ရန်ကုန် နိုဝင်ဘာ ၁၈
MFF U-19 ဖူဆယ်လိဂ်ပြိုင်ပွဲ အပတ်စဉ် (၂၁) ပွဲစဉ်များကို ယနေ့တွင် ရန်ကုန်မြို့ရှိ MFF ဖူဆယ်ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ အဆင့်(၁)နေရာမှ MIU FCအသင်းက အဆင့်(၅)နေရာမှ Gold Dream အသင်းကို နှစ်ဂိုး - ဂိုးမရှိဖြင့် အနိုင်ရခဲ့ပြီး အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်ခဲ့သည်။
ယနေ့ယှဉ်ပြိုင်ခဲ့သည့် ပွဲစဉ်များတွင် အဆင့်(၂)
နေရာမှ Pacific Sun Far အသင်းက Burmese Warriors အသင်းကို ၂၄ဂိုး-နှစ်ဂိုး၊ အဆင့်(၃)နေရာမှ
YRG FC အသင်းက YCDC Dream Team အသင်းကို ငါးဂိုး- တစ်ဂိုး၊ JV FC အသင်းက United
City အသင်းကို လေးဂိုး-သုံးဂိုး၊ Royal Noka အသင်းက ရွှေပြည်သာယူနိုက်တက်ကို ငါးဂိုး-နှစ်ဂိုးနှင့်
ULAD FC အသင်းက မင်္ဂလာဒုံစီးတီးအသင်းကို ၂၁ဂိုး-သုံးဂိုးဖြင့် အသီးသီးအနိုင်ရခဲ့သည်။
အပတ်စဉ်(၂၁) ပွဲစဉ်များအပြီးတွင် MIU
FC က ၅၈ မှတ်၊ Pacific Sun Far နှင့် YRG FC တို့က ၅၅ မှတ်စီ၊ YCDC Dream Team က ၄၄
မှတ်၊ ULAD FC က ၃၉ မှတ်၊ Gold Dream က ၃၇ မှတ်၊ JV FC က ၂၇ မှတ်၊ United City နှင့်
Royal Nokaတို့က ၂၁ မှတ်စီ၊ ရွှေပြည်သာယူနိုက်တက်က ၁၁ မှတ်၊ မင်္ဂလာဒုံစီးတီးက ၃ မှတ်နှင့်
Burmese Warriors အသင်းက တစ်မှတ်ရရှိထားသည်။
နေမျိုး၊ ဓာတ်ပုံ-MFF

No comments:
Post a Comment