Tuesday, November 10, 2026

ဉာဏ်ရည်တုနည်းပညာသုံး သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု

 ပါမောက္ခဒေါက်တာမျိုးခိုင် (ကွန်ပျူတာတက္ကသိုလ်)

ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုနှင့် သဘာဝဖြစ်စဉ်များကြောင့် ဖြစ်ပေါ်လာသော နောက်ဆက်တွဲဆိုးကျိုးများကို နှစ်စဉ်နှင့်အမျှ တိုးမြှင့်ခံစားလာကြရပါသည်။ ကြိုတင်ခန့်မှန်းရခက်ခဲပြီး အင်အားပြင်းထန်လှသော မုန်တိုင်းများ၊ ရုတ်တရက်ကျရောက်လာသည့် ရေကြီးရေလျှံမှုများ၊ တောင်ပြိုမြေပြိုမှုများ၊ ငလျင်လှုပ်ခတ်မှုများနှင့် လူ့ပတ်ဝန်းကျင်ကို ခြိမ်းခြောက်နေသော တောမီးလောင်ကျွမ်းမှုများက ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်နှင့် အခြေခံအဆောက်အအုံများကို ခဏတာအတွင်း ဖျက်ဆီးပစ်လေ့ရှိပါသည်။

ရန်ကုန်မြို့ ပြည်သူ့ဆေးရုံကြီးများ၊ ဆေးတက္ကသိုလ်(၂)ရန်ကုန်၊ ဆေးဝါးတက္ကသိုလ်-ရန်ကုန် ကြည့်ရှုစစ်ဆေး

 


နေပြည်တော် နိုဝင်ဘာ ၉

မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးအရေးပေါ်နှင့် အထူးကုပြင်ပလူနာကုသမှု၊ အထူးကြပ်မတ် ကုသဆောင်နှင့် အတွင်းလူနာဆောင်များထားရှိမှုကို ယနေ့ နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းလှည့်လည် ကြည့်ရှုစစ်ဆေးပြီး ဆေးရုံဥပဓိရုပ်ကောင်းမွန်ရေး၊ သန့်ရှင်းသာယာ လှပရေးနှင့် ဆေးကုသမှုအရည် အသွေး ပိုမိုတိုးတက်ကောင်းမွန် စေရေး ဆွေးနွေးမှာကြား၍ ကျန်းမာရေးစောင့်ရှောက်မှုခံယူကြသည့် ပြည်သူများနှင့် တာဝန်ထမ်းဆောင်နေကြသည့်ကျန်းမာ ရေးဝန်ထမ်းများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

သုတေသနနှင့်သင်ကြားရေးသည် သီးခြားစီမဖြစ်ဘဲ ချိတ်ဆက်နေရမည်ဖြစ်ပြီး ဆရာ ဆရာမများ၏ သုတေသန စာတမ်းများသည် မိမိတို့သင်ကြားနေသော ဘာသာရပ်များနှင့် ဆက်စပ်မှုရှိစေရေး ပေါင်းစပ်ဆောင်ရွက်ရန် အရေးကြီး

 


နေပြည်တော် နို၀င်ဘာ ၉

သုတေသနနှင့် သင်ကြားရေးသည် သီးခြားစီမဖြစ်ဘဲ ချိတ်ဆက်နေရမည်ဖြစ်ပြီး ဆရာဆရာမများ၏ သုတေသနစာတမ်းများသည် မိမိတို့သင်ကြားနေသော ဘာသာရပ်များနှင့် ဆက်စပ်မှုရှိစေရေး ပေါင်းစပ်ဆောင်ရွက်ရန် အရေးကြီးပါကြောင်း ယနေ့နံနက်ပိုင်းက Naypyitaw State Academy ရှိ ဘက်စုံ သုံးခန်းမ၌ကျင်းပသည့် Naypyitaw State Academy စတင်တည်ထောင်သည့် လေးနှစ်ပြည့်အထိမ်းအမှတ် သုတေသန စာတမ်းဖတ်ပွဲ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးဒေါက်တာချောချောစိန်က ယင်းသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဆက်သွယ်ရေးစခန်းနှင့် စာတိုက်စခန်းများ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအောင် ကြည့်ရှုစစ်ဆေး


နေပြည်တော် နိုဝင်ဘာ ၉

ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအောင်သည် မန္တလေးမြို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတိုင်းဒေသကြီး မန်နေဂျာရုံး အစည်းအဝေးခန်းမ၌ နိုဝင်ဘာ ၇ ရက်တွင် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့်မြန်မာ့စာတိုက်လုပ်ငန်းတို့မှ ဝန်ထမ်းများနှင့် တွေ့ဆုံကာ လုပ်ငန်းများလက်ရှိ ဆောင်ရွက်နေမှု အခြေအနေ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ပတ်သက်၍တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ဖြည့်စွက်မှာကြားကာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ဆက်သွယ်ရေးစက်ခန်းများနှင့် မြန်မာ့စာတိုက်လုပ်ငန်း၏ မန္တလေး စာတိုက်ကြီးအား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

အစိုးရနည်းပညာကောလိပ်၊ အစိုးရစက်မှုလက်မှုသိပ္ပံနှင့် သက်မွေးပညာသင်တန်းကျောင်းများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 


နေပြည်တော် နိုဝင်ဘာ ၉

နိုင်ငံတော်၏ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့်စက်မှု၊ စိုက်ပျိုးရေး၊ MSME ကဏ္ဍများအတွက် လိုအပ်သည့် နည်းပညာရှင်နှင့် ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရေးအတွက်သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနရှိ အစိုးရနည်းပညာကောလိပ်များ၊ အစိုးရ စက်မှုလက်မှုသိပ္ပံများ၊ အစိုးရ နည်းပညာအထက်တန်း ကျောင်းများ၊ သက်မွေးပညာသင်တန်းကျောင်းများ၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဆရာအတတ်သင် ကောလိပ်/သိပ္ပံများနှင့် Naypyitaw Polytechnic Institute တို့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် အစိုးရစက်မှု လက်မှုသိပ္ပံ (နေပြည်တော်) အစည်းအဝေးခန်းမ၌ Hybrid စနစ်ဖြင့်ကျင်းပသည်။