘာ ၁၇

မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့က ကြီးမှူးကျင်းပသည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်တက္ကသိုလ်မှ Deputy Dean ဖြစ်သူ Mr. Dmitry Baryshnikov က Academic Diplomacy and International Studies: Prospects for Russia and Myanmar ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဒုတိယဝန်ကြီးဒေါ်နုမြဇံ မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံအမတ်ကြီး H.E. Mr. Iskander Azizov အား လက်ခံတွေ့ဆုံ

 

ရန်ကုန် အောက်တိုဘာ ၁၇

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် ရန်ကုန်မြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး H.E. Mr. Iskander Azizov အား ယနေ့မွန်းလွဲပိုင်းတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန အမျိုးသားပြတိုက်(ရန်ကုန်)၌ လက်ခံတွေ့ဆုံသည်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့၌ ကျင်းပသည့် (၈)ကြိမ်မြောက် ရုရှားစွမ်းအင် ရက်သတ္တပတ် အပြည်ပြည်ဆိုင်ရာဖိုရမ်သို့ ပြည်ထောင်စုဝန်ကြီးဦးကိုကိုလွင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်

 

နေပြည်တော် အောက်တိုဘာ ၁၇

စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ၏အကြံပေးဖြစ်သူ ဖိုရမ်ကျင်းပရေးကော်မတီ အမှုဆောင်အတွင်းရေးမှူး Mr. Anton Kobyakov ၏ ဖိတ်ကြားမှုအရ အောက်တိုဘာ ၁၅ ရက်မှ ၁၇ ရက်အထိမော်စကိုမြို့၌ ကျင်းပပြုလုပ်သည့် (၈)ကြိမ်မြောက် ရုရှားစွမ်းအင်ရက်သတ္တပတ် အပြည်ပြည်ဆိုင်ရာဖိုရမ် Russia Energy Week International Forum (REW) သို့ တက်ရောက်သည်။