Wednesday, August 26, 2026

ဒုတိယသမ္မတ ဦးညိုစော မြန်မာနိုင်ငံဆိုင်ရာ ဆော်ဒီအာရေဗျနိုင်ငံ သံအမတ်ကြီး H.E. Mr. Maziad Mohammed Maziad M. Alhowishan အား လက်ခံတွေ့ဆုံ


 

နေပြည်တော် ဩဂုတ် ၂၆

ဒုတိယသမ္မတ ဦးညိုစောသည် မြန်မာနိုင်ငံဆိုင်ရာ ဆော်ဒီအာရေဗျနိုင်ငံ သံအမတ်ကြီး H.E. Mr. Maziad Mohammed Maziad M. Alhowishan အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး ဧည့်တွေ့ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တပ်မတော်စစ်ကြောင်းများက ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သူသုံးဦးအား လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ

 နေပြည်တော် ဩဂုတ် ၂၆

ကမ္ဘာလုံးဆိုင်ရာလူမှုစီးပွားနယ်ပယ်နှင့် အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်လျက်ရှိသည့် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ပပျောက်စေရေးအတွက် နိုင်ငံတော်အစိုးရအနေဖြင့် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် အင်တိုက်အားတိုက်ဆောင်ရွက်လျက်ရှိရာ အထူးသဖြင့် နယ်စပ်ဒေသများတွင်အခြေပြုပြီး လုပ်ကိုင်နေမှုများကို ထိထိရောက်ရောက် ရှာဖွေဖော်ထုတ်တိုက်ဖျက်နေသကဲ့သို့ ပြည်တွင်း၌ ကျူးလွန်နေသူများကိုလည်း ပြင်းပြင်းထန်ထန်ဖမ်းဆီးအရေးယူခြင်းများ ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ အရှိန်အဟုန်ဖြင့် တက်ကြွစွာဆောင်ရွက်လျက်ရှိရာ တပ်မတော်စစ်ကြောင်းများက ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သူသုံးဦးအား လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ထပ်မံဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည်။

(၁၉)ကြိမ်မြောက် တပ်ဖွဲ့တွင်း အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့် မျက်လှည့်ပြိုင်ပွဲဖွင့်ပွဲပြုလုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး တက်ရောက်အမှာစကားပြောကြား

 


နေပြည်တော် ဩဂုတ် ၂၆

မြန်မာ့ရိုးရာယဉ်ကျေးမှုအနုသုခုမပညာရပ်များကို မတိမ်ကော၊ မပပျောက်အောင် ဆက်လက် ထိန်းသိမ်းစောင့်ရှောက်ရန်၊ အနုသုခုမပညာရပ်များမှတစ်ဆင့် နိုင်ငံသားတိုင်း၏နှလုံးသား၌ ဇာတိသွေး၊ ဇာတိမာန်များကိုအရင်းခံသည့် မျိုးချစ်စိတ်များပွင့်လန်းရှင်သန်စေရန်နှင့် မိမိတို့တပ်ဖွဲ့များ၏ အနုပညာအရည်အသွေးများ မှန်မှန်ကန်ကန် တိုးတက်ဖြစ်ထွန်းလာအောင် ဝါရင့်၊ သမ္ဘာရင့် အနုပညာရှင်၊ အတတ်ပညာရှင်ကြီးများထံမှ စစ်မှန်သည့်အနုပညာအမွေအနှစ်များကို မျိုးဆက်သစ်ပညာရှင်များဖြစ်စေရန် ရည်ရွယ်ကျင်းပပြုလုပ်သည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး၏ (၁၉)ကြိမ်မြောက် တပ်ဖွဲ့တွင်း အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့်မျက်လှည့် ပြိုင်ပွဲဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်စစ်ကြောရေးနှင့် တည်းခိုရေးစခန်းရှိ ဆင်ဖြူရှင်ခန်းမ၌ ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး တက်ရောက်ချီးမြှင့်သည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး လာရောက်ဂါရဝပြုတွေ့ဆုံ

 

နေပြည်တော် ဩဂုတ် ၂၆

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E. Le Hoai Trung ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ၏ဧည့်ဆောင်တော်၌ လာရောက်ဂါရဝပြုတွေ့ဆုံသည်။

Professional Coffee Athletics competition set for 18-21 Sept in Yangon

 


THE Professional Coffee Athletics (PCA) competition, anticipated by baristas and coffee lovers, will take place from 18 to 21 September at Kan Thar Yar Centre in Yangon, running daily from 9 am to 5 pm.

Myanmar deports 5 undocumented foreign entrants

 

MYANMAR deported three Indians and two Malaysians, totalling five individuals, involved in telecom fraud and other criminal activities in Kayin State via the Myanmar-Thailand Friendship Bridge II yesterday.

