နေပြည်တော် နို၀င်ဘာ ၉
သုတေသနနှင့် သင်ကြားရေးသည် သီးခြားစီမဖြစ်ဘဲ ချိတ်ဆက်နေရမည်ဖြစ်ပြီး ဆရာဆရာမများ၏ သုတေသနစာတမ်းများသည် မိမိတို့သင်ကြားနေသော ဘာသာရပ်များနှင့် ဆက်စပ်မှုရှိစေရေး ပေါင်းစပ်ဆောင်ရွက်ရန် အရေးကြီးပါကြောင်း ယနေ့နံနက်ပိုင်းက Naypyitaw State Academy ရှိ ဘက်စုံ သုံးခန်းမ၌ကျင်းပသည့် Naypyitaw State Academy စတင်တည်ထောင်သည့် လေးနှစ်ပြည့်အထိမ်းအမှတ် သုတေသန စာတမ်းဖတ်ပွဲ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးဒေါက်တာချောချောစိန်က ယင်းသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက
Naypyitaw State Academy သည် နေပြည်တော်၏ တက္ကသိုလ်တစ်ခုဖြစ်ပြီး ရန်ကုန်တက္ကသိုလ်နှင့်
မန္တလေးတက္ကသိုလ်တို့ကဲ့သို့ပင် ဦးဆောင်ဦးရွက်ပြု ရမည့်တက္ကသိုလ်ဖြစ်ပါကြောင်း၊ ၂၀၂၂
ခုနှစ်တွင် စတင်တည်ထောင်စဉ်က အဆောက်အအုံအနည်းငယ်သာ ရှိခဲ့သော်လည်း ယခုအခါတက္ကသိုလ်၏
အင်္ဂါရပ်များ နှင့်အညီ ပြည့်စုံစွာ ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီဖြစ်ပါ ကြောင်း၊ ခေတ်မီအားကစားရုံနှင့်
အားကစားပစ္စည်း များပါဝင်သည့် အပန်းဖြေရိပ်သာ (Recreation Center) ကို ဖွင့်လှစ်နိုင်ခဲ့ပြီး
လေ့ကျင့်မည့် တက္ကသိုလ်ကျောင်းသား ကျောင်းသူများသည် အားကစားပြိုင်ပွဲ များတွင် ထူးချွန်ဆုများရရှိရေး
ကြိုးစားကြရန် လိုအပ်ပါကြောင်း၊ ဆရာ ဆရာမများအနေဖြင့် ပညာရပ်ပိုင်းဆိုင်ရာနှင့် သုတေသနများတွင်ပါ ထူးချွန်ထက်မြက်ရန် လိုအပ်ပါကြောင်း၊
သုတေသနလုပ်ငန်းသည်ဆရာ ဆရာမများအတွက် အမြဲတမ်း ဆောင်ရွက်ရမည့် လုပ်ငန်းပင်ဖြစ်သဖြင့်
မိမိတို့ပြုလုပ်သည့် သုတေသနစာတမ်းများသည် နိုင်ငံတော် ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို
အဓိကအထောက်အကူပြုသည့် သုတေသနများဖြစ်ရန် လိုအပ်ပါကြောင်းပြောကြားသည်။
ထို့ပြင် Naypyitaw State Academy ပါမောက္ခချုပ်က
စာတမ်းဖတ်ပွဲကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး သုတေသန စာတမ်းရှင်များက
သုတေသနစာတမ်းများကို ဖတ်ကြားကြသည်။
ယနေ့ကျင်းပသည့် Naypyitaw State
Academy စတင်တည်ထောင်သည့် လေးနှစ်ပြည့် အထိမ်း အမှတ် သုတေသနစာတမ်းဖတ်ပွဲအခမ်းအနားတွင်
အထူးပြုဘာသာရပ် ၁၄ ခုမှ ကျောင်းသား ကျောင်းသူ များ၏ Project စာတမ်း ၁၁ ခုနှင့် ဆရာဆရာမများ၏
သုတေသနစာတမ်း ၁၁ စောင် စုစုပေါင်းစာတမ်း ၂၂ စောင်ကို ဖတ်ကြားတင်ပြ ဆွေးနွေးခဲ့ကြကြောင်း
သိရသည်။
သတင်းစဉ်

No comments:
Post a Comment