Tatmadaw families plant saplings at fourth monsoon tree-growing activities

 


COMMANDER-IN-CHIEF of Defence Services General Ye Win Oo planted a teak sapling at the fourth monsoon tree-growing ceremony for 2026 of the families of the Office of the Commander-in-Chief (Army, Navy and Air) near Yezin Dam in Zeyathiri Township yesterday morning.

ME to extend passports on 29 Aug for workers with expiring permits

THE Embassy of the Republic of the Union of Myanmar has announced that consular services will be available on 29 August, Saturday, for official Myanmar migrant workers in Malaysia whose work permits are nearing expiration.

MSWRR Dy Minister receives SCI Asia delegation

 


DEPUTY Minister for Social Welfare, Relief and Resettlement Dr Thant Zaw Lwin received a delegation led by Mr Arshad Mehmood Malik, Regional Director for Asia at Save the Children International (SCI), at the Ministry’s meeting room yesterday afternoon.

MTSH, GCLSI to jointly develop 200-MW solar power project in Myanmar

 


YANGON Stock Exchange-listed Myanmar Thilawa SEZ Holdings Public Co Ltd (MTSH) will jointly implement a 200-megawatt solar power project with GCL System Integration Technology Co Ltd (GCLSI), a subsidiary of Hong Kong-based GCL Group, according to an MTSH statement.

UMTA, Visit Indochina to strengthen Myanmar–Vietnam tourism cooperation

THE Union of Myanmar Travel Association (UMTA) and Visit Indochina jointly organized a five-day, four-night Da Nang-Hue-Hoi An familiarization trip (famtrip), during which discussions were held on further strengthening Myanmar-Vietnam tourism cooperation, according to UMTA.

Boosting Local Production, Exports to Drive Economic Growth

 

Unnecessary checkpoints along transit routes must be reduced, alongside strict measures to prevent illegal trade to ensure the swift and smooth flow of goods, said President of the Republic of the Union of Myanmar U Min Aung Hlaing at the Union Government meeting at the President’s Office in Nay Pyi Taw yesterday afternoon.

ရေကြီးနစ်မြုပ်မှုဘေးဒဏ်ခံခဲ့ရသည့် ငါးမွေးမြူကန်များ ပြန်လည်မွေးမြူနိုင်ရန် လိုက်နာရမည့်အချက်များ


 

၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်း (အမျိုးသား/အမျိုးသမီး) နှစ်ယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲအုပ်စုပတ်လည် နောက်ဆုံးပွဲစဉ်များနှင့် ကွာတားဖိုင်နယ်ပွဲစဉ်များ ဆက်လက်ကျင်းပ

 

နေပြည်တော် ဩဂုတ် ၂၅

၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်ပိုက်ကျော်ခြင်းပြိုင်ပွဲကို နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ အားကစားရုံ (A) ၌ ဩဂုတ် ၂၄ရက် မှ စက်တင်ဘာ ၂ ရက်အထိ ၁၀ ရက်ကြာ ကျင်းပလျက်ရှိရာ ယနေ့တွင် (အမျိုးသား/အမျိုးသမီး) နှစ်ယောက်တွဲအဖွဲ့လိုက်ပြိုင်ပွဲ အုပ်စုပတ်လည်နောက်ဆုံးပွဲစဉ်များကို ယှဉ်ပြိုင်ကစားခဲ့သည်။

အာဆီယံ Hyundai Cup ဗိုလ်လုပွဲ ဒုတိယအကျော့အဖြစ် ဗီယက်နမ်နှင့် ထိုင်းအသင်းယှဉ်ပြိုင်မည်


 ရန်ကုန် ဩဂုတ် ၂၅

ဩဂုတ် ၂၆ ရက်(ယနေ့)တွင် ဗီယက်နမ်နိုင်ငံ၌ ယှဉ်ပြိုင်ကစားမည့် အာဆီယံ Hyundai Cup 2026 ဗိုလ်လုပွဲ ဒုတိယအကျော့ ပွဲစဉ်အဖြစ် ဗီယက်နမ်နှင့်ထိုင်းအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

လက်ရက်ကန်းနှင့် သဘာဝဆိုးဆေးအထည်များပြပွဲ ကျင်းပမည် Open configuration options

 ရန်ကုန် ဩဂုတ် ၂၅

သဘာဝဆိုးဆေးနှင့် လက်ရက်ကန်းအထည်ပြုလုပ်မှုအဆင့်ဆင့်ကိုလေ့လာနိုင်မည့် အထူးပြပွဲကို ဩဂုတ် ၂၈ ရက်မှ ၃၁ ရက်အထိ Yangon City Mall St. John ကျင်းပသွားမည်ဖြစ်ကြောင်း Stallion Goddess မှ ထုတ်ပြန်ထားသည်။

အနေဝေးသော်လည်း သွေးမဝေးသည့် ယုံကြည်စိတ်ချအားထားရသော ကာလရှည်မိတ်ဖက်နိုင်ငံ

 

(ယမန်နေ့မှအဆက်)

ဘယ်လာရုစ်သမ္မတနိုင်ငံ မင့်စ်မြို့တွင် တရားဝင်ခရီးစဉ်ရောက်ရှိခဲ့သည့် နိုင်ငံတော်သမ္မတသည် ဘယ်လာရုစ်နိုင်ငံမှ နောက်နေ့နံနက်တွင် ပြန်လည်ထွက်ခွာမည်ဖြစ်၍ ဩဂုတ် ၂၁ ရက်နေ့ ဒေသစံတော်ချိန် ည ၇ နာရီ ၁၅ မိနစ်တွင် ဘယ်လာရုစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံးမိသားစုများနှင့် သင်တန်းသားများအား Double Tress by Hilton ဟိုတယ်၌ တွေ့ဆုံအမှာစကားပြောကြားခဲ့သည်။ ဘယ်လာရုစ်နိုင်ငံမှ မထွက်ခွာမီ အဝေးတစ်နေရာတွင် ရောက်ရှိနေသည့် သားသမီးများအား မိဘက သွန်သင်ဆုံးမလမ်းညွှန်ပြသအားပေးစကား ပြောကြားသကဲ့သို့ ဘယ်လာရုစ်နိုင်ငံတွင် ရောက်ရှိနေသည့် ဝန်ထမ်းများနှင့် သင်တန်းသားများအား သိရှိမှတ်သားလိုက်နာဆောင်ရွက်ရန်အချက်များကို နိုင်ငံတော်သမ္မတက လမ်းညွှန်မှာကြားခဲ့သည်။

(၇၉)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် “လှပသာယာ ပြည်မြန်မာ” ရောင်စုံဓာတ်ပုံပြိုင်ပွဲ ဖိတ်ခေါ်

 နေပြည်တော် ဩဂုတ် ၂၅

၂၀၂၇ ခုနှစ်၊ ဇန်နဝါရီ ရက်တွင် ကျရောက်မည့် (၇၉)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်ရောင်စုံဓာတ်ပုံပြိုင်ပွဲအား လှပသာယာပြည်မြန်မာခေါင်းစဉ်ဖြင့် ကျင်းပမည်ဖြစ်ပါသည်။ အဆိုပါ ပြိုင်ပွဲကို မည်သူမဆိုပါဝင်ယှဉ်ပြိုင်နိုင်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုနှင့်သာယာလှပမှုများ၊ တိုင်းရင်းသားများ၏စည်းလုံးညီညွတ်မှုများနှင့် ရိုးရာယဉ်ကျေးမှုများ၊ လွတ်လပ်ရေးကြိုးပမ်းမှု၏ ထင်ရှားသည့် သင်္ကေတ၊ နေရာဒေသနှင့် လူပုဂ္ဂိုလ်များစသည်တို့ကို ဖော်ညွှန်းရိုက်ကူးထားသောဓာတ်ပုံများဖြင့် ပါဝင်ယှဉ်ပြိုင်ရပါမည်။

ပြိုင်ပွဲဝင်ဓာတ်ပုံများသည် မြန်မာနိုင်ငံအတွင်းရိုက်ကူးထားသည့် ရောင်စုံဓာတ်ပုံများသာဖြစ်ရမည်။ မည်သည့်ကင်မရာအမျိုးအစားမဆို အသုံးပြုနိုင်ပါသည်။ ပြိုင်ပွဲဝင်ဓာတ်ပုံအရွယ်အစားမှာ ၁၀ လက်မ x ၁၅ လက်မအရွယ်အစားတစ်မျိုးတည်းသာ ပါဝင်ယှဉ်ပြိုင်ရန်နှင့် ပုံအရေအတွက် အကန့်အသတ်မရှိယှဉ်ပြိုင်နိုင်ပြီး Hard Copy နှင့် Soft Copy (CD)ကို တစ်ပါတည်းပူးတွဲပေးပို့ရပါမည်။ ဒီဂျစ်တယ် နည်းပညာဖြင့် ပြုပြင်ဖန်တီးထားသော ဓာတ်ပုံများနှင့် ပြည်တွင်း ပြည်ပဓာတ်ပုံပြိုင်ပွဲများတွင်  ဆုရခဲ့ဖူးသည့် ဓာတ်ပုံများ၊  ပုံနှိပ်ထုတ်ဝေပြီးသောဓာတ်ပုံများ၊ Website များတွင် အသုံးပြုပြီးသောဓာတ်ပုံများကို ပါဝင်ယှဉ်ပြိုင်ခွင့်မပြုပါ။ ပြိုင်ပွဲဝင်ဓာတ်ပုံများအား အများပြည်သူအကျိုးငှာပြပွဲများ၊ စာအုပ်စာစောင်များ၊ Website များ၊ လက်ကမ်းစာစောင်များ၊ သင်ခန်းစာပို့ချမှုများနှင့်ဗီဒီယိုများ၌ အသုံးပြုခြင်းကို သဘောတူခွင့်ပြုရမည်။ ပြိုင်ပွဲဝင်ဓာတ်ပုံများတွင် ပြိုင်ပွဲဝင်သူ အမည်၊ မှတ်ပုံတင်အမှတ်၊ နေရပ်လိပ်စာ၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ်၊ ဓာတ်ပုံ၏အကြောင်းအရာ၊ ရိုက်ကူးသည့်နေရာဒေသတို့ကို ဓာတ်ပုံများ၏နောက်ကျော၌ သီးခြားစက္ကူဖြင့်ရေးကပ်၍ ပူးတွဲပေးပို့ရမည်။ ကိုယ်တိုင်ရိုက်ကူးထားသောပုံဖြစ်ကြောင်း ကတိပြုချက်ပါရှိရမည်။

ပြိုင်ပွဲဝင်ဓာတ်ပုံများကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၃၁ ရက် ညနေ နာရီ နောက်ဆုံးထား၍ ညွှန်ကြားရေးမှူး (ထုတ်လုပ်) ထုတ်လုပ်ရေးဌာနခွဲ(ရန်ကုန်) ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အမှတ်(၂၂/၂၄)၊ ပန်းဆိုးတန်းလမ်း(အောက်) ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း ၀၁-၈၃၇၁၃၄၂၊ ၀၉- ၄၂၀၇၀၄၂၉၇ သို့ ဆက်သွယ်ပေးပို့ရမည်ဖြစ်ကြောင်းနှင့် ယင်းနေ့ထက်ကျော်လွန်၍ ပေးပို့လာသော ဓာတ်ပုံများအားပြိုင်ပွဲဝင်ဓာတ်ပုံအဖြစ် လက်ခံမည်မဟုတ်ကြောင်း သိရသည်။  

သတင်းစဉ်

နယ်စပ်များကိုကျော်လွန်သည့် မြန်မာ - ဘယ်လာရုစ် လူငယ်ချစ်ကြည်ရေး ပညာရေးခရီးစဉ်များ

 ဒေါက်တာဇော်ထွန်းအောင်(ပညာရေး)

လူငယ်သည် နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်ဖြစ်သည် ဤဆိုရိုးစကားသည် ယနေ့ခေတ်ကမ္ဘာ့ယှဉ်ပြိုင်မှုခေတ်တွင် ပိုမိုအဓိပ္ပာယ်ပြည့်ဝလာပါသည်။ နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု၊ တီထွင်ဆန်းသစ်နိုင်မှုနှင့် နိုင်ငံတကာယှဉ်ပြိုင်နိုင်စွမ်းတို့ကို ဆုံးဖြတ်ပေးသည့် အရေးပါဆုံးအရင်းအမြစ်မှာ သဘာဝသယံဇာတများမဟုတ်ဘဲ ပညာဗဟုသုတ၊ ကျွမ်းကျင်မှုနှင့် အမြင်ကျယ်သော လူ့စွမ်းအားအရင်းအမြစ်များပင် ဖြစ်ပါသည်။

ခေတ်အဆက်ဆက် ပြောင်းလဲလာသည့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အတွေးအခေါ်များ

 ကိုချင်း

နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်သည်ဟုဆိုရာတွင် နိုင်ငံ၏ဝင်ငွေ သို့မဟုတ် စုစုပေါင်းပြည်တွင်းထုတ်ကုန်(GDP) တိုးတက်လာခြင်းတစ်ခုတည်းကိုသာ ဆိုလိုခြင်းမဟုတ်ပေ။ ထုတ်လုပ်မှုစွမ်းအားမြင့်မားလာခြင်း၊ စက်မှုနှင့်ဝန်ဆောင်မှုကဏ္ဍများ ဖွံ့ဖြိုးလာခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်ခြင်း၊ လူ့အရင်းအနှီးနှင့်နည်းပညာတိုးတက်လာခြင်း၊ ဒေသအလိုက်ဖွံ့ဖြိုးမှုကွာဟချက်များ လျော့နည်းလာခြင်းနှင့် သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းရင်း ရေရှည်တည်တံ့သောစီးပွားရေးစနစ်တစ်ရပ် တည်ဆောက်နိုင်ခြင်းတို့ အားလုံးပါဝင်ပါသည်